NLD ပါတီမှာ လူထုက ၀က်ဝက်ကွဲ မဲဆန္ဒပေးခဲ့သည့် ပါတီကြီးဖြစ်သည်။ စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုကို စက်ဆုပ်ရွံရှာ လွန်းသောကြောင့် NLD ကို အပြတ်အသတ် မဲထည့်ခဲ့ခြင်းဖြစ် . . .
အချိုးကျ ကိုယ်စားပြုစနစ်ခေါ် PR စနစ်မှာ စစ်အာဏာရှင်ခေတ်တစ်လျှောက် လုံးက ပါတီစုံ ဒီမိုကရေစီ စနစ် ကျင့်သုံးခြင်းရှိသဖြင့် လူသိနည်းသော စနစ်တစ်ခုဖြစ်လေသည်။ လွတ်လပ်ရေးရပြီးနောက် ကျင်းပ သော ပါတီစုံ ရွေးကောက်ပွဲတွင်လည်း မည်သူကမှ အရေးမထားခဲ့ပေ။ လွှတ်တော်အမတ် ဖြစ်ဖို့နှင့် အစိုးရဖွဲ့နိုင်ဖို့၊ မဲအရေအတွက် ရနိုင်ဖို့ အင်အားနည်းသော ပမညတအမတ် များကြားထဲတွင်ပင် PR စနစ်ဆိုသော အချိုးကျ ကိုယ်စားပြုစနစ်ကို မည်သူမျှ တင်သွင်းလာခြင်း မရှိပေ။ သို့သော် ယခု မဲအများဆုံးအနိုင်ရသော အစဉ်အလာ ရှိခဲ့သည့် မဲပေးစနစ်ကိုသာ ကျင့်သုံးခဲ့သည်။ ထိုစနစ်မှာ ရှုပ်လည်းမရှုပ်၊ အားလုံးလည်း အသားကျပြီးဖြစ်၏။ ၈၈ ကာလမှ မဲဆန္ဒပေးနိုင်သော မဲဆန္ဒရှင်မျိုးဆက်သစ်များ ကြားတွင် ယခုသမားရိုးကျ မဲပေးစနစ်သာ သိရှိနား လည်ပြီး လူထုထဲကျပြီးသော မဲပေးစနစ်ဖြစ်ပါသည်။ ထိုစနစ်ကို မဲအများဆုံးရသူ အနိုင်စနစ် (SMDP) ဟု ခေါ်လေသည်။ အပြည့်အစုံမှာ Single Member District Plurality ဖြစ်၏။ ကမ္ဘာပေါ်ရှိ လစ်ဘရယ် ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံတိုင်းတွင် ထိုစနစ်နှစ်ခုကို ကျင့်သုံး လေ့ရှိ၏။ ထို ၂ ခုတွင် အများဆုံး ကျင့်သုံးသည့်စနစ်မှာ SMDP သာဖြစ်သည်။ အမေရိကန်နှင့် ဗြိတိန်လို လစ်ဘရယ် ဒီမိုကရေစီ အသားကျ နေသော နိုင်ငံများတွင်လည်း ထိုစနစ်ကို ကျင့်သုံးသည်။ မဲအများဆုံးရ သူ အနိုင်စနစ်မှာ ခပ်ရှင်းရှင်း၊ ခပ်ရိုးရိုး ပင် ဖြစ်ပြီး မဲထည့်သူများမှာလည်း ရှင်းရှင်း လင်းလင်းပင်။ ပြဿနာအထွေအထူး မရှိပေ။ PR စနစ်ဆိုသည်မှာ မဲဆန္ဒရှင်များ ကြားက ၀င်ရောက်ယှဉ်ပြိုင်သည့် ပါတီများ၏ အင်အား အချိုးအစားအတိုင်း သတ်မှတ်ကာ အမတ်နေရာ ခွဲဝေယူကြလေသည်။ လူထု၏ မဲဆန္ဒအများစု မရနိုင်သောပါတီ များမှာလည်း မဲအချိုးအစား အတိုင်း လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာနိုင်သည်။ …လွှတ်တော်ထဲ မဲအချိုးအစားအတိုင်း သူ တို့ကိုလည်း ထည့်သွင်းသောစနစ် ဖြစ်ပါ သည်။ ထို့ကြောင့် ဏျွ စနစ်မှာ ရွေး ကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သော ပါတီ များ အချိုးကျမဲရစေနိုင်သောစနစ်ဖြစ်၍ အစိုးရဖွဲ့ရာတွင်လည်းကောင်း၊ လွှတ် တော်ထဲ အနည်းအများဆုံးဖြတ်ဖို့ အခြေအနေမျိုးတွင် လည်းကောင်း အလွန်ရှုပ် ထွေးစေနိုင်သောစနစ်ဖြစ်လေ သည်။ နိုင်ငံရေးပါတီတိုင်း လွှတ်တော်ကိုယ်စားလှယ် ဖြစ်နိုင်သလို လွှတ်တော်ထဲတွင်လည်း ကိုယ်စားလှယ်များအဖြစ် ကန့်ကွက်ဆန့် ကျင်ခြင်းဖြင့် လွှတ်တော်ကို ရှုပ်ထွေးစေ နိုင်သော စနစ်ဖြစ်၏။ PR စနစ်မှာ အင် အားနည်းသော ပါတီများ၊ ရွေးကောက်ပွဲတွင် လူထုထောက်ခံမှုနည်းသောပါတီများ အဖို့ ထိုစနစ်ကိုကျင့်သုံးခြင်းဖြင့် လွှတ် တော်ထဲသူ တို့ပါဝင် နိုင်သလို လူထုထောက် ခံမှုရှိသော ပါတီကိုလည်း သူတို့ ယှဉ်နိုင်၊ ဆန့်ကျင်နိုင်သဖြင့် လူထု ထောက်ခံမှု မရှိသောပါတီများက PR စနစ်ကို ထောက်ခံ နေကြခြင်း ဖြစ်ပါသည်။ PR စနစ်ကြောင့် နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာစေနိုင်သည်။ အစိုးရဖွဲ့စည်းရာတွင်လည်း ပြဿနာအမျိုးမျိုးနှင့် ကြုံတွေ့နိုင်လေ သည်။ PR စနစ်ကျင့်သုံးသင့်၊ မသုံးသင့် လူထု သဘောထားတောင်းခံလျှင် အများစုက လက်ခံလိမ့်မည် မဟုတ်ပေ။
PR စနစ်ဖြင့် ပါတီကြီးများက အချိုးကျ ခွဲဝေရေးကို လက်ခံမည်ဆိုလျှင် ပြည် နယ်များရှိ တိုင်းရင်းသားပါတီ များအဖို့ သူတို့ တိုင်းရင်းသားများက ထောက်ခံရွေး ချယ်သော ပါတီများမှာ လွှတ်တော်ကိုယ် စားလှယ်များ အဖြစ် အရွေးခံနိုင်စရာ အကြောင်းမရှိပေ။ ဆိုလိုသည်မှာ မြန်မာ နိုင်ငံတွင် တိုင်းဒေသကြီးများ၊ ပြည်နယ် များရှိရာတွင် NLD လိုအင်အားကောင်း သော ပါတီများ၊ ပြည်ခိုင်ဖြိုးလိုငွေအင်အား တောင့်တင်းသော ပါတီကြီး များမှာ တိုင်းဒေသကြီးများ၊ ပြည်နယ်များတွင် လူထု ထောက်ခံအား၊ စည်းရုံးအားကောင်းသော ပါတီများဖြစ်၍ မဲဆန္ဒများ ရရှိကြပေမည်။ ထို့ကြောင့် ကချင်ပါတီတစ်ခုကို ကချင်များက မည်မျှပင် မဲထည့်သည်ဖြစ်စေ တစ် နိုင်ငံလုံးအရ ပါတီကြီးများသာ အချိုးကျ မဲရသွားမည်ဖြစ်သောကြောင့် ထိုပါတီများမှာ အရွေးခံရမည် မဟုတ် တော့ပေ။ တိုင်းရင်းသားများကို နှိပ်ကွပ်ထားသောစနစ်ဖြစ် လေသည်။ PR စနစ်တောင်းဆိုလာသော ပါတီများ မှာ မိမိတို့အတွက် အနာဂတ်တွင် အလားအလာမကောင်းမှန်းသိ၍ တောင်း ဆိုကြခြင်းဖြစ်လေသည်။ ဒီမိုက ရေစီကို အကြောင်းပြပြီး မိမိတို့ပါတီအကျိုးရှိရေး အတွက် ထိုစနစ်ကို ကျင့်သုံးရန် တောင်း ဆိုလာခြင်း လည်းဖြစ်ပါသည်။
