Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ညအမှောင်ကို ပြည်သူ့ရဲတို့ ဘာကြောင့်ကြိုက်

$
0
0
မဟာသန္တိသုခမှသံဃာများကို ဖမ်းဆီးခေါ်ဆောင်လာပြီးနောက် လုံခြုံရေးပေးနေသည့် ရဲတပ်ဖွဲ့ဝင်များ [ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)]
http://www.7daydaily.com/
မှုခင်းဖြစ်စဉ်များတွင်သာမဟုတ် နိုင်ငံအနှံ့ဖြစ်ပွားနေသည့် ပြဿနာများ၌ ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်ပြီးဖြေရှင်းရာတွင် ညအမှောင်ကို ရွေးချယ်ဆောင်ရွက်ခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်လာသည်။ မည်သည့်အတွက်ကြောင့် ညအချိန်ကို ရွေးချယ်အသုံးပြုကြသနည်း။ သံသယရှိသူ လွတ်မြောက်သွားမည် စိုးရိမ်သောကြောင့်လား (သို့မဟုတ်) ပြန်လည်ရန်ပြုတိုက်ခိုက်မည် စိုးသောကြောင့်လား။ မည်သည့်အကြောင်းပြချက်ရှိပါစေ ရဲတပ်ဖွဲ့က အလိုရှိနေသော သံသယရှိသူနေထိုင်သည့် ပတ်ဝန်းကျင်ကို ညအချိန်ဝင်ရောက်စီးနင်းသောကြောင့် အချို့ပြဿနာများမှာ မလိုအပ်ဘဲ ပို၍ကြီးသွားရသည်။

မှုခင်းဖြစ်စဉ်နှင့် လားလားမျှ မသက်ဆိုင်သည့် ပြည်သူအချို့မှာ ကျီးလန့်စာစား ဖြစ်ကြရသည်။ ပို၍ဆိုးသည်မှာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရန် တာဝန်ယူထားသည့် ရဲတပ်ဖွဲ့၏ စီမံခန့်ခွဲမှု လိုအပ်ချက် အချို့ကြောင့် ပြည်သူလူထုကိုယ်တိုင် အယုံအကြည်ကင်းမဲ့သွားခြင်းဖြစ်ပါသည်။

အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် မန္တလေးပဋိပက္ခ တည်ငြိမ်စပြုနေပြီဖြစ်သည့် အခြေအနေတွင် နောက်ဆက်တွဲ သံသယရှိသူအချို့ကို အရပ်ဝတ်ရဲများက ညအချိန် ဝင်ဖမ်းသောကြောင့် ဒေသခံများနှင့် ရဲများကြား ရုန်းရင်းဆန်ခတ်ဖြစ်ကာ မြို့ခံများမှာ စိုးထိတ်မှုများဖြင့် လှုပ်လှုပ်ရှားရှား ပြန်ဖြစ်ခဲ့ရသည်။ ဇူလိုင် ၁၂ ရက် ညဦးပိုင်းက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်၌ လူနှစ်ဦး သေဆုံးခဲ့ရသည့် ပဋိပက္ခကြောင့် ညမထွက်ရအမိန့်နှင့်အတူ စစ်တပ်ကပါ လုံခြုံရေးစောင့်နေသောကြောင့်သာ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်ကို အချိန်မီထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ချမ်းအေးသာစံဖြစ်စဉ်ကဲ့သို့ပင် စီမံခန့်ခွဲမှုအလွဲများကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ရသည့်အပြင် ရဲတပ်ဖွဲ့၏ ပုံရိပ်ကျဆင်းရသော ဖြစ်စဉ်များ အစိုးရသစ်လက်ထက်တွင် မကြာခဏဆိုသလို ဖြစ်ပွားခဲ့သည်။

