Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အားတင်းထားပါသမီးလေး ______Thorn Nay Soe

$
0
0
သမီးလေးရေ
ဆယ်နှစ်ဆိုတာ မမြန်လှပေမယ့်
အားတင်းထားပါ သမီး။

သမီးဖေဖေဟာ သူရဲကောင်းပါ
သမီးဖေဖေဟာ ရိုးသားသူပါ
သူတတ်တဲ့ပညာလေးနဲ့ သမ္မာအာဇီဝကျကျ
သမီးတို့ကို ရှာဖွေကျွေးမွေးခဲ့တာ။

ဒီလို အသက်မွေးဝမ်းကျောင်းခြင်းကပဲ
သူ့အတွက် နာကျင်စရာဖြစ်လေရော့သလား
သူတပါးကို ထိခိုက်အောင် သူမပြုဘူး
သူတပါးမျက်ရည်ကျမှစားရတဲ့ထမင်းမျိုးမဟုတ်ဘူး
သူတပါး သွေးချွေးတွေပေလူးနေတဲ့
စည်းစိမ်မျိုးမဟုတ်ဘူး။

တကယ်တော့ သူ့မှာစည်းစိမ်လည်းမရှိရှာပါဘူး
သမီးရယ်။
သူမှားခဲ့တယ်ဆိုတောင်
အဲဒီအမှားအတွက်နစ်နာမှု မထင်ရှားပါ
ဒါပေမယ့် သူ့ခမျာ အပြစ်ကြီးကျခဲ့တယ် သမီး။

သမီးကလေးကို
သမီးလေးမေမေကို
ခွဲပြီး
အဝေးကြီးကို သူသွားရတော့မယ်။
ပြန်လာလို့မရတဲ့နေရာ
ကျဉ်းကျပ်လွန်းတဲ့နေရာ
လူမျက်နှာပျောက်နေတဲ့နေရာဆီ။

လက်ထိပ်တွေအခတ်ခံထားရတဲ့ လက်နဲ့
သမီးကို သူကျွေးမွေးခဲ့ခြင်းဟာ
လက်ထိပ်တွေအခတ်ခံထားရတဲ့ကြားက
ပေးအပ်ချင်မိတဲ့
ဖခင်တစ်ယောက်ရဲ့မေတ္တာကိုပြခဲ့ခြင်းပါ။
ကိုယ်တိုင်မလွတ်မလပ် မလှုပ်ရှားသာတောင်မှ
ကိုယ့်ရင်သွေးကို ဝလင်စေချင်တဲ့ မေတ္တာ။
ဒီလို လူမျိုးဟာ ဘယ်လိုလုပ် လူဆိုးဖြစ်နိုင်မှာလဲ
သမီးရယ်။

သမီးလေး အားတင်းထားပါ။
ဒီစကားကိုပဲ ဘေးကပြောနိုင်ခဲ့
အမှောင်အားကြီးလွန်းတဲ့ ရာသီမှာ
ချစ်ခြင်းမေတ္တာဟာလည်း
တစ်ခါတစ်လေ ကျိန်စာသင့်တတ်တာ။

[ အလုပ်ကြမ်းနဲ့ထောင်ဒါဏ် ၁၀နှစ်ကျသွားရှာတဲ့ Unity ဂျာနယ် သတင်းထောက် သူ့သမီးလေးကို ကျွေးမွေးနေပုံပါ]
Thorn Nay Soe

Viewing all articles
Browse latest Browse all 32865

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ချစ်စရာ့ မြန်မာ့ဓလေ့


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>