၂၀၁၀ ရွေးကောက်ပွဲကာလက ထို ရွေးကောက်ပွဲကို ပြည်သူများက အလေး အနက်မထားကြပေ။ ထိုရွေး ကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည်ဟု မဆိုကြပေ။ ထိုရွေးကောက်ပွဲကို အတိုက်အခံ NLD ပါတီ ကလည်း သပိတ်မှောက်ထားခဲ့၏။ ထိုအခြေအနေကို စောင့်မျှော်နေ သော တချို့နိုင်ငံရေးပါတီများမှာ ပွဲလန့် တုန်း ဖျာခင်းဖို့ ကြံစည်နေကြသည့် အလားအလာအကောင်းဆုံးမှာ ပြည်ခိုင် ဖြိုးပါတီဖြစ်ပြီး နောက်တစ်ခုမှာ တစည ပါတီဖြစ်ပါသည်။ သို့သော် NLD ပါတီမှ ရွေးကောက်ပွဲမ၀င်ရေးကို ဆန့်ကျင်သော လူတချို့က ခွဲထွက် ပြီး ပါတီထောင်ကာ ၉၀ ခုနှစ်က လူထုထောက်ခံမှုအများစုရ ခဲ့သော NLD ၏ လိုဂိုကို အသုံးပြုကာ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်များ ရယူနိုင်ခဲ့လေသည်။ ထိုအချိန်က NLD မ၀င်ရောက်ခဲ့၍ စစ်အစိုးရနှင့် ပတ်သက်သော ပါတီကို မယုံကြည်သည့် မဲဆန္ဒရှင်များက တချို့မဲဆန္ဒနယ်များ၌ NLD ပါဝင် သလားဟု ယူဆကာ ထိုလိုဂိုကို မဲပေးခဲ့ ကြသဖြင့် သူတို့အမတ်များဖြစ်လာခဲ့ကြ လေသည်။ ထိုမဲအများဆုံးရသူ အနိုင် စနစ် (SMDP) မှာ မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်များအဖို့ အသားကျပြီး သော ရွေးကောက်ပွဲ စနစ်ဖြစ်နေပါသည်။ ၉၀ ပြည့်ရွေးကောက်ပွဲမတိုင်ခင် ပါလီမန် ဒီမိုကရေစီ ရွေးကောက်ပွဲတိုင်းတွင် ထို PR စနစ်ကို မကျင့်သုံးခဲ့ပေ။ ယခု PR စနစ်သုံးစွဲဖို့ တင်ပြသည်မှာ မိမိတို့ အနာ ဂတ်မှေးမှိန်လာ သောကြောင့် ဖြစ်သည်။ အင်အားလျော့လာသော ပါတီများအဖို့ လွှတ်တော်ထဲကိုယ်စားလှယ်ရရှိနိုင်အောင် PR စနစ်သာ သူတို့အတွက် ထွက်ပေါက်၊ အလားအလာဖြစ်နေလေသည်။ အလား အလာကောင်းသော ပါတီကြီးများကမူ PR စနစ်ကို လက်ခံလိမ့်မည် မဟုတ်ပေ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ၉၀ ပြည့်ရွေးကောက်ပွဲတုန်းကလည်း SMDP စနစ်ဖြင့် ပြိုင်ဘက် နိုင်ငံရေး ပါတီအားလုံးကို ပြတ်ပြတ်သားသား အနိုင်ရခဲ့သည်။ မြန်မာ့နိုင်ငံရေးသမိုင်း၊ ရွေးကောက်ပွဲ သမိုင်းတွင် ပထစ ပါတီပြီးလျှင် NLD ပါတီမှာ လူထုက ၀က်ဝက်ကွဲ မဲဆန္ဒပေးခဲ့သည့် ပါတီကြီးဖြစ်သည်။ စစ်အာဏာရှင် စနစ်၏ ဖိနှိပ်မှုကို စက်ဆုပ်ရွံရှာလွန်းသော ကြောင့် NLD ကို အပြတ်အသတ် မဲထည့်ခဲ့ခြင်းဖြစ်ပါသည်။ ထိုအချိန်ကသာ PR စနစ်ကိုကျင့်သုံးမည်ဆိုလျှင် အာဏာ သိမ်းစစ်ကောင်စီသည် ယခုကဲ့သို့ ၉၀ ပြည့်ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ အာဏာဆက်သိမ်းခြင်းမျိုး ရှိချင်မှရှိနိုင် မည်။ အများစုအနိုင်ရရှိသော်လည်း အချိုး ကျ စနစ်ဖြစ်၍ PR နှင့် ညှိနှိုင်းကာ သူတို့ အကျိုးစီးပွားကို ကာကွယ်နိုင်မည်ဆိုလျှင် အပေးအယူလုပ် ပြီး အာဏာ ခွဲဝေချင်လည်း ခွဲဝေနိုင်ပါသည်။