ယခင် စစ်အစိုးရလက်ထက် စစ်ထောက်လှမ်းရေး အပါအဝင် ရဲတပ်ဖွဲ့များ နှစ်ခြိုက်စွဲလမ်းခဲ့သည့် ဗျူဟာတစ်ခုလည်း ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များ ကြိုးတုပ်အရိုက်ခံခဲ့ရသည့် နေပြည်တော် ဝဲကြီးဖြစ်စဉ်သည် နိုင်ငံအတွင်း ဂယက်ရိုက်မှုကြီးခဲ့သည်။ မဟာသန္တိသုခဖြစ်စဉ်သည် ပြဿနာတစ်ခုကို အရင်းခံ၍ အလိုရှိနေသည့် သံဃာများကို ဖမ်းဆီးသည်ထက် လက်နက်မဲ့သူကို တရားဝင်လက်နက်ကိုင်ဆောင်ခွင့်ရထားသူက ညအချိန်မတော် ဝင်ရောက် အင်အားသုံးပြီး အကြမ်းဖက်သည်နှင့် ဆင်တူနေသည်။

‘‘ကျုပ်တို့အာဏာပိုင်များဟာ အတော်လေး အမှောင်ကြိုက်ပုံရပါတယ်။ တစ်ခုခုမဟုတ်တာ လုပ်မယ်ဆိုရင် သူတို့ ဗျူဟာမြောက်ရွေးတဲ့အချိန်ဟာ ညအခါပါ။ ဟိုတစ်နှစ်က လက်ပံတောင်းသပိတ်စခန်းကို ၀င်စီးပြီး သံဃာအချို့ကို မီးလောင်ဗုံးစာကျွေးတဲ့ အချိန်ဟာလည်း သန်းခေါင်ကျော် လေးချက်တီးတဲ့ အရုဏ်တက်ချိန်ကြီးမှာ မဟုတ်လားဗျာ’’ဟု သရော်စာရေးသားသူ ဘစီက သူ့ဆောင်းပါးတစ်ပုဒ်တွင် သရော်ထားသည်။ ရဲတပ်ဖွဲ့ဝင်များဘက်ကတော့ သံသယရှိသူများကို ညအချိန် ဝင်ရောက်ဖမ်းဆီးသည့် ဖြစ်စဉ်များပေါ် မူတည်၍ ရင်ဆိုင်လာရသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန် ခိုင်လုံသော အကြောင်းပြချက်မျိုးစုံ အဆင်သင့်ရှိနေပါသည်။

‘‘အော်ပရေးရှင်းမလုပ်ဖူးတဲ့သူတွေ မသိနိုင်တဲ့ အချက်တွေရှိတယ်။ ညကြီးဝင်ဖမ်းတော့ ကာယကံရှင်မိသားစုရဲ့ ဂုဏ်သိက္ခာအရလည်း ကောင်းတယ်။ လူမသိလိုက်ဖူးပေါ့။ တို့ရဲ့တပ်ဖွဲ့ဝင်တွေက လိုအပ်တယ်ဆိုရင် တရားခံတစ်ယောက်ကို ဘယ်အချိန်မဆို ဝင်ဖမ်းနိုင်တယ်။ ဖမ်းဝရမ်းနဲ့ လိုအပ်တဲ့ အထောက်အထားတွေတော့ ပါရမှာပေါ့’’ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းအထူးတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

သို့သော် ယခုလတ်တလော နမူနာများက လူပုဂ္ဂိုလ်တစ်ဦးဦး ဂုဏ်သိက္ခာအတွက် ညအမှောင်တွင် စောင့်ဖမ်းရမည့် ပြဿနာများ မဟုတ်ပါ။

‘‘သေနတ်တွေနဲ့ လမ်းထဲကို ရုတ်တရက်ဝင်လာတာ။ မြင်မြင်ချင်း ကြောက်လန့်သွားပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး။ တကယ်ဆိုရင် ပဋိပက္ခဖြစ်နေဆဲအချိန်မို့လို့ ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်တယ်။ အခုတော့ ကလေးတွေရော လူကြီးတွေပါ နေစရာမရှိတော့အောင် လန့်ဖျပ်ကုန်တာ’’ဟု ချမ်းအေးသာစံမြို့နယ်တွင် ဇူလိုင် ၁၂ ရက်ညက ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် နေရာအနီးမှ ဒေသခံအမျိုးသားတစ်ဦးက ရင်ဆိုင်ခဲ့ရသည့်အခြေအနေကို ပြောပြသည်။

