Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သမ္မတအား သတင်းထောက်များ ဆန္ဒပြသည့်အပေါ် အနုပညာရှင်တွေ ဘယ်လိုမြင်လဲ

$
0
0

ဇူလိုင်လ ၁၂ရက် နံနက်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)တွင် သမ္မတ ဦးသိန်းစိန်နှင့် အနုပညာရှင်များ တွေ့ဆုံပွဲကို သတင်းယူရန်သွားသည့် သတင်းထောက်များကို 'မီဒီယာဖိနှိပ်မှုရပ်'ဟူသော စာသားပါ
တီရှပ်များ ဝတ်ဆင်လာသည်ဟူသော အကြောင်းပြချက်ဖြင့် ဝင်ခွင့်မပေးခဲ့ပေ။

ယင်းသို့ ဝင်ခွင့်မပေးခြင်းနှင့် ယူနတီသတင်းဂျာနယ်မှ သတင်းထောက်လေးဦးနှင့် အမှုဆောင်အရာရှိချုပ်ကို ထောင်ဒဏ် ၁ဝနှစ် ချမှတ်ခြင်းအပေါ် ပြည်တွင်း၊ ပြည်ပ သတင်းဌာနများက သတင်းထောက်များက မြန်မာငြိမ်းချမ်းရေး စင်တာရှေ့နှင့်
စင်တာအနီး ဦးဝိစာရလမ်းမပေါ်တွင် ပါးစပ်ကို တိတ်ဖြင့်ပိတ်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆန္ဒထုတ်ဖော်ခြင်းနှင့် ပတ်သက်၍ တက်ရောက်လာသည့် အနုပညာရှင် အချို့၏အမြင်များကို မဇ္ဈိမသတင်းထောက်များက မေးမြန်းစုစည်းထားသည်။

ပန်းသီး
-----------------------
ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ သတင်းထောက်တွေ ထောင်ချတဲ့ ပြဿ နာကတော့ ကျွန်တော့ အမြင်နဲ့ ပြောရရင် များလွန်းတယ်၊ ဒါကတော့ ဥပဒေအရ နားမလည်ပေမယ့် မီဒီယာကို နှိပ်ကွပ်တယ်လို့တော့ ကျွန်တော်တို့ ယူဆတယ်၊ ဒါမျိုးတွေက ပွင့်လင်း
မြင်သာပြီလို့ ဒီမိုကရေစီ နိုင်ငံတော်ကို သွားနေတဲ့အချိန်မှာ အနှောင့်အယှက်
တစ်ခုပါပဲ၊ ဆူးညှောင့်တစ်ခုပဲ မဖြစ်သင့်ဘူး။

အနုပညာဝင်းနိုင်
------------------------------
ကျွန်တော်တို့ကတော့ အားလုံးသည် တန်းတူညီမျှစွာဖြင့် လွတ်လပ်ခြင်းကို ရရှိလိုကြတယ်၊ အဲ့အတွက်ကြောင့် အိမ်မှာရှိတဲ့ မိသားစုမှာ သားအငယ်က ငိုလွန်းလို့ အရိုက်ခံရတယ်၊ သားအလတ်ကတော့ လိမ္မာလွန်းလို့ မုန့်ကျွေးတယ်၊ ထိုနည်းတူစွာပဲပေါ့  အကြောင်းအရာ
တစ်ခုခုတော့ ရှိကောင်းရှိမယ် လို့တော့ ယူဆတယ်၊ အဲ့အတွက် ဘယ်သူမှန်တယ် မှားတယ်ဆိုတာကို ကျွန်တော်တို့ လုပ်ငန်းနဲ့ဖီလာဖြစ်နေလို့ အတိအကျတော့ ပြောလို
့မရဘူး။ မတရားတာတော့ ဘယ်သူမှ မကြိုက်ကြဘူး၊ မတရားဘူး၊ တရားတယ်ဆိုတာကို ကျွန်တော်တို့က ထဲထဲဝင်ဝင်မသိတော့ မပြောနိုင်တာ တစ်ခုပါပဲ၊ တကယ်လို့ ဒီဘက်က
ပြုလုပ်လိုက်တဲ့ အကြောင်းအရာသည် မှားယွင်းနေပါတယ်ဆိုရင် ကျွန်တော်တို့လည်း
မှန်တဲ့ ဘက်ကပဲ ရပ်မယ်၊ ဒါကတော့ထိုက်တန်လို့ ပေးတယ်ဆိုရင်တော့ ထိုက်တန်တဲ့ အကိုးအကားပြဆိုချက်တော့ လိုမယ်ထင်တယ်၊ ဒါမှလည်း အားလုံးပြောနေတဲ့ ပွင့်လင်းမြင်သာမှုဆိုတာကို ဆိုလိုတာ ဖြစ်ပါလိမ့်မယ်။

