Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သမ္မတနဲ့ အနုပညာရှင်တွေMPC မှာတွေ့ဆုံနေစဉ် အပြင်ဘက်မှာသတင်းမီဒီယာ ၅၀ ကျော်လောက်က ယူနတီသတင်းထောက်တွေကို ထောင်၁၀နှစ်ချခဲ့တာနဲ့ပတ်သက်ပြီးဆန္ဒထုတ်ဖော်နေ

$
0
0
မြန်မာ့ ငြိမ်းချမ်းရေးစင်တာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် နဲ့ အနုပညာရှင်များတွေ့ဆုံနေစဉ် ယူနတီဂျာနယ်မှ သတင်းထောက်များ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀နှစ်ချမှတ်ခံရတာနဲ့ပတ်သတ်ပြီး မြန်မာ့ငြိမ်းချမ်းရေးစင်တာ ရှေ့ တွင် သတင်းထောက်များဆန္ဒထုတ်ဖော်လျှက်ရှိနေ

ရန်ကုန်မြို့၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာ(Myanmar Peace Center) တွင် အနုပညာရှင်များနှင့်လာရောက်တွေ့ဆုံသော သတင်းသမားတချို့ကို ရဲတပ်ဖွဲ့ဝင်များက MPC အဆောက်အအုံတည်ရှိရာ ရွှေလီလမ်းတွင်းသို့ ၀င်ခွင့်မပေးဘဲ ပိတ်ဆို့ ထားခဲ့သဖြင့် ဦးဝီစာရ လမ်းမကြီးပေါ်တွင် ဆန္ဒပြခဲ့ကြောင်း၊MPC အဆောက်အအုံတည်ရှိရာ ရွှေလီလမ်းတွင်းတွင် ရှိနေသော သတင်းသမားများကလည်း MPC ဆိုင်းဘုတ်ရှေ့တွင် ကင်မရာနှင့် အသံဖမ်းစက်များကို လမ်းပေါ်သို့ချကာ ဆန္ဒပြခဲ့ကြောင်း၊ယင်းနောက် ရွှေလီလမ်းမှ သတင်းသမားများက ဦးဝီစာရ လမ်းပေါ်တွင် ဆန္ဒပြနေသော သတင်းသမားများနှင့် ပူးပေါင်းသွားကြောင်း၊ ဆန္ဒပြသတင်းသမားများသည် ပါးစပ်များကို တိပ်များနှင့်ကပ်၍ သတင်းလွတ်လပ်ခွင့် ဖိနှိပ်ခံခဲ့ရမှု သရုပ်ဖော်ကြကြောင်း၊ ကင်မရာနှင့်အသံဖမ်းစက်များအားလုံးကို လမ်းမပေါ်တွင် ချထားပြီး မီဒီယာဖိနှိပ်မှု ရပ် Stop Killing Press ဆိုသော အင်္ကျီများကို ၀တ်ဆင် ဆန္ဒပြခဲကြသည်။ (ဧရာဝတီ)
Author-နန်းလွင်
Kumudra
ကုမုဒြာဂျာနယ်

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>