Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

"အာဇာနည်နေ့ ပုသိမ်တွင်မီးသတ်ကားများ၊သင်္ဘောများ ဥသြဆွဲဂုဏ်ပြုမည်"

$
0
0
ဇူလိုင်လ ၁၉ရက်၌ ကျရောက်မည့် (၆၇)နှစ်မြောက် အာဇာနည်နေ့တွင် ဧရာဝတီတိုင်း ပုသိမ်တစ်မြို့လုံးတွင် မီးသတ်ကားများ ဖြန့်ကျက် ဥသြဆွဲခြင်း၊ သင်္ဘောများမှလည်း ဥသြဆွဲခြင်းများဖြင့် ဂုဏ်ပြုမည်ဟု ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက မဇ္ဈိမကို ပြောသည်။

“ဥသြဆွဲဖို့ မီးသတ်ကားတွေကော သင်္ဘောတွေပါ ဆွဲမှာပါ၊ ပြည်သူတွေ အနေနဲ့လည်း လုပ်ဆောင်လို့ရပါတယ်၊ ကျွန်တော်တို့ တိုင်းကတော့ သူများတိုင်းဒေသကြီးနဲ့  မတူဘူး၊ ဝန်ကြီးချုပ်က အာဇာနည်နေ့ကို အလေးထား ဆောင်ရွက်ပေးထားပါတယ်၊ မြို့တော်ခန်းမဆိုရင် ဗိုလ်ချုပ်
မိန့် ခွန်းတွေ၊ သီးချင်းတွေကို ၁၈ ရက်မှာ ဖွင့်လှစ်ပေးမယ်” ဟု ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက မဇ္ဈိမကို ပြောသည်။

ပုသိမ်မြို့တွင် ၁ဝနာရီ ၃၇မိနစ်၌ အာဇာနည်နေ့ဥသြဆွဲချိန်တွင် ပြည်သူများကလည်း တတ်နိုင်သည့်ဘက်မှ ပူးပေါင်းရန်လည်း ၎င်းက တိုက်တွန်းလိုက်သေးသည်။

ယခုနှစ် အာဇာနည်နေ့အတွက် ယခင်နှစ်ထက် ပိုမိုထူးခြားစေရန် ဗိုလ်ချုပ်အောင်ဆန်းအောက်မေ့ဖွယ်အမှတ်တရ ပြခန်းကို ပြည်သူများ ကြည့်ခွင့်ရအောင် လုပ်ဆောင်ထားပြီးပြခန်းများကို ဇူလိုင်လ ၁၇၊ ၁၈၊ ၁၉ရက်များတွင် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှတ်တမ်း ရုပ်ရှင်၊ ဓါတ်ပုံ၊ စာအုပ်စာတမ်းတွေကိုလည်း ပြသွားမည်ဟု ဦးချစ်ကိုကိုက ပြောသည်။ ယင်းအပြင် ကျောင်းများတွင်လည်း အာဇာနည်နေ့အတွက် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ဟောပြောပွဲများ လုပ်နေပြီဖြစ်ပြီး ဇူလိုင်လ ၁၈ရက်တွင် ဆုပေးပွဲ လုပ်မည်ဟုသိရသည်။

အာဇာနည်နေ့တွင် ပုသိမ်မြို့ မြို့တော်ခန်းမ၌ နံနက် ၄နာရီခွဲတွင်ဆရာတော် ၁၁ပါးအား ဆွမ်းကပ်ပြီး၊ အာဇာနည်ကျောက်တိုင် တွင် နံနက် ၇း၃ဝ၌ နေရာယူကာ၊ နံနက် ၈ နာရီမှ စတင်ပြီး တိုင်းဒေသကြီးအစိုးရတွင် လွမ်းသူပန်းခွေချခြင်း၊ ပါတီများနှင့် ပြည်သူများက ဆက်လက် အလေးပြုခြင်း၊ လွမ်းသူပန်းခွေချခြင်းများ လုပ်ဆောင်မည်ဖြစ်သည်။ ပုသိမ်မြို့ လူမှုရေး
အဖွဲ့များမှလည်း လမ်းထောင့်များတွင် ဥသြဆွဲခြင်းများ ပြုလုပ်မည်ဖြစ်သည်။

အာဇာနည်နေ့၌ ရန်ကုန်တွင်မူ ဥသြဆွဲဂုဏ်ပြုသည့် ကားများကို လိုင်စင်ပိတ်သိမ်း အရေးယူမည်ဟု ကြေငြာထားသည်။

သတင်း- စည်သူမောင်မောင်(မဇ္ဈိမ)

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>