Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရွှေတိဂုံမှာ မြန်မာသတင်းသမားတွေ ဘာအတွက် ဆုတောင်းခဲ့ကြသလဲ(ရုပ်-သံ)

$
0
0

နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ဝနှစ် ချမှတ်ခံလိုက်ရတဲ့ Unity ဂျာနယ်ရဲ့ CEO နဲ့ သတင်းထောက် ၄ယောက် အမြန်ဆုံးလွှတ်မြောက်ရေး ရန်ကုန်မှာရှိတဲ့ သတင်းသမားတွေ ဇူလိုင် ၁၁ရက်နေ့မှာ ရွှေတိဂုံစေတီတော်မှာ ဆုတောင်းခဲ့ကြပါတယ်။

စတုတ္ထမဏ္ဍိုင် အရေးကြီးတယ်လို့ သမ္မတပြောခဲ့တုန်းက သတင်းမီဒီယာတွေ တကယ်ကို လွတ်လပ်ပြီလို့ ထင်ခဲ့ပေမယ့် လက်တွေ့မှာတော့ သတင်းသမားတွေကို ဖမ်းဆီးထောင်ချနေတာကြောင့် သမ္မတအနေနဲ့ သူ့စကားသူမမေ့ဖို့လိုသလို စကားတည်ဖို့လည်းလိုတယ်လို့ သမဂ္ဂဂျာနယ်က သတင်းထောက် မရွှေမှုန်က ပြောပါတယ်။

အများပြည်သူအတွက် ဆောင်ရွက်နေတဲ့ Unity သတင်းထောက်တွေ အမြန်ဆုံးလွတ်မြောက်လာဖို့အတွက် ဝါဆိုလပြည့်နေ့မှာ ရွှေတိဂုံစေတီတော်မှာ ငြိမ်းချမ်းစွာ ဆုတောင်းခဲ့ပြီး ငှက်တွေကိုလည်း လွှတ်ခဲ့ကြပါတယ်။ စာနယ်ဇင်းကောင်စီ၊ သတင်းစာဆရာများအသင်း၊ သတင်းထောက်များကွန်ရက်နဲ့ သတင်းသမားများသမဂ္ဂတို့နဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

ပုဒ်မ ၂(က)/၉နဲ့ ပခုက္ကူတရားရုံးက Unity ဂျာနယ် CEO နဲ့ သတင်းထောက် ၄ယောက် ဟာ ပေါက်မြို့နယ်အတွင်းက ဓာတုလက်နက်စက်ရုံအကြောင်း မျက်နှာဖုံးဆောင်းပါးရေးခဲ့လို့ နိုင်ငံတော် ထိပ်တန်းလျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ သမ္မတရုံးက တရားလိုအဖြစ် ဖမ်းဆီးအရေးယူခဲ့တာဖြစ်ပါတယ်။

ဒီလို သတင်းသမားတွေကို ထောင်၁ဝနှစ်စီ ချမှတ်လိုက်တာကို လုံးဝမကျေနပ်တဲ့အတွက် သူတို့တွေ အမြန်ဆုံးလွှတ်မြောက်ရေး မီဒီယာပိုင်းဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားမယ်လို့ 7 Day ဂျာနယ်က ကိုအောင်သူရက ပြောပါတယ်။

မြန်မာအစိုးရဟာ ပြီးခဲ့တဲ့ သတင်းပတ်အတွင်းကပဲ Bi မွန်းတည့်နေဂျာနယ်တိုက်ကို ဝင်ရောက်စီးနင်းပြီး အယ်ဒီတာအဖွဲ့နဲ့ သတင်းထောက် စုစုပေါင်း ၄ယောက်ကို ပုဒ်မ ၅ (ဃ) (ည)တွေနဲ့ ဖမ်းဆီးအရေးယူခဲ့ပါတယ်။
kamayut media

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>