Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကြားဖြတ်အစိုးရတင်မြှောက်ကြောင်း သတင်းဖော်ပြခဲ့သည့် မွန်းတည့်နေဂျာနယ်ကို အစိုးရအရေးယူမည်

$
0
0
http://www.7daydaily.com/
 မွန်းတည့်နေဂျာနယ်တွင်ဖော်ပြခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီ အင်အားစုများကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း သတင်းသည်အစိုးရကို အကြည်ညိုပျက်စေပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးကိုထိခိုက်စေနိုင်သဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

ထို့ပြင် ကြားဖြတ်အစိုးရအဖြစ်တင်မြှောက်ကြောင်း အမှန်တကယ် စစ်ဆေးပေါ်ပေါက်ခဲ့ပါက ယင်း လုပ်ရပ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်နေသဖြင့် တည်ဆဲဥပဒေများဖြင့် အရေးယူခံရနိုင်သည်ဟု အစိုးရထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇူလိုင်လ ၇ ရက်နေ့နံနက်က မြို့တော်ခန်းမရှေ့တွင် MCDF (ဒီမိုကရေစီစဉ်ဆက်မပြတ်လှုပ် ရှားသူများ အင်အားစု)အဖွဲ့က လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ်ရွေးချယ်၍
ကြားဖြတ်အစိုးရအဖြစ် တင်မြှောက်ကြောင်း ထုတ်ပြန်ကြေညာမှုပြုလုပ်ခဲ့ကြောင်း ယင်းအဖွဲ့မှ ဦးကျော်လွင်ကပြောသည်။

အဆိုပါ ကြေညာချက်တွင် အချက်သုံးချက်ပါဝင်ပြီး ယနေ့အစိုးရသည် အလုပ်လက်မဲ့နှင့် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်သမားများ ပြဿနာ၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးတွင် ညံ့ဖျင်းမှုများရှိနေခြင်း၊ လယ်ယာမြေပြဿနာများကို မဖြေရှင်းပေးဘဲ ကိုယ်ကျိုးစီးပွားကိုသာ ကာကွယ်နေခြင်းတို့ကြောင့် လက်ကျန် ပြည်ထောင်စုအစိုးရ သက်တမ်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တိုင်းရင်းသားဒီမိုကရေစီအင်အားစုများကို
ကြားဖြတ်အစိုးရအဖြစ် ပြည်သူများကတင်မြှောက်လိုက်သည်ဟု ကြေညာချက်တွင်ဖော်ပြထားသည်။

အဆိုပါသတင်းကို မွန်းတည့်နေဂျာနယ်က ဇူလိုင် ၇ ရက်ထုတ်တွင် မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့ခြင်းဖြစ်ပြီး အစိုးရက ဇူလိုင် ၈ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှ ပြန်လည်တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>