Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

နိုင်ငံတော်သမ္မတနှင့် အနုပညာရှင်များ တွေ့ဆုံပွဲ မဟာသန္တိသုခနှင့် ပတ်သက်သူများအား ဖိတ်ကြားခြင်းမရှိဟု သတင်းများထွက်ပေါ်

$
0
0

မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တွင် ဇူလိုင်လ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အနုပညာရှင်များ တွေ့ဆုံသည့်ပွဲ၌ မဟာသန္တိသုခ ကျောင်းတော်ကြီး ကိစ္စတွင် ပါဝင် ပတ်သက်ခဲ့ဖူးသော အနုပညာရှင်များအား ဖိတ်ကြားခြင်း မရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အနုပညာရှင်များ ပထမဆုံးအကြိမ် တွေ့ဆုံပွဲသို့ ပြည်ထောင်စု ၀န်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးလူမင်း၊ ဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးတင်ဦးလေး၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ဥက္ကဋ္ဌ ပန်တျာဦးမြကြည်နှင့် အနုပညာရှင်များ တက်ရောက် ခဲ့ကြသည်။

““ဒီလိုမျိုးပြောခြင်းက ကျွန်တော်လည်း ကြားတော့ကြားနေတယ်။ ဒါပေမဲ့ တိတိကျကျတော့ မသိပါဘူး။ ကျွန်တော့်ကို ဖိတ်ကြားခြင်း မရှိပါဘူး။ အဲ့လိုမျိုးက ဟုတ်ချင်မှလည်း ဟုတ်မယ်။ ဟုတ်တယ်ဆိုရင်တော့ စိတ်မကောင်းစရာပေါ့။ သန္တိသုခနဲ့ ပတ်သက်တာလည်း နိုင်ငံတော် ပုန်ကန်တာလည်း မဟုတ်ဘူး။ တိုက်ဆိုင် တာလား တကယ်တော့ မဖိတ်တာ သေချာတယ် ခင်ဗျ””ဟု မဟာသန္တိသုခ ကျောင်းတော်ကိစ္စတွင် ပါဝင် ဆောင်ရွက်ခဲ့သူ ရုပ်ရှင်သရုပ်ဆောင် ဦးဇင်ဝိုင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။ အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ရန် ကန့်သတ်ချက်များ များပြားလွန်းပြီး အနုပညာရှင် လောကသားများ အားလုံး အခွင့်ရေးအတွက် ပြောနိုင်မည် မထင်သောကြောင့် မတက်ရောက်သူများလည်း ရှိသည်။

““ပထမတော့ သွားမလို့ပါပဲ။ နောက်တော့ ကန့်သတ်ချက်တွေ တအားများတယ်လို့ ကြားနေရလို့။ တအားများတယ် ဆိုတာ သန္တိသုခ အရေးအခင်းမှာပါတဲ့ သူတွေကို မခေါ်ဘူးလို့။ ဟိုဟာမပြောရဘူးတို့၊ ဒီဟာမပြောရဘူးတို့ နောက် ၁၀ မိနစ်ပဲ စကားပြောခွင့်ပေးတာတို့ အဲ့လိုတွေ ဖြစ်လာတော့ ကျွန်တော်တို့က ဘာဖြစ်လာလဲဆိုတော့ အကန့်အသတ်ကြီးနဲ့ သွားတွေ့ရသလို ဖြစ်နေတယ်။ တွေ့ရုံလေး တွေ့ပြီး ပြန်လာရမယ့် ကိစ္စကျတော့ ကျွန်တော်တို့ လောကသားတွေကို အားနာတယ်””ဟု ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြောသည်။
အဆိုပါပွဲအား မတက်ရောက်သူများထဲမှ တစ်ဦးဖြစ်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကလည်း ““သမ္မတကို အယုံအကြည် မရှိလို့ မတက်တာပါ။ တခြား ထွေထွေထူးထူးတော့ မရှိပါဘူး””ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ မြန်မာငြိမ်းချမ်းရေးစင်တာသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ““အဲဒီဟာက ကျွန်တော်တို့က နေရာထိုင်ခင်းပဲ လုပ်ပေးတာဗျ။ ကျွန်တော်တို့ Myanmar Peace Center မှာက နေရာ ထိုင်ခင်းပဲ လုပ်ပေးတာ။ အဲဒါ ကိုဇာဂနာကို မေးကြည့်လိုက်။ ဖိတ်တဲ့ကိစ္စတွေက သူပိုသိလိမ့်မယ်””ဟု ဒါဩရိုက်တာ တစ်ဦးဖြစ်သူ ဦးမင်းဇော်ဦးက ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲနှင့် ပတ်သက်၍ ပွဲစီစဉ်သူ ဦးသူရ (ခ) ဇာဂနာကို မြန်မာသံတော်ဆင့် သတင်းဌာနမှ ဆက်သွယ် မေးမြန်းခဲ့ရာ ““ရုပ်ရှင် အစည်းအရုံးက စီစဉ်တာလေ။ ကျွန်တော် ဖိတ်တာ မဟုတ်ဘူး။ ရုပ်ရှင် အစည်းအရုံးနဲ့ ဂီတအစည်းအရုံးက တာဝန်ရှိသူက ဖိတ်တယ်။ ကျွန်တော်တို့က ဖိတ်ကြားတဲ့ အလုပ်တော့ ကျွန်တော် မလုပ်ဘူး။ ကျွန်တော်က အစည်းအရုံးဝင်လည်း မဟုတ်ဘူးလေ။ ရုပ်ရှင်အစည်းအရုံးရဲ့ အမှုဆောင် အဖွဲ့ဝင်လည်း မဟုတ်သလို အဖွဲ့ဝင်လည်းမဟုတ်ဘူး။ ကျွန်တော်က ရုပ်ရှင်မှာလည်း မပါဘူး။ သဘင်မှာလည်း မပါဘူး””ဟု ပြောသည်။

သမ္မတနှင့် အနုပညာရှင်များ တွေ့ဆုံပွဲတွင် ပြည်တွင်းမီဒီယာ အများစုမှ သတင်းသမားများက ယူနတီဂျာနယ်မှ သတင်းသမား ၄ ဦးအား ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ခြင်းအား ကန့်ကွက်သည့် အနေဖြင့် “မီဒီယာ ဖိနှိပ်မှုရပ်” စာသားပါ ကန်ပိန်းအင်္ကျီများ ၀တ်ဆင်လာခဲ့ပြီး မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ အတွင်းသို့ ပေးမ၀င် သောကြောင့် MPC ရှေ့၌ ငြိမ်သက်စွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဝိုင်းမော်

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>