ယခုမူ ၂၀၁၅ ရွေးကောက်ပွဲနီးခါမှ PR စနစ်ကျင့်သုံးခြင်းကို ပါတီငယ်များက တက်တက်ကြွကြွ လှုပ်လှုပ် ရှားရှား လွှတ်တော်၏ အတည်ပြုချက်ကို တောင်းဆို လိုက်သလို နောက်တစ်ကြိမ်ရွေးကောက်ပွဲ တွင် ၂၀၁၀ ရွေးကောက်ကလို အနိုင်ရရှိ ဖို့ မှေးမှိန်နေသော ပြည်ခိုင်ဖြိုးပါတီကလည်း PR စနစ်ကို တက်တက်ကြွကြွ ထောက်ခံလာလေသည်။ ထိုအခါ PR စနစ်ကို NLD က လုံးဝကန့်ကွက်လိုက် သည်။ ကန့်ကွက်ရသည်မှာ လည်း ပြည်သူလူထုကြား တွင် ရွေးကောက်ပွဲစနစ်ရှုပ်ထွေးနေမှာ တစ်ကြောင်း၊ ၂၀၁၂ ကြားဖြတ် ရွေးကောက် ပွဲက အမတ်နေရာ ၄၃ နေရာ အား လူထုက တစ်ခဲနက် မဲပေးလိုက် သည်က တစ်ကြောင်း၊ မိမိတို့၏ အခြေ အနေမှာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပပေးလျှင် ၉၀ ခုနှစ် ကလိုအနိုင်ရမည် ဖြစ်သော ကြောင့် PR ကို လက်မခံနိုင်ပေ။ NLD ကို ထောက်ခံသူ များ၊ ဒီမိုကရေစီလိုလားသူများက ယခုမှ ဝေပုံကျ လာ တောင်းနေသော နိုင်ငံရေးပါတီများနှင့် PR စနစ်ကို မထောက်ခံကြပေ။ ဝေဖန်ခဲ့ခြင်းများကြောင့်လည်း တရားစွဲ မည်ဟု ခြိမ်းခြောက်လာသည်အထိပင် ရှိ ခဲ့သည်။
မည်သို့ဆိုစေ PR ခေါ် အချိုးကျကိုယ် စားပြုမဲပေးစနစ်သည် ရွေးကောက်ပွဲတွင် အနိုင်ရဖို့ အလားအလာ နည်း လွန်းသော နိုင်ငံရေးပါတီများက အမတ်ဖြစ်လျှင်မနည်း ဟုယူဆကာ မိမိတို့လည်း အချိုးကျရနိုင် သည်ဟု စိတ်ကူးယဉ်မှုနှင့် တောင်းဆိုလိုက် ခြင်းဖြစ်သည်။ မိမိတို့လိုရာကို ဆွဲ၍လည်း ပြောဆိုလာကြသည်။ PR စနစ်က ဒီမိုကရေစီအကျဆုံးဆိုလျှင် SMDP က ဒီမို ကရေစီအလားအလာ အားနည်းသောစနစ် ဟုဆိုနိုင်ပါ သလား။ မဆိုနိုင်ပေ။ လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်ကြောင့် အစဉ်အလာရှိခဲ့သော မဲအများဆုံးရ အနိုင် စနစ် (SMDP) သာ ဒီမိုကရေစီအကျဆုံး၊ အသင့်တော်ဆုံးဖြစ်ပါသည်။ ပြည်သူလူထုက NLD ကိုသာ အနိုင်ရရှိစေလိုပြီး မည်သူနှင့်မှ ခွဲဝေအာဏာ မရစေလိုကြပေ။ လူကြီးလူကောင်းဆန်သူများ၊ စိတ်သဘော ထားကြီးသူများ၊ နိုင်ငံကြီးသားပီသသူများ ဖြစ်လျှင် မည်သည့်မဲစနစ်ကို ကျင့်သုံးကျင့် သုံး ရင်ဆိုင်နိုင်စွမ်း ရှိရမည်။ ထိုသို့ မဟုတ်ဘဲ တစ်မူးရလျှင်လည်း မနည်း၊ တစ်ပဲရ လျှင်လည်းမနည်းဟု မျှော်လင့်ချက်မရှိရာ မှ တစ်စုံတစ်ရာ မျှော်လင့်ချက်ရှိချင်သဖြင့် အစဉ်အလာ ရွေးကောက်ပွဲစနစ်ကို ဖျက် သိမ်းလိုခြင်းအား မည်သူကမှ နှစ်မြို့မည် မဟုတ်ပေ။ အထူးသဖြင့် ပြည်ခိုင်ဖြိုးလို ပါတီက PR စနစ်ကို ယခုမှ သဘောတူ ထောက်ခံ လိုက်ခြင်းမှာလည်း စဉ်းစားစရာ ကောင်းနေပါတော့သည်။
မြန်မာသံတော်ဆင့်သတင်းဌာန