ပတ္တမြားကေခိုင်
------------------------------------
ယူနတီဂျာနယ်က ဖြစ်သွားတဲ့ အဖြစ်အပျက်ကို သေချာတော့ မသိသေးဘူး။ ပြောရရင်တော့ ၁ဝ နှစ်တောင် ထောင်ချလိုက်တယ် ဆိုတော့ အရမ်းများတယ်။ သူတို့က လူဆိုးလည်း
မဟုတ်ဘူး။ သူခိုးလည်း မဟုတ်ဘူးလေ။ ရာဇဝင်လူဆိုးတွေလည်း မဟုတ်ဘူးလေ။
သေချာဆုံးဖြတ်ပြီး ပြန်လည်စဉ်းစား ပေးစေ ချင်ပါတယ်။

ဂေါ်ဇီလာ
------------------------------
ခုလိုဆန္ဒပြတယ်ဆိုတာ ပွင့်လင်းမြင်သာတဲ့ ခေတ်မှာ လိုချင်တာကို တောင်းဆိုတာ
ကောင်းပါတယ်။ ဒီခေတ်ကြီးမှာ ဆန္ဒပြတယ်ဆိုတာ နေရာတိုင်းမှာဖြစ်နေတာပဲလေ။ ဂျာနယ်လစ်တွေကို ထောင်ဒဏ် ၁ဝ နှစ် ချလိုက်တယ်ဆိုတာ တကယ်တော့ မဖြစ်သင့်ပါဘူး။ သေချာပြန်စဉ်းစားဖို့ လိုတယ်လို့ ထင်ပါတယ်။ ဆန္ဒပြတဲ့သူတွေကို
ပြောချင်တာကတော့ တကယ်အကျိုးရှိရှိ အကျိုးသက်ရောက်မှု ရှိရှိဖြစ်အောင် ဆန္ဒပြကြပါလို့ တောင်းဆိုချင်ပါတယ်။

ဟန်ဇာမိုးဝင်း
------------------------------
အဲဒီဂျာနယ်က ဖြစ်သွားတဲ့ အဖြစ်အပျက်ကို တကယ်တမ်းပြောရရင်သေချာမသိပါဘူး။
ဒါပေမယ့် ကျွန်တော် ကိုယ်ပိုင်သဘောတရားအရ ပြောရရင် အရမ်းများတယ်လို့
ထင်ပါတယ်။ အဲဒီအတွက် ဆန္ဒပြတာကတော့ ဖြစ်သင့်တယ်လို့ထင်တယ်။ တကယ်တမ်းပြောရရင် သေချာလေ့လာပြီး အတွင်းကျကျသိအောင် လုပ်ပြီး
ဆန္ဒပြရင် ပိုအဆင်ပြေမယ်ထင်တယ်။

ခိုင်သင်းကြည်
----------------------------------
ဒီလိုကိစ္စတွေ ဖြစ်လာတယ်ဆိုတာ တကယ်တမ်းတော့ ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး။ နိုင်ငံသားတိုင်း နိုင်ငံသားတိုင်းက လွတ်လပ်တဲ့ ဒီမိုကရေစီခေတ်ကြီးမှာ လွတ်လပ်စွာ ဆန္ဒပြခွင့် ရှိပါတယ်။ ဒီလို ဆန္ဒပြတာနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ချက်တော့ မပြောချင်တော့ပါဘူး။ သတင်းသမားတွေကို ခုလို ထောင်ဒဏ် ၁ဝ နှစ်ဆိုတာ အရမ်းများတယ်လို့တော့ မခိုင်လေးက ထင်ပါတယ်။

မိုးမင်း
-----------------------------------
တကယ်တော့ ဆန္ဒပြတယ်ဆိုတာ သူတို့ ဖြစ်ချင်တာကို လွတ်လွတ်လပ်လပ် တောင်းဆို
တာပါ။ ဖြစ်သင့်တယ် မဖြစ်သင့်ဘူးဆိုတာက ဆန္ဒပြသူရဲ့ ခံယူချက် တင်ပြချက်ပေါ်မှပဲ မူတည်ပါတယ်။ ဘယ်လို အမှုကြောင့်လဲ ဘယ်လိုအသွားအလာလဲဆိုတာ မသိပေမယ့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ဝ နှစ်ဆိုတာ တိုးတက်ဖွံ့ဖြိုးနေတဲ့ လူငယ်တွေအတွက်
အရမ်းကို နစ်နာလွန်းတယ်လို့ ထင်ပါတယ်။

(မဇ္ဈိမသတင်းထောက်များ)
Photo..bbc

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