Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

Facebook ပေါ်၌ အစိုးရ၏မူဝါဒများအား အကာအကွယ်ပေး ရေးသားနေသူအများစုမှာ ၀ါဒဖြန့်ချိရေး Account အတုများ ဖြစ်နေ

$
0
0
လူမှုကွန်ရက်ဝက်ဘ်ဆိုက် Facebook တွင် အစိုးရ၏မူဝါဒများ မှန်ကန်ကြောင်းနှင့် အစိုးရကို ထောက်ခံရေးသားပြောဆိုသူ အများစုမှာဝါဒဖြန့်ချိရေး Account အတုများ ဖြစ်နေကြောင်း Facebook ကို ပုံမှန်သုံးစွဲနေကြသူများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဝါဒဖြန့်ချိရေး Account များသည် အမည်ရင်း၊ Profile အမှန်ဖြင့် ရေးသားနေကြသူများမဟုတ်ဘဲ Account အတုများဖြင့် ၎င်းတို့၏ စာမျက်နှာများမှတစ်ဆင့် ဝါဒဖြန့်ချိခြင်း၊ သတင်းဌာနများ၏ Facebook Page များသို့ ဝင်ရောက်ပြီး အစိုးရကောင်းကြောင်း၊ မှန်ကန်ကြောင်း Comment များ ဝင်ရောက်ရေးသားပြီး ဝါဒဖြန့်ချိနေကြခြင်း ဖြစ်သည်။

အနီးစပ်ဆုံးသာဓကအနေဖြင့် ဇူလိုင် ၁ဝ ရက်က ယူနတီသတင်းထောက်များကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်လိုက်ခြင်းအား သတင်းဌာနကြီးများက ၎င်းတို့၏ Facebook Page များတွင် သတင်းတင်ပြခဲ့ရာ ထိုသတင်းအောက်၌ comment ဝင်ပေးခဲ့သူများ၏ ရေးသားချက်များက ဝါဒဖြန့်ချိရေး Account များ လွှမ်းမိုးနေသည်ကို တွေ့ရသည်။

“Facebook ပေါ်မှာ Profile မမှန်ဘဲနဲ့ account အတုတွေကို အများသဖြင့်လုပ်တာ တွေ့ရတာက အစိုးရနဲ့ပတ်သက်တယ်လို့ ယူဆရသူတွေ အာဏာပိုင်နဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့သူတွေက ဆိုက်ဝါးအဖြစ်သုံးဖို့အတွက် account အတုတွေ သုံးတာတွေ့ရတယ်။ ယူနတီသတင်းထောက်တွေ ပြစ်ဒဏ်ချခံရတဲ့သတင်းမှာ Profile မမှန်တဲ့သူတွေက ဒီကိစ္စကို ထောက်ခံတယ်ဆိုတဲ့သဘောက အစိုးရနဲ့အာဏာပိုင်အဖွဲ့အစည်းတွေကို Lobby လုပ်တဲ့ သဘောပဲ။ အစိုးရနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေဘက်က မှန်တယ်ဆိုတဲ့သဘောမျိုး လုပ်တာ”ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားသူ ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။

“တစ်ဖက်ကကြည့်ရင် မန္တလေးပဋိပက္ခကိစ္စမှာ အစိုးရကလည်းပြောပါတယ်။ ဆိုရှယ်မီဒီယာတွေက အမုန်းပွားစေတဲ့စကားတွေ၊ လှုံ့ဆော်တဲ့အရေးအသားတွေကို ထိန်းသိမ်းတယ်လို့ အစိုးရကလည်း တစ်ဖက်က ပြောတယ်။ အာဏာပိုင်ကလည်း တစ်ဖက်က ပြောတယ်။ အစိုးရရဲ့ ရပ်တည်ချက်ပေါ်မှာ အုံနဲ့ကျင်းနဲ့ထောက်ခံပြီးတော့ ဆိုက်ဝါးလုပ်လာတဲ့ account တွေကို ပြန်ကြည့်လိုက်တဲ့အခါကျတော့ Profile မမှန်တဲ့၊ ယာယီသုံးတဲ့ account တွေ ဖြစ်နေတာကို တွေ့ရတယ်”ဟု ဒေါက်တာရန်မျိုးသိမ်းက ဆက်လက်ပြောကြားသည်။

