Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

“အာဇာနည်နေ့ ”-မင်းကောင်းချစ်

$
0
0
 စိန်တောင်…စိန်သွား…
ယုံကြည်ခြင်းတရား…ဘောင်ကျက်ထားတဲ့…
ပြည်သူ့ နှလုံးသား…ကင်းဘတ်ပြားပေါ်မှာ…
အောင်ဆန်းနဲ့…အာဇာနည်တွေ…
ရဲရင့်စွာဖန်ဆင်း…
စုတ်ချက်ပြင်း…ပန်းချီကား…
တောက်တောက်ကြွားကြွား…ခန့် ခန့် ညားညား
ပျိုမြစ်နီမောင်း…သမိုင်းသစ်လောင်းဆဲ…။


အဲဒီ့…မှော်ဝင်ပန်းချီကားကို…
သူခိုးစစ်ဓါးပြ…လူပွေ…
အမျိုးမစစ်သ…သူတွေက…
မလိုတမာ စရိုက်ကြမ်းနဲ့…
အိမ်ဦးခန်းကဖယ်….
မေ့ပင်လယ်မှာ…ချောင်ထိုး…
မှိုချိုး မျစ်ချိုး…
ဒါ…သွေးရိုး…သားရိုးမဟုတ်…။


 ဒီ ပန်းချီကား…
ဖျက်လို့လည်း မ၀ါး…
ပျက်လို့လည်း မသွား…
လူထုနှလုံးသားမှာ စွဲထင်…
အသက်ဝင်လို့ မဆုံး…
ဖျက်သူသာ…သုဉ်းမဟေ့....
တိမ်ဆိုတာ…အမြဲ မဖုံးဘူးမိတ်ဆွေ….။ ။


မင်းကောင်းချစ်

မေးလ်မှတဆင့်ပေးပို့လာသော ကိုသန်းဝင်းအား အထူးကျေးဇူးတင်ရှိပါသည်..

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>