Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သံန္တိသုခ ဖမ်းဆီးခံသံဃာများ မဟနကို တရားစွဲရန် ဦးတိုက်လျှောက် ဗဟန်းတရားရုံးက လက်မခံနိုင်ကြောင်း ပယ်ချ ။

$
0
0

ရန်ကုန်တိုင်း တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းတိုက်ကနေ အင်အားသုံးဖယ်ရှားခံခဲ့ရတဲ့သံဃာတော်တွေက နိုင်ငံတော်သံဃမဟာ
နာယကအဖွဲ့ကို မတရားချုပ်နှောင်ထားမှု မတရား တားဆီး ကန့်ကွက်မှုနဲ့ တရားစွဲဆိုဖို့ တရားရုံးမှာ ဒီကနေ့ အမှုဖွင့်လှစ်ကြပါတယ်။

မဟာသန္တိသုခကျောင်းတိုက်ကနေလူဝတ်လဲဖယ်ရှားခံခဲ့ရပြီးတရားရင်ဆိုင်နေတဲ့သံဃာတော်တွေက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
ကို ပြန်လည်တရားစွဲဆိုဖို့ ဇူလိုင် ၁၆ ရက်နေ့ မနက် ၁၀ နာရီက ဗဟန်းမြို့နယ်
တရားရုံးမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။

နေလယ်ပိုင်းမှာတော့ ဗဟန်းတရားရုံးက လက်မခံနိုင်ကြောင်း ပယ်ချခဲ့တယ်လို့ အမှုဖွင့် သံဃာထဲက ဆရာတော် ဦးဥတ္တရက မိန့်ကြားပါတယ်။

“တရားရုံးက လက်မခံဘူးလေ။ လက်မခံဘူးဆိုတာက ဒီဟာက စီမံခန့်ခွဲမှု
အရ လက်မခံတာပါတဲ့။ ဥပဒေအရ လက်မခံတာ မဟုတ်ပါဘူးဆိုပြီး
ပြောပြီးတော့ ဘုန်းကြီးတို့တရားစွဲတာ ပြန်ပေးလိုက်တယ်ဆိုတော့ လက်မခံတာပဲပေါ့။”ဒါပေမယ့် ဒီကိစ္စကို ဥပဒေကြောင်းအရ ဆက်လက်
လုပ်ဆောင်သွားမယ်လို့ တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးသန်းထွန်းအောင်က ပြောပါတယ်။

“တိုက်ရိုက်အကြောင်းပြချက်နဲ့ တရားစွဲလာတော့ ဘယ်လိုလုပ်ရမလဲ
ဆိုတာ စီမံခန့်ခွဲမှုအရ တရားရုံးတွေကို ညွှန်ကြားထားတာရှိတယ်။ အဲဒီညွန်ကြားချက်အရ ဒါကို ပြန်ပေးတာပါတဲ့။ စွဲတာကို ပယ်တာ မဟုတ်ဘူးတဲ့။ ဒီအပေါ်မှာ ဥပဒေနဲ့ ဆက်စပ်ပြီးတော့ လုပ်စရာရှိတာ ဆက်လုပ်ပါတဲ့။”

ဇွန်လ ၁၁ ရက်နေ့က ပီနန်ဆရာတော်ဘုရားကြီးရဲ့ တပည့်သံဃာတော်တွေ သတင်းသုံးနေတဲ့ သံန္တိသုခ ကျောင်းတိုက်ကို လုံခြုံရေး အင်အားသုံးဝင်ရောက်ခဲ့ပါတယ်။ ဒီနောက် ကျောင်းတိုက်ကို ချိပ်ပိတ်ပြီး အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာငါးပါးကို လူဝတ်လဲခဲ့တာပါ။

ဒီနောက်အင်းစိန်ထောင်မှာ ချုပ်နှောင်ဖမ်းဆီးခံခဲ့ရပြီး အာမခံနဲ့ လွှတ်ပေးထား
တာပါ။ ဒီနောက်မှာတော့ ကျူးကျော်နေထိုင်မှု၊ သာသနာညှိုးနွမ်းမှုတွေနဲ့ တရားစွဲဆိုခဲ့တာကြောင့် အမှုရင်ဆိုင်နေကြရပါတယ်။
DVB

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


လုလုအောင် HD အသစ်


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အမျိုးသားများနဲ့ ပါတီတက်ပြီး အရက်သောက်လို့ ကြိမ်ဒဏ်အချက် ၈၀ အပြစ်ပေးခံရတဲ့...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)