နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် အမှိုက်များ စနစ်တကျကောက်ယူရန်၊ နေအိမ်ရှိအမှိုက်များ စနစ်တကျ မိမိနေအိမ်ရှေ့ တွင် အသင့်ထုပ်ပိုးထားရှိ ရန်နှင့် လူမှုရေးအသင်းအဖွဲ့များသည် ရပ်ကွက်တွင်းရှိ မိဘ ပြည်သူလူထုများနှင့်တကွ ပူးပေါင်းပါဝင် ကြရန် ၁၂.၇. ၂ဝ၁၄ ရက်နေ့ ညနေပိုင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် မြောက်ဒဂုံ မြို့နယ်၊ (၄၂) ရပ်ကွက်သို့ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ အသိပေး မေတ္တာရပ်ခံ အကြောင်းကြား ခဲ့ပြီး အမှိုက်များကောက်ယူရာတွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆ်ာခဲ့ပါသည်။ ၁၃.၇.၂ဝ၁၄ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သဘာဝပတ်ဝန်းကျင် သန့် ရှင်းသာယာရေးအတွက် နံနက် (၇း၃ဝ) နာရီ အချိန်တွင် မြောက်ဒဂုံမြို့နယ် (၄၂) ရပ် ကွက်ရှိ ဦးဝိစာရလမ်း၊ အေးသာယာ (၁ ၊ ၂ ၊ ၃) လမ်းသို့ သန့်ရှင်းသာယာသော ပတ်ဝန်း ကျင်ဖြစ် စေရန် အမှိုက်များအား စနစ်တကျ ကောက်ယူသိမ်းဆည်းခဲ့သည်။ ထိုသို့ အမှိုက်များအား ကောက် ယူ သိမ်းဆည်းရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလုပ်အမှုဆောင်များ၊ အသင်းသား/သူ များနှင့်အတူ (၄၂) ရပ်ကွက်ရှိ “မာဃလုလင်” နာရေးကူညီမှုအသင်း၊ “အာယုသုခ” လူမှုကူညီရေး အသင်း (ရွှေပြည်သာ)၊ “ပရဟိတ ကုသိုလ်ပြု” လူမှုကူညီရေးအဖွဲ့၊ “ဖြူစင်မေတ္တာ” နာရေးကူညီမှုအသင်း (ရွှေပြည်သာ)၊ “မွန်မြတ်သူ” (မရမ်းကုန်း)၊ “ဗြဟ္မဝိဟာရအဖွဲ့” (အင်းစိန်)နှင့် (၃၉) ရပ် ကွက်မှ သဘာဝ ပတ်ဝန်းကျင် ချစ်မြတ်နိုးသော ပရဟိတလူငယ်များ ပူးပေါင်းပါဝင်၍ လှုပ်ရှားဆောင်ရွက် ခဲ့သည်။
ထိုကဲ့သို့ လူမှုရေးအသင်းအဖွဲ့များ စည်းလုံးညီညွတ်စွာ မြောက်ဒဂုံမြို့နယ် (၄၂) ရပ်ကွက် ရှိ အမှိုက် များအား လိုက်လံကောက်ယူ သိမ်းဆည်းရာတွင် ရပ်ကွက်သူ/သားများတစ်ချို့ ပူးပေါင်းပါဝင်ခဲ့ သော်ငြားလည်း အချို့သော တာဝန်မသိသော နေအိမ်အချို့မှ အကူအညီ မပေးသည့်အပြင် လူမှုရေး အသင်းအဖွဲ့များ၏ စေတနာ၊ မေတ္တာတရားတို့ကို ရှုံ့ချ၊ ကဲ့ရဲ့၊ ဝေဖန်မှုများလည်း တွေ့ရှိခဲ့ရသည်။ ယနေ့ ယခုအပတ် တနင်္ဂနွေနေ့တွင် လုပ်အားဒါန ပြုကြသော လူမှုရေးသမားများ နာရေးကူညီမှု အသင်း (ရန်ကုန်)သို့ ပြန်လည်ရောက်ရှိ လာချိန်တွင် "ဦးကျော်သူရေ … ဦးမောင်ရေ ဒီတစ်ပတ် တော့ စိတ်တော်တော် ထိခိုက်ရ တယ်။ တစ်ချို့တွေက ကျွန်တော်/မတို့နဲ့အတူ ပျော်ရွှင်စွာပူးပေါင်း ဆင်နွှဲကြတယ်၊ တစ်ချို့ တွေကတော့ ကဲ့ရဲ့ကြတယ်၊ အတင်းပြောကြတယ်၊ မတူသလို မတန်သလိုတွေ ကြည့်ကြ တယ်၊ ကျွန် တော်/မတို့နဲ့အတူ ဝိုင်းပြီးလမ်း သန့်ရှင်းရေးအတွက် အမှိုက်ကောက်ချင်ကြ တဲ့ ကလေးငယ်တွေကို မိဘ လုပ်တဲ့သူတွေက မာန်မဲကြတယ်၊ ဆူငေါက်ကြတယ်၊ ဘယ် သူ့အတွက် ကျွန်တော်/မတို့ ဒီလိုအပင်ပန်းခံ ပြီး လာလုပ်ကြတယ်ဆိုတာကို မတွေးကြ တော့ဘူး။ အား အားယားယားလာပြီး ကောက်နေတယ်လို့များ ထင်နေသလား မသိဘူး" စသည်ဖြင့် ပြောဆိုမှုကို ကျွန်တော်ကြားသိခဲ့ရသည်။ ထို့ကြောင့် ကျွန်တော့် ဦးနှောက်ထဲ တွင် အတွေးတစ်ခုပေါ်လာမိသည်။ ထိုအတွေးသည်ကား ကျွန်တော်တို့သည် လူမှုရေး သမားများ ဖြစ်ကြသည်။
ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ကျင့်သုံးနေသူများ ဖြစ်သည်။ ထို့ကြောင့် မည်သည့် လုပ်ငန်းမဆို မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာကိုအရင်းခံ၍ လုပ်ကိုင်ပေးဆပ်နေကြ ရသည်။ ယခုဖြစ်ရပ်သည် တိုင်းပြည်၏ အနာဂတ်အတွက် ဆိုးဝါးလှသော လုပ်ရပ်ပင်ဖြစ် သည်။ လူမှုရေးအသင်းအဖွဲ့များ အနစ်နာခံ၍ မိုးရေထဲ၊ နေပူထဲ အပင်ပန်းခံ၊ အချိန်ကုန်ခံ၊ ငွေကုန်ကြေးကျခံပြီး ထိုထိုသော ရပ်ကွက် လမ်းများ၊ မိမိတို့နေထိုင်ရာအရပ်၊ နေအိမ် လမ်းများ မဖြစ်သော်ငြားလည်း ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ကျန်းမာစွာ နေထိုင်နိုင်ရေး အတွက် မေတ္တာ၊ စေတနာ၊ ကရုဏာတရားများ ရှေ့ရှု၍ လာရောက်ပြီး အမှိုက်ကောက် ပေးခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းပေးခြင်း၊ ပိတ်ဆို့နေသော ရေမြောင်းများအား ဖွင့်လှစ်ပေးခြင်းတို့အပေါ် "မကူညီချင်နေပါစေ အနှောင့်အယှက်တော့ မပေးသင့်ချေ" ။
ဒါ့ကြောင့် …
လူမှုရေးအသင်းအဖွဲ့များ၊ အသင်းသား/သူများသည် … ဘယ်သူ့အတွက်လဲ ?
ဘာအတွက်လာတာလဲ ?
ဘာလာလုပ်ကြတာလဲ ?
သူတို့လာလို့ ငါတို့လမ်း၊ ငါတို့ရပ်ကွက် ဘာဖြစ်သွားလဲ? ... ဘာထူးခြားလာလဲ? ... ဘာတွေများ တိုးတက်လာလဲ? ... ဘာတွေများပြောင်းလဲသွားလဲ? ဟူ၍ ခေါင်းအေးအေး ထားပြီး စဉ်းစားစေချင်တော့သည်။
ကျော်သူ