Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ယုံကြည်ချက်ရှိလျှင် အခြေခံဥပဒေ ဆန္ဒခံယူပွဲ နောက်တစ်ကြိမ် လုပ်ပါဟု ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

$
0
0
http://www.7daydaily.com/
ပခုက္ကူမြို့တွင် ဇူလိုင် ၁၂ ရက်နံနက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ဟောပြော နေစဉ် (ဓာတ်ပုံ − အင်န်အယ်လ်ဒီ)

၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် ပြည်သူများက အမှန်တကယ် ထောက်ခံခဲ့သည် ဟု ယုံကြည်ပါက ဒုတိယအကြိမ် ဆန္ဒခံယူပွဲ ပြန်လည်ပြုလုပ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

‘‘ကျွန်မက ပြောရဲတယ်။ ၂၀၀၈ ဆန္ဒခံယူပွဲက တကယ်ပဲ ပြည်သူထောက်ခံတဲ့ ဆန္ဒခံယူပွဲ မဟုတ်ဘူး။ ပြည်သူရဲ့ ဆန္ဒကို တကယ်ပဲ ရောင်ပြန်ဟပ်တယ်လို့ ယုံကြည်ရင် နောက်ဆန္ဒခံယူပွဲ တစ်ခုကို ရဲရဲရင့်ရင့်နဲ့ လုပ်ပေး လိုက်ပါ။ အဲဒီလို ရဲရဲရင့်ရင့်နဲ့ လုပ်ပေးတဲ့ ဆန္ဒခံယူပွဲက တကယ် ပဲ တရားမျှတရမယ်။ တကယ်ပဲ လွတ်လပ်ရမယ်။ အဲဒီလိုလုပ်ပေး လိုက်တဲ့ ဆန္ဒခံယူပွဲမှာ ပြည်သူ တွေက လက်ခံပါတယ်ဆိုရင် တော့ ဒါပြည်သူရဲ့ ဆန္ဒအရ ရေး ဆွဲထားတဲ့ ဥပဒေဆိုတာ ကျွန်မ တို့ကလည်း လက်ခံရမှာပေါ့’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၁၂ ရက်တွင် ပခုက္ကူမြို့၌ကျင်းပ သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲသို့ တက် ရောက်လာသော ပြည်သူနှစ်သိန်း ခန့်အား ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် တစ်နိုင်ငံလုံးရှိ မဲပေး ပိုင်ခွင့်ရှိသူများအနက်မှ ၉၈ ဒသ မ ၁၂ ရာခိုင်နှုန်းက မဲပေးခဲ့ကြပြီး ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံခဲ့ခြင်းဖြစ်သည်ဟု ယ ခင်အစိုးရ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင် စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က လက်မှတ်ရေးထိုး၍ ထုတ်ပြန် ကြေညာခဲ့သည်။

အချို့ ပြည်သူများသည် ဆန္ဒခံယူပွဲသို့ သွားရောက်ခြင်း မရှိသော်လည်း အခြားသူများကကိုယ်စား ထည့်ပေးသွားခြင်းများရှိကြောင်း သိရှိခဲ့ရသည်ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြား ခဲ့ပြီး အဆိုပါ ဆန္ဒခံယူပွဲမှာ အ မှန်တကယ် စစ်မှန်သော ဆန္ဒခံ ယူပွဲမဟုတ်ကြောင်း ပြောရဲသည် ဟု မိန့်ခွန်းတွင်ထည့်သွင်းပြော ကြားခဲ့သည်။

လက်ရှိနိုင်ငံရေး အခြေအ နေအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒ ခံယူခြင်းထက် ယခင် အခြေခံ ဥပဒေကို အတည်ပြုခဲ့သည့် ဆန္ဒ ခံယူပွဲကို ပြန်လည်ကျင်းပရန် တိုက်တွန်းနိုင်လျှင် ပို၍ အဆင် ပြေသော လမ်းကြောင်းဖြစ်မည် ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးဖြစ်သည့် ဒေါက်တာရန် မျိုးသိမ်းက ပြောကြားထားသည်။

မေလ ၁၇ ရက်ကပင် စတင် ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူလူထု လက်မှတ်စုဆောင်း ရာတွင် လက်မှတ်အရေအတွက် သုံးသန်းကျော်သာ ရရှိနေသေး၍ အခြေခံဥပဒေကို ထောက်ခံခဲ့ သော အရေအတွက်နှင့် ယှဉ်ပါ က ၁၀ ဆခန့် ကွာခြားနေသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်လိုသူများသည် အ ကြောင်းရင်း သုံးခုကြောင့်သာ မပြင်ဆင်လိုခြင်းဖြစ်ပြီး စိတ်စေတနာမရှိခြင်း၊ နိုင်ငံအတွက် အကျိုးမရှိနိုင်သော ဥပဒေဆိုသည်ကို သိနိုင်သည့် ပညာမရှိခြင်းနှင့် စေတနာနှင့် ပညာပါရှိသော်လည်း ပြင်ဆင်ရဲသည့် သတ္တိမရှိသောကြောင့်သာ ဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပြင်ဆင်လိုသူများကို ရည်ညွှန်း၍ ပြည်သူများအား ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီသည် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ ရွေး ကောက်ပွဲအတွက် ရည်ရွယ်၍ အခြေခံဥပဒေ ပြင်ဆင်ခြင်းကို လုပ်ဆောင်ခြင်း မဟုတ်ဘဲ ရေ ရှည်အတွက် ရည်ရွယ်၍ လုပ် ဆောင်နေခြင်းဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပခုက္ကူမြို့ ၌ ပြောကြားခဲ့သည်။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...