Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဇူလိုင်၁၉ ရက်နေ့အာဇာနည်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဥသြဆွဲခြင်းပြုလုပ်သွားမည်

$
0
0

ဇူလိုင်၁၉ရက်နေ့တွင်ကျရောက်သည့် ၆၇ကြိမ်မြောက်အာဇာနည်နေ့ နံနက်၁၀နာရီ၃၀ မိနစ်တွင် ဥသြဆွဲခြင်းအစီအစဉ် ကို မြန်မာ့မီးရထား၊မီးသတ်ဦးစီးဌာန စသည့်ဌာနဆိုင်ရာအစီအစဉ်များဖြင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင်လည်း မိမိတို့အစီအစဉ်ဖြင့်ဥသြဆွဲမည့်အစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ၆၇ နှစ်မြောက်အာဇာနည်နေ့ဖြစ်သော ဇူလိုင် ၁၉ရက် မနက်ဖန်တွင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသောအချိန်ဖြစ်သည့် နံနက် ၁၀နာရီ ၃၇မိနစ်တွင် စက်ရုံအလုပ်ရုံများနှင့် မီးသတ်တပ်ဖွဲ့စခန်းများ တွင် သြဥဆွဲခွင့်ပေးထားကြောင်း တာဝန်ရှိသူတစ်ဦးက ရန်ကုန်မီဒီယာဂရု(ပ်)သို့ပြောသည်။ နိုင်ငံတော်သမ္မတက စက်ရုံ အလုပ်ရုံများနှင့် မီးသတ်စခန်းများတွင် ဥသြဆွဲရန် ညွှန်ကြား ထားကြောင်းလည်း အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမီးသတ်တပ်ဖွဲ့စခန်းများကလည်း အဆိုပါ သတင်းဟုတ်မှန်ကြောင်း အတည်ပြုသည်။ ထို့အပြင်အဆိုပါအချိန် တွင် မြန်မာ့အသံနှင့် မြန်မာ့ရုပ်မြင်သံကြားတို့တွင် ကျဆုံးရဲဘော်ခရာမှုတ်ခြင်းနှင့် အလံ တိုင်တစ်ဝက်လွှင့်ထူခြင်း
တို့ကို ယခင်နှစ်ကဲ့သို့ပင် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း မြန်မာ့ရုပ်မြင်သံကြားမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။`ဒီအစီအစဉ်က မနှစ်ကတည်းက စတာပါ။ဒီနှစ်လဲ မြန်မာ့အသံနဲ့မြန်မာ့ရုပ်မြင်သံကြားမှထုတ်လွှ့င်ပြ သမှာဖြစ်ပါတယ်။ ဥသြဆွဲတာမဟုတ်ပါဘူး။ကျဆုံးရဲဘော်ခရာမှုတ်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုမှာဖြစ်ပါတယ်။`ဟု ထိုအရာရှိကဆက်လက်ပြောကြားသည်..

Kyaw Swar Myint

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>