Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ယူနတီသတင်းထောက်များ ထောင်ချခြင်း မီဒီယာလွတ်လပ်ခွင့်ထိခိုက်သည်ဟု မမြင်ကြောင်း ဦးရဲထွဋ်ပြော

$
0
0

ယူနတီဂျာနယ်အဖွဲ့ကို ထောင်ဒဏ် ဆယ်နှစ်အမိန့်ချခြင်းမှာ လက်နက်စက်ရုံအတွင်းသို့ အယောင်ဆောင်ခိုးဝင်ခြင်းနှင့် ဓာတ်ပုံရိုက်မှုတို့ကြောင့် အဓိက ဖြစ်ပြီး ယခုဖြစ်ရပ်များကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိခိုက်သည့်အဖြစ်ဟု မမြင် ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန ဒုဝန်ကြီးဦးရဲထွဋ်က ပြော ကြားသည်။

‘‘ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေ၊ အင်အားကြီးမားတဲ့ နိုင်ငံကြီးတွေကြားမှာနေရတဲ့ အခြေအနေတွေရှိတဲ့ နိုင်ငံတစ်ခု မှာ အမျိုးသားလုံခြုံရေးက ဘယ် လောက်အရေးကြီးတယ်ဆိုတာ သတင်းထောက်တွေ သိဖို့၊စာနာဖို့ လိုပါတယ်။ ယူနတီအနေနဲ့ တစ် ဆင့်ကြားသတင်းကို အခြေခံပြီး ရေးရုံသက်သက်ဆို ဒီလောက် မဖြစ်ဘူး။ စက်ရုံထဲအယောင် ဆောင်ဝင်လို့ ဖြစ်တာ။ အမေရိ ကန်လက်နက်စက်ရုံထဲခိုးဝင် ကြည့်ပါလား။ ဘာဖြစ်သွားမလဲ လို့။ လုပ်တဲ့လုပ်ရပ်က ထိရောက် ဟန့်တားတဲ့ ပြစ်ဒဏ်မချရင် ဘယ်လိုလုပ်မလဲဗျာ’’ဟု ဦးရဲထွဋ်က အီးမေးလ်မှတစ်ဆင့်ဖြေကြား သည်။

ယူနတီတွင် ဖော်ပြသကဲ့သို့ အမှတ်(၂၄)ကာကွယ်ရေးပစ္စည်း စက်ရုံမှာ ဓာတုလက်နက်စက်ရုံ လုံးဝမဟုတ်ဘဲ ရိုးရိုးလက်နက် ပစ္စည်းထုတ်သည့်စက်ရုံသာဖြစ် ကြောင်း ဦးရဲထွဋ်ကဆက်လက် ပြောကြားသည်။

‘‘အယောင်ဆောင်ပြီးဝင် တာမဟုတ်ပါဘူး။ အဲဒီနေရာက ရွာသူရွာသားတွေ မှတ်ပုံတင်ပြ ပြီး ၀င်လို့ရတဲ့နေရာ။ ကိုလူမော် တို့က အုတ်သယ်တဲ့ကားနဲ့ လိုက် သွားတာပါ။ သူတို့က လှည့်ပတ် ပြောနေတာ’’ဟု သတင်းထောက် ကိုလူမော်နိုင်၏ ဇနီးမလွင်လွင် မြင့်ကပြောသည်။

‘‘Bi မွန်းတည့်နေက ကြား ဖြတ်အစိုးရသတင်းကို ရေးတာ ဆန္ဒပြပွဲပြီးမှ ရေးတဲ့သတင်း မဟုတ်ဘူး။ အခမ်းအနားပြီးမှ ရေးတာက ပွဲလုပ်တဲ့သူမှာပဲ တာ ၀န်ရှိတယ်။ ဆန္ဒပြမယ့်နေ့မတိုင် ခင်ထွက်တဲ့ဂျာနယ်မှာ သတင်းကို ကြိုရေးတာဆိုတော့ ဒါက လှုံ့ ဆော်တဲ့သတင်းပဲဖြစ်မယ်။ ဒါ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နဲ့ ဆိုင်သွားပြီ’’ဟု ဦးရဲထွဋ်က ပြောသည်။

လက်ရှိတွင် Bi မွန်းတည့်နေ ဂျာနယ်အယ်ဒီတာအဖွဲ့နှင့် သတင်းရေးသားသူအပြင် ရုံးပိုင်းဆိုင်ရာတာဝန်ခံ ဦးစံတင်တို့ကိုပါ ဇူလိုင် ၁၀ရက်က ထပ်မံဖမ်းဆီး သွားခဲ့သည်။

ဦးရဲထွဋ်က အစိုးရဘက်မှ အမှားမရှိ၊ သတင်းလွတ်လပ်ခွင့် ကို ကန့်သတ်ခြင်းမရှိဘဲဥပဒေ ဘောင်ကို ကျော်လွန်လာ၍ အ ရေးယူခြင်းဟု ဆိုသော်လည်း ယင်းသတင်းများကြောင့် အစိုးရ နှင့် တပ်မတော်တွင် တစ်စုံတစ်ရာထိခိုက်နစ်နာမှုအကျိုးဆက်ကို မတွေ့ရကြောင်း မြန်မာဂျာနယ် လစ်ကွန်ရက်မှ အထွေထွေအ တွင်းရေးမှူး ဦးမြင့်ကျော်ကပြော သည်။
7 day daily

Viewing all articles
Browse latest Browse all 32865

Trending Articles