ယူနတီသတင်းထောက်များကို ချမှတ်လိုက်သည့် အမိန့်မှာ ပြင်းထန်လွန်းသည်ဟု အများပြည်သူက ဝေဖန်နေချိန်တွင် ဝါဒဖြန့်ချိသူ Facebook Account ပိုင်ရှင်များက အစိုးရ၏ အရေးယူမှုအပေါ် အားပေးထောက်ခံခဲ့ပြီး အစိုးရ၏ လုပ်ရပ်မှန်ကန်ကြောင်း၊ ပြစ်ဒဏ်နည်းလွန်းကြောင်း အစရှိသဖြင့် ရေးသားပြီး အစိုးရ၏ လုပ်ရပ်အပေါ် အကာအကွယ်ပေး ပြောဆိုဝါဒဖြန့်ချိခဲ့ကြသည်။

“မန္တလေးပဋိပက္ခမှာ ကျွန်တော်တို့ Facebook ကို သတိထားစောင့်ကြည့်ခဲ့ပါတယ်။ အမုန်းတရားတွေ၊ လှုံ့ဆော်မှုတွေရေးတဲ့ account ပိုင်ရှင်တွေဟာ Facebook Profile အစစ်တွေ မဟုတ်ပါဘူး။ လှုံ့ဆော်မှုတွေလုပ်ဖို့ account တွေဆောက်ထားတာလို့ ကျွန်တော်တို့ထင်ပါတယ်။ အခု ယူနတီသတင်းထောက်တွေ အမိန့်ချခံရတဲ့သတင်းမှာ ဒါကိုထောက်ခံတဲ့သူတွေကလည်း account အစစ်တွေမဟုတ်သလို ပြီးခဲ့တဲ့ မန္တလေးပဋိပက္ခမှာ လှုံ့ဆော်ခဲ့တဲ့ account တချို့ ပါလာတာကို တွေ့ရပါတယ်။ ဒီ Profile မမှန်တဲ့ account တွေက ယူနတီသတင်းထောက်တွေ ပြစ်ဒဏ်ချခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး လူထုက ထောက်ခံနေတယ်လို့ ထင်ယောင်ထင်မှားဖြစ်အောင် Facebook မှာ ရေးသားနေတာ ကျွန်တော်တို့ တွေ့ရပါတယ်။ ကျွန်တော် လေ့လာမိသလောက် ဒီလို account မျိုးတွေ ထောင်ဂဏန်းလောက်ထိရှိပါတယ်။ ဒီ account တွေအများစုက အစိုးရရဲ့ ပေါ်လစီတွေကို ထောက်ခံလေ့ရှိတာတွေ့ရပါတယ်”ဟု Eleven Media Group ၏ အွန်လိုင်းအယ်ဒီတာချုပ် ကိုဇော်ရဲနောင်က ပြောကြားသည်။

ထိုကဲ့သို့ အစိုးရ၏ လုပ်ဆောင်မှုအပေါ် အားပေးခဲ့ပြီး အစိုးရမူဝါဒများကို အစဉ်တစိုက် အားပေးထောက်ခံခဲ့သော ဝါဒဖြန့်ချိသူများ၏ Account များကို ပြန်လည်စိစစ်ရာ၌ ယင်း Account များသည် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခဖြစ်စဉ်များတွင် သွေးထိုးလှုံ့ဆော်ရေးသားမှုများ ပြုလုပ်နေသူ အများစုဖြစ်ကြောင်းတွေ့ရသည်။

၎င်းတို့သည်Eleven Media Group ၊ 7 Day ၊ ဧရာဝတီ၊ BBC Burmese အစရှိသော သတင်းဌာနများ၏ Facebook Page များတွင် အစိုးရ၏လုပ်ရပ်များ မှန်ကန်ကြောင်း၊ ထောက်ခံကြောင်းဖြင့် အစိုးရ၏ မူဝါဒများကို အကာအကွယ်ပေးပြောဆိုရေး သားလေ့ရှိသူ ရေးသားသူများမှာ အတူတူပင်ဖြစ်လေ့ရှိသည်။

အစိုးရအနေဖြင့် Facebook ပေါ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အချက်များကို လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုရေးသားချက်များ လျော့နည်းစေရန်အတွက် ၂၄ နာရီစောင့်ကြည့်စိစစ်ရန် Facebook ကုမ္ပဏီဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဆွေးနွေးနေသည်ဟုဆိုသော်လည်း Facebook တွင် ဝါဒဖြန့်ချိရေးသားနေသူ Account များ၏ ရာခိုင်နှုန်း ၇ဝ ခန့်မှာ အစိုးရကို အကာအကွယ်ပေး ဝါဒဖြန့်ချိရေးသားနေကြသူများ ဖြစ်နေသည်။
Eleven Media Group

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>