မိမိကိုယ်တိုင်လည်း ပြစ်မှုကျူးလွန်သူမဟုတ်ပါဘဲ ယခုကဲ့သို့ ရုန်းရင်းဆန်ခတ်မှုများ ရင်ဆိုင်ရခြင်းမှာ လူ့အခွင့်အရေးပေတံနှင့် တိုင်းတာပါက ဒေသဆိုင်ရာအစိုးရ၏ တာဝန်မဲ့မှုဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက သုံးသပ်ပြောကြားသည်။

‘‘ဒီဖြစ်စဉ်တွေက စစ်အုပ်ချုပ်ရေးကာလတုန်းက ပုံစံတွေလိုပဲ။ အရေးတကြီးတရားခံဆိုရင် မပြောလိုပါဘူး။ အခုက အမှုသေးသေးလေးတွေဆိုရင် ညဘက်ဝင်ဖမ်း၊ ဘာမဟုတ်တဲ့ အမှုလေးတွေကိုလည်း အချိန်မတော် ရဲက ၀င်ဖမ်းတော့ ဘေးကလူတွေကိုပါ လှန့်လိုက်သလို ဖြစ်နေတာပေါ့။ လူ့အခွင့်အရေးနဲ့တိုင်းတာရင် အရမ်းနစ်နာပါတယ်’’ဟု ဦးမြင့်အေးကဆိုသည်။

စစ်အစိုးရလက်ထက် နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခဲ့ချိန်ကလည်း ထိုကဲ့သို့ ညအမှောင် လူခြေတိတ်ချိန်တွင် ဖြစ်သည်။

အရပ်သားအစိုးရလက်ထက် ကျူးကျော်ဝင်စီးသည့်အခါတွင်လည်း လူခြေတိတ်ချိန်ရွေးချယ်ကာ အပြန်အလှန်ရိုက်ကြ၊ နှက်ကြနှင့် ဇာတ်သိမ်းမကောင်းဖြစ်ကြရသည်။

‘‘ရပ်ကွက်တစ်ခုမှာ သင်္ကာမကင်းကိစ္စနဲ့ ၀င်ဖမ်းမယ်ဆိုရင် ရပ်ကွက်တာဝန်ရှိသူတွေပါမယ်။ ရပ်ကွက်တာဝန်ရှိသူတွေနဲ့ ညှိညှိနှိုင်းနှိုင်းလုပ်မှ ရပ်ကွက်ရဲ့ အေးချမ်းသာယာရေးကို လုပ်ဆောင်ရာကျတယ်လို့ ယူဆတယ်။ ရဲတပ်ဖွဲ့အပေါ်လည်း သံသယမဝင်တော့ဘူးပေါ့’’ဟု ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အဖွဲ့ဝင် ကိုဖြိုးမြင့်သိန်းကပြောသည်။

ပြည်သူတစ်ယောက်အနေဖြင့် ကိုယ်တိုင်က နိုင်ငံသားတစ်ယောက်အနေဖြင့် ရနိုင်မည့် အခွင့်အရေးကို လုံးစေ့ပတ်စေ့ မသိနိုင်သေးမီ နိုင်ငံတော်ကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် စနစ်တကျသင်ယူခွင့်ရသူတို့က ဥပဒေကို တလွဲအသုံးချသောအခါ (သို့မဟုတ်) စီမံခန့်ခွဲမှု လွဲချော်သွား၍ နောက်ဆုံးနစ်နာသူမှာ ပြည်သူထဲမှ ပြည်သူသာ ဖြစ်ပါသည်။

အထက်ပါအကြောင်းအရာများသည် ပွင့်လင်းမြင်သာမှု ‘Transpancy’ဆိုသည့် အသုံးအနှုန်းကို တွင်တွင်သုံးနေသည့် သမ္မတဦးသိန်းစိန်လက်ထက်တွင် ဖြစ်ပွားနေခြင်းဖြစ်သည်။ ။

မဟာသန္တိသုခကျောင်းတော်ကြီးကို ညဘက်ဝင်စီးပြီးနောက်တွေ့ရစဉ် [ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)]

Viewing all articles
Browse latest Browse all 32865

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>