Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

နှလုံးသားအုတ်မြစ်ချခြင်း-ကျော်သူ

$
0
0
၁၁.၇.၂၀၁၄ ရက်နေ့ (ဝါဆိုလပြည့်နေ့ ဓမ္မစင်္ကြာနေ့) တွင် ကျွန်တော်တို့ တည်ထား ကိုးကွယ်မည့် ပြည်မြို့တစ်ဖက်ကမ်း ရွှေဘုံသာမုနိ မြတ်စွာဘုရားနှင့် တစ်မိုင်နှစ် ဖာလုံအကွာ တောင်ကုန်းပေါ်တွင် ရှိသော "မဟာပဏ္ဍီတ ပရဟိတ အောင်တော်မူ စေတီတော်ကြီး" မြေစိုက်ပန္နက်ချ မင်္ဂလာအခမ်းအနားအား နံနက် (၆း၄၅) အချိန် တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနားတွင် ပြည်မြို့ ကြည်သာအေးမြ ဆရာတော်မှဦးစီး၍ နေ့နံအလိုက် ရတနာရွှေအုတ်များနှင့် ဗုဒ္ဓအောင်မြေများ အပြင် ကျောက်သံ ပတ္တမြားများအား စနစ်တကျထည့်သွင်း၍ သစ္စာအဓိဌာန်များအား ဆရာတော်မှ တိုင်တည်ပေးကာ (၈) ရက်သားများမှ ထည့်သွင်း၍ ကျင်းပပြုလုပ်ခဲ့ ပါသည်။ ထိုအချိန်တွင် နံနက်အစောပိုင်းမှ ရွာသွန်းနေသော မိုးသားများသည် အုတ်မြစ်ချ အခမ်းအနားကျင်းပချိန်တွင် ထူးခြားစွာ မိုးရွာသွန်းမှု ရပ်နားသွားသည်ကို တွေ့မြင်ခဲ့ရပြီး အခမ်းအနားပြီးဆုံး၍ ဘိလပ်မြေများလောင်း၍ အုတ်မြစ်ချ အခမ်း အနား ပြီးဆုံးသွားသည့် အချိန်ကျမှ ပြန်လည်၍ မိုးရွာသွန်းသည်ကို တွေ့မြင်ခဲ့ရ သည်။ ကျွန်တော်သည် ပရဟိတအသင်းအဖွဲ့များ၊ ပရဟိတသမားများ၊ အများ ပြည်သူလူထုတို့ အတွက် သစ္စာအဓိဌာန် ပြုနိုင်ရန်အတွက်၎င်း၊ သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ ခိုင်မြဲစေရန်အတွက်၎င်း၊ ဗြဟ္မစိုရ်တရားများ လွှမ်းခြုံရေးအတွက် ၄င်း ရည်ရွယ်၍ ဤ "မဟာပဏ္ဍီတ ပရဟိတ အောင်တော်မူစေတီတော်ကြီး" အား တည်ထားကိုးကွယ်မှု ပြုလုပ်၍ သာသနာ့ဝန် ထမ်းရွက်နေသလို ကျွန်တော်၏ဇနီး မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက် သည်လည်း ဝိပဿနာတရားတော်မြတ်ကို မှန်ကန် စွာ ကျင့်ကြံအားထုတ်ရန်အတွက် ထားဝယ်မြို့ရှိ ကံယုံဆရာတော်ကြီးထံတွင် ၁ဝ.၇.၂ဝ၁၄ ရက်နေ့တွင် ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှ ထွက်ခွာသွားပြီ ဖြစ်သည်။

ကျွန်တော့်၏ဇနီးအား လေဆိပ်သို့ လိုက်လံပို့ဆောင်စဉ် ကျွန်တော့်၏ ဇနီးရွှေဇီး ကွက်မှ ကျွန်တော့်အား ပြောကြားခဲ့သောစကားအားကျွန်တော်ပြန်လည်၍ ကြား ယောင်မိတော့သည်။ "ကျော် တို့ကလည်း ၁၁.၇.၂၀၁၄ (ဓမ္မစင်္ကြာနေ့) မှာ ပထဝီ မြေကြီးပေါ်မှာ ဘုရားအုတ်မြစ်ချမယ်၊ မြင့် ကလည်း ၁၁.၇.၂ဝ၁၄ (ဓမ္မစင်္ကြာနေ့) မှာ နှလုံးသားမှာ တရားအုတ်မြစ်ချတော့မယ်" ဟူသော စကားပင်ဖြစ်သည်။ မှန်ပါပေသည်။ ကျွန်တော် ထို ၁၁.၇.၂ဝ၁၄ (ဓမ္မစင်္ကြာနေ့) နံနက် (၆း၄၅ အချိန် တွင် "မဟာပဏ္ဍီ ပရဟိတ အောင်တော်မူစေတီတော်ကြီး" တည်ထားရန်အတွက် စတင်ပြီး မြေပန္နက်၊ အုတ်ပန္နက်ချစဉ် ကျွန်တော် တနလာင်္သားအနေဖြင့် ငွေရတနာ အုတ်အား ချလိုက်ပြီး အပေါ်မှ ဘိလပ်မြေနှင့် ကိုယ်တိုင်လောင်းပိတ်လိုက်စဉ် ကျွန်တော့်၏ စိတ်အာရုံထဲတွင် ဤသာသနာ့မြေ (မဟာပဏ္ဍီတ ပရဟိတ အောင် တော်မူစေတီတော်ကြီး) ထဲသို့ ကျွန်တော့်၏ နှလုံးသားအား မြှုပ်နှံလိုက်သလို ကြက်သိမ်းမွှေးများထကာ ခံစားလိုက်မိတော့သည်။

ထို့ကြောင့် ကျွန်တော့်၏ ဇနီးနိမိတ်ဖတ် ပြောခဲ့သလို သူမ၏ နှလုံးသားထဲတွင် တရားအုတ်မြစ်ချခဲ့သလို ကျွန်တော်၏ နှလုံးသားအားလည်း သာသနာအတွက် မဟာပထဝီမြေကြီး (ပရဟိတတောင်ကုန်းတော်) ပေါ်တွင် အုတ်မြစ်ချခဲ့ပြီး ဖြစ်တော့သည်။

(ဤဆောင်းပါးနှင့်အတူ မဟာပဏ္ဍီတ ပရဟိတ အောင်တော်မူစေတီတော်ကြီး ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ငွေအား၊ လူအား၊ အကြံအားတို့ဖြင့်
ကုသိုလ်ဖြစ် ဆောင်ရွက်ပေးခဲ့ကြသော ကြည်သာအေးမြ ဆရာတော်ကြီးနှင့်တကွ အလှူ့ရှင် အလှူ့မများ၊ ပဌာန်းဆက်များအား အထူးကျေးဇူးတင်ရှိကာ
သာဓု ... သာဓု ... သာဓု ဟု နှလုံးသားမှ ခေါ်ဆိုလိုက်ကာ မိမိတို့ပြုခဲ့သမျှ လူမှုရေးကုသိုလ်၊ သာသနာပြုကုသိုလ် ကောင်းမှု အစုစုတို့အား (၃၁) ဘုံ
ကျင်လည်ကုန်သော လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်း ခင်ပွန်းကြီးဆယ်ပါးအပေါင်းတို့နှင့် အစောင့်အရှောက် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်အပေါင်းတို့အား အမျှ
... အမျှ ... အမျှ ဟူ၍ ပေးဝေငှလိုက်ရပါတော့သည်။)

ကျော်သူ

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>