Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မသိကျိုးကျွံ

$
0
0
နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ ယူနတီဂျာနယ်က သတင်းသမားငါးဦးကို အလုပ်ကြမ်းနဲ့ ထောင်ဆယ်နှစ် ပြစ်ဒဏ်ချတယ်။ သည်အပြစ်ဒဏ်ကို များလွန်းတယ်ဆိုပြီး မကျေနပ်တဲ့ သတင်းသမားတွေက သမ္မတရှိရာ မြန်မာ ငြိမ်းချမ်းရေးစင်တာကို သွားကာ အသံတိတ် ဆန္ဒပြတယ်။ ဒါကို ရဲက ခွင့်ပြုချက်မရဘဲ ဆန္ဒပြခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုပြီး ပုဒ်မ (၁၈) နဲ့ အမှုဖွင့်လိုက်တယ်။

သည်ဖြစ်စဉ်ကို ပြန်ကြည့်ရင် အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တာကို တွေ့ရတယ်။

ပထမဆုံး လျှို့ဝှက်ဥပဒေနဲ့ အရေးယူရာမှာ ပြစ်မှုမြောက်တယ်လို့ တရားရုံးက ဆုံးဖြတ်တာမို့၊ ထိုဥပဒေအရ အလုပ်ကြမ်းနဲ့ ထောင်ဆယ်နှစ် ချတယ်။ အကယ်၍ တရားရုံးဟာ ဘယ်သူစွက်ဖက်မှုမှ မပါဘဲ အပြစ်ရှိတယ်လို့ သူတို့ဘာသာ သမာသမတ်ကျကျ ဆုံးဖြတ်ခဲ့တယ်ဆိုရင် ထိုတရားရုံးကို ဘာမှ အပြစ်ဆိုစရာမရှိ။ ဘယ်သူဘယ်ဝါ ပါဝင်ပတ်သက် ဖိအားပေးသလဲ ဆိုတာတော့ သက်သေမရှိလို့ မပြောနိုင်။

ဒါပေမယ့် သည်အမှုကို ကြည့်ရင် အခုလို ဆုံးဖြတ်ချက်ချတာက အောက်တရားရုံး ဖြစ်တာမို့၊ အထက်တရားရုံး အဆင့်ဆင့်ကို အယူခံခွင့် ရှိပါတယ်။ အယူခံလည်း ၀င်ကြမှာပါ။ သည်လိုသာ လုပ်ခဲ့ရင် ထုံးစံအတိုင်း တရားရုံးကလည်း ပြစ်ဒဏ်ကို တဖြည်းဖြည်း လျော့ချလာနိုင်ပါတယ်။ အယူခံမှုတွေ အားလုံးပြီးလို့ ပြစ်ဒဏ် ကျန်နေသေးရင်တောင် နောက်ဆုံး သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကွင်းလုံးကျွတ်နိုင်ပါသေးတယ်။ ဆိုလိုတာက ပြစ်မှုမြောက်လို့ ပြစ်ဒဏ်ချလိုက်ပေမယ့် အခြေအနေ အရပ်ရပ်ကြောင့် ထိုပြစ်ဒဏ်အားလုံးကို ကျခံရဖို့ လမ်းသိပ်မမြင်။

သည်နေရာမှာ သတင်းသမားတွေဟာ အမှုကို ဘယ်လို ဆက်ဆောင်ရွက်နိုင်သေးသလဲ ဆိုတာထက်၊ ဒါဟာ သတင်းသမားတွေကို ဖိနှိပ်ခြိမ်းခြောက်တာပဲဆိုပြီး အစိုးရရဲ့ လုပ်ရပ်ကို ဆန္ဒပြဖို့ ပိုအားသန်သွားကြတယ်။ သတင်းသမားတွေရဲ့ အပြစ်လည်း သိပ်မဟုတ်ပြန်ဘူး။ သူတို့မှာ ခေတ်အဆက်ဆက် အာဏာပိုင်တွေရဲ့ ခဲတွေကို အဆက်မပြတ် ခံခဲ့ရဖူးတော့ကာ၊ ပူပူနွေးနွေးရထားတဲ့ လွတ်လပ်စွာ ရေးသားခွင့်လေးကို မတန်တဆ ပုဒ်မတွေနဲ့ လာအုပ်မှာကို စိုးရိမ်ကြတာပေါ့။

သည်လိုနဲ့ မနေ့က (စနေနေ့) သမ္မတလည်း ရန်ကုန်ရောက်၊ ဒါကို သတင်းသွားယူမယ့် သတင်းသမားတွေကလည်း တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို မိမိတို့ရဲ့ စိုးရိမ်မှု၊ မပျော်ရွှင်မှုတွေကို သမ္မတသိအောင်ဆိုပြီး၊ မီဒီယာဖိနှိပ်မှု ရပ်ဆိုတဲ့ စာတမ်းပါ တီရှပ်တွေ ၀တ်ဆင်သွားကြတယ်။ ဒါကို အာဏာပိုင်တွေက အဲသည်တီရှပ် မချွတ်ရင် ပေးမ၀င်နိုင်ဘူး၊ သတင်းယူခွင့် မပေးဘူးလို့ တင်းခံတယ်။ သတင်းသမားတွေကလည်း ၀င်ခွင့်မပေးရင်နေ၊ အပြင်ကနေပဲ အသံတိတ် ဆန္ဒပြမယ်ဆိုကာ ကိုယ့်ပါးစပ်ကို တိတ်အမည်းနဲ့ပတ်၊ လက်ထဲက ကင်မရာ၊ ဗီဒီယိုတွေကို လမ်းပေါ်ချထားကြတယ်။ ဖြစ်စဉ်က ဒါပါပဲ။ အာဏာပိုင်တွေဘက်က လိမ္မာမယ်ဆိုရင် ပွဲက ဒါနဲ့ ပြီးသွားသင့်တယ်။

ဟုတ်တယ်လေ။ သတင်းသမားတွေက ကိုယ့်ရဲ့ မကျေနပ်ချက်ကို သမ္မတသိအောင် ကြိုးစားတယ်။ ဒါကို အာဏာပိုင်တွေက (သမ္မတရဲ့ သဘောက ဘယ်လိုမှန်းတော့မသိ) မျက်နှာလို မျက်နှာရနဲ့ ၀င်ခွင့်မပေးဘူး။ သည့်အပြင် အသံတိတ်ဆန္ဒပြတာကို ပုဒ်မ (၁၈) နဲ့ ထပ်အရေးယူဖို့ လုပ်တယ်။ ပုဒ်မတစ်ခုကို ဘယ်လို ကိုင်တွယ်သင့်သလဲ မပြောခင်၊ လူကြီးလူကောင်းတို့ရဲ့ အပြုအမူတစ်ရပ်ကို နည်းနည်းပြောချင်တယ်။

ဗြိတိသျှတို့ခေတ် မြန်မာနိုင်ငံမှာ အစိုးရ မင်းခမ်းမင်းနားတစ်ခု ကျင်းပချိန်ဟာ ဗိုလ်အောင်ကျော် ကျဆုံးတဲ့ နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်နေတယ်။ ဒါကြောင့် ထိုပွဲကို တက်လာတဲ့ မျိုးချစ်မြန်မာအချို့ဟာ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် လက်ပတ်အမည်းတွေ ၀င်လာကြတယ်။ တစ်နည်းအားဖြင့် ဒါဟာ ဗြိတိသျှအစိုးရကို ဆန္ဒပြတာပဲ။ အကယ်၍ အစိုးရတာဝန်ရှိသူတွေဟာ ထိုလက်ပတ်အမည်းတွေကို အတင်းကာရော လိုက်ဖြုတ်သည်ဖြစ်စေ၊ ထိုလက်ပတ်အမည်း ၀တ်လာသူတွေကို ပွဲသို့ ၀င်ခွင့်မပေးလျှင်ဖြစ်စေ၊ လုပ်ခဲ့သည် ရှိသော် ပွဲမပျက်တောင် တော်တော် ရုပ်ဆိုးသွားနိုင်တယ်။ ဒါပေမယ့် ဗြိတိသျှ အရာရှိတွေဟာ အခြေအနေကို သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်သွားကြတယ်။ သူတို့လုပ်တာက ထိုလက်ပတ်အမည်းတွေကို မမြင်သလိုနဲ့ မသိကျိုးကျွံ ပြုလိုက်တာပဲ။ နှစ်ဦးနှစ်ဘက် အဆင်ပြေသွားတယ် မဟုတ်လား။

အခုကိစ္စမှာလည်း မီဒီယာသမားတွေ ၀တ်ဆင်လာတဲ့ တီရှပ်တွေကို မသိကျိုးကျွံလုပ်ပြီး၊ သမ္မတနဲ့ ပေးတွေ့ သတင်းယူခွင့် ပေးလိုက်မယ်။ သူတို့မကြိုက်တာတွေကို သမ္မတအား ပြောခွင့်ပေးလိုက်မယ်၊ သမ္မတကလည်း အစပိုင်းမှာ ကျနော်ပြောခဲ့သလို ဥပဒေအရ အယူခံခွင့် ရှိတာကို ရှင်းပြမယ်ဆိုရင် အားလုံးကျေနပ်သွားမှာပါ။ အကယ်၍ သည်လို ၀င်ခွင့်မပေးရင်တောင် သတင်းသမားတွေရဲ့ အသံတိတ်ဆန္ဒပြမှုကို မသိကျိုးကျွံ ပြုလိုက်တော့ ဘာဖြစ်မှာလို့လဲ။ ဒါကို မသိနားမလည်တဲ့ အာဏာပိုင် အသေးစားတွေက ပုဒ်မဖွင့် တရားစွဲဖို့ လုပ်တော့ ပွဲက ပိုကြမ်းသွားတာပေါ့။

ဥပဒေတစ်ခုကို အဓိပ္ပါယ်ဖွင့်ဆို အသုံးပြုတော့မယ်ဆိုရင် အရင်ဆုံး ရှင်းရှင်းနားလည်ရမှာက ဘယ်ဥပဒေမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိဘူး ဆိုတာပဲ။ ဒါကြောင့် ဥပဒေကို ဖွင့်ဆိုသုံးစွဲမယ့်သူဟာ အခြေအနေ၊ အချိန်အခါ၊ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို ချင့်တွက်တတ်ရမယ်။ ဥပဒေက သည်လိုပြောထားလို့ အရာရာကို လှေနံဓားထစ် လုပ်လို့မရဘူး။ အခုကိစ္စမှာ သတင်းသမားတွေဟာ ပုဒ်မ (၁၈) ကို ချိုးဖောက်တယ်ဆိုပြီး၊ ဥပဒေရဲ့ အထက် ဘယ်သူမှ မရှိရဆိုတဲ့ ကိုယ်လိုရင်လိုသလို ဆွဲသုံးတာမျိုး လုပ်လို့မရဘူး။ နောက်ဖြစ်လာမယ့် အကျိုးဆက်ကို ချင့်တွက်ရမယ်။

အခုကိစ္စမှာ အစိုးရပိုင်းကရော၊ မီဒီယာပိုင်းကပါ မိမိတို့ မှန်တယ်ဆိုပြီး မလျော့ချင်ကြဘူး။ သည်လိုအခြေအနေမှာ နှစ်ဘက်စလုံးကို အဆုတ်အတက် လုပ်နိုင်အောင် အောက်ခြေ အာဏာပိုင်တွေက ၀ိုင်းဝန်းကြံဆသင့်တယ်။ သတင်းသမားတွေဟာ သတင်းယူဖို့ စုရုံးလာကြတယ်။ သူတို့လိုချင်တဲ့ အခြေအနေမျိုး မရလို့ သတင်းမယူဘဲ အသံတိတ်နေကြတယ်။ ဒါကို ဆန္ဒပြတယ်လို့ အဓိပ္ပါယ်မဖွင့်ဘဲ၊ ပြောခဲ့သလို မသိကျိုးကျွံ လုပ်နေလိုက်ရင် အခြေအနေတွေဟာ သည့်ထက်ဆိုးလာစရာ မရှိတော့ဘူးပေါ့။

သည်လိုမလုပ်ဘဲ အောက်ခြေ ၀န်ထမ်းတွေဟာ ပုဒ်မ (၁၈) ဆိုတာကိုပဲ စွတ်အော်ပြီး လျှောက်လုပ်နေတော့ကာ သတင်းသမားတွေနဲ့ အာဏာပိုင်တွေရဲ့ကြား တိုက်ပွဲဟာ ပြင်းသထက် ပြင်းဖို့ပဲ ရှိတော့တာပေါ့။

ဥပဒေတစ်ခုကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ ဥပဒေပါ အချက်အလက်ကိုချည်း အာရုံမစိုက်ဘဲ ‘ဥပဒေက မည်သို့ပင်ဆိုစေကာမူ’ ဆိုတဲ့ စကားရပ်ကို ပါးပါးနပ်နပ် သုံးသပ်နိုင်မှသာ ထိုဥပဒေကို တကယ်နားလည် အသုံးချနိုင်လိမ့်မယ်။

(သို့သော် ထိုစကားရပ်ကို သုံးကာ အဂတိ လိုက်စားပြီး၊ မိမိတို့ လိုလျှင်လိုသလို ပြုမူနေမည်ဆိုပါက နှစ်ပေါင်းငါးဆယ် တိုင်းပြည်ပျက်ခဲ့ရသလို ဆက်ပျက်နေအုံးမှာပဲ။)

အစိုးရအာဏာပိုင် လုပ်တယ်ဆိုတာ တိုင်းပြည်ရဲ့ ရေရှည်အကျိုးအတွက် ရံဖန်ရံခါဆိုသလို မသိကျိုးကျွံ နေထိုင်တတ်ရပါတယ်။

Myo Minn fb

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>