ဂျာမနီ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ဖို့ အနိုင်ဂိုးသွင်းပေးခဲ့သူ မာရီယို ဂေါ့ဇီ
ဂျာမနီ ဂိုးသမား က ရွှေလက်အိတ် ဆုကို လက်ခံရယူခဲ့ပြီး အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက The adidas Golden Ball ဆုကို လက်ခံရယူခဲ့ပါတယ်။
၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲမှာ ဂျာမနီက ၁ ဂိုး၊ ဂိုးမရှိနဲ့ အာဂျင်တီးနားကို အနိုင်ရသွားခဲ့ပါပြီ။
ကမ္ဘာ့ဖလား ဖိုင်နယ်မှာ ဂျာမနီရော ၊ အာဂျင်တီးနားပါ အချိန်ပို ပထမပိုင်းထိ ဂိုးမသွင်းနိုင်ကြပဲ အချိန်ပို ဒုတိယပိုင်း ၂၂ မိနစ်ကျမှ ဂျာမနီဘက်က ဒီပွဲရဲ့ တစ်လုံးတည်းသော ဂိုးကို သွင်းယူနိုင်တာ ဖြစ်ပါတယ်။
ဂျာမနီဘက်က မာရီယို ဂေါ့ဇီဟာ အန်ဒရေ ရှာလာ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ရင်ဘတ်နဲ့ ထိန်းပြီး ဒါရိုက် ကန်သွင်းရာမှာ အာဂျင်တီးနား ဂိုးသမား ရိုမီယိုရဲ့ ဘယ်ဘက်က ကပ်ပြီး ဂိုးဝင်သွားတာ ဖြစ်ပါတယ်။
ဂေါ့ဇီဟာ ဒီပွဲမှာ ကလိုဆာရဲ့ နေရာမှာ လူစားထိုး ၀င်လာသူ ဖြစ်ပြီး ကမ္ဘာ့ဖလားဖိုင်နယ်မှာ အစားထိုး ၀င်လာသူက အနိုင်ဂိုးသွင်းနိုင်တာ ဒါပထမဆုံးလို့ သိရပါတယ်။
ဂေါ့ဇီဟာ အသက် ၂၂ နှစ်ပဲ ရှိသေးပြီး ဘိုင်ယန် မြူးနစ်မှာလည်း ကစားနေသူ ဖြစ်ပါတယ်။
bbc