Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပုဒ်မ ၄၃၆ ပြင်ရေး လွှတ်တော်လိုက်လျောဖို့လိုအပ်ကြောင်း ကိုမင်းကိုနိုင် ပြောကြား

$
0
0
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့အတွက် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ပြည်သူတွေလက်မှတ်ရေးထိုးဆန္ဒပြုထားတာတွေကို လွှတ်တော်က အကောင်းဆုံးပုံစံနဲ့ လိုက်လျောပေးရမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ ပြောလိုက် ပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ ဆန္ဒပြုလက်မှတ်တွေကောက်ယူတာနဲ့ပတ်သက်ပြီး RFA က သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အခုလိုပြောခဲ့တာပါ။

"ပြည့်သူ့ဆန္ဒကို ဘယ်လောက်အလေးအနက်ပြုတယ် ဆိုတာကို ကျနော်တို့ နံပါတ်တစ် ကြည့်ရပါလိမ့်မယ်၊ ဒါက လူထုလှုပ်ရှားမှု တစ်ခုအနေနဲ့ ငြိမ်းချမ်းစွာလည်းဖြစ်ရမယ်၊ အများပြည်သူ လက်ခံနိုင်မဲ့ နည်းလမ်းလည်း ဖြစ်ရမယ် အဲ့လိုမျိုး စပြီးတော့ရွေးကြတာပေါ့ အဲ့ဒီတော့ ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်စေချင်တယ်ဆိုရင် ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ထားတဲ့ ပြည်သူ့လှုပ်ရှားမှုကို နံပါတ်တစ် အနိမ့်ဆုံး အသိအမှတ်ပြုရမယ် ပြီးရင်လက်ခံစဉ်းစားရမယ် ပြီးတော့ အဲ့ဒါကို ဘယ်လိုပုံနဲ့ အကောင်ဆုံး လိုက်လျောပြီးတော့ ဖြည့်ဆည်းပေးမလဲဆိုတာ လွှတ်တော်က စဉ်းစားသင့်တယ်"

ပုဒ်မ ၄၃၆ ကိုမပြင်ဆင်ဘဲ တိုင်းရင်းသားအရေးနဲ့ ဒီမိုကရေစီအရေးကို ဖြေရှင်းနိုင်မှာမဟုတ်သလို၂၀၁၅ ရွေးကောက်ပွဲလွန်ကာလတွေမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆက်ပြီးလှုပ်ရှားနေရမှာဖြစ်တယ်လို့လည်း ကိုမင်းကိုနိုင်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒသဘောထား လက်မှတ်ကောက်ခံနေတာဟာ မနက်ဖြန် ဇူလိုင်လ ၁၉ ရက်ဆိုရင် သတ်မှတ်ရက်ကုန်ဆုံးပြီဖြစ်ပါတယ်။
RFA

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>