Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဂါရ၀ပြုသူများ အဆင်ပြေရေးကို ဦးစားပေးခဲ့ခြင်းဖြစ်ပြီး ဘယ်မီဒီယာကိုမှ စော်ကားလိုစိတ်မရှိဟု ဝေဠုကျော်ပြော

$
0
0


http://www.7daydaily.com/
အာဇာနည်နေ့တွင် အာ ဇာနည်ကုန်း အလေးပြုသောနေ ရာ၌  ကြက်ခြေနီအဖြစ် တာဝန် ထမ်းဆောင်သော ဝေဠုကျော်နှင့် မီဒီယာသမားတစ်ဦးတို့    က တောက်ကဆဖြစ်ခဲ့ပြီး  ၎င်းအ နေဖြင့် လာရောက်ဂါရ၀ပြုသူများ အဆင်ပြေစေရေးကိုသာ ဦးစား ပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သရုပ်ဆောင်ဝေဠုကျော်က ပြော သည်။

အာဇာနည်ကုန်းပေါ်တွင် ဒီဗီဘီသတင်းဌာနမှ သတင်း ထောက်တစ်ဦးကို အလေးပြုပြီး ပြန်ဆင်းရန် ပြောရာမှ ကတောက်ကဆဖြစ်ပြီး   သတင်းထောက် ကတ်ပြခိုင်းခဲ့ရာ သတင်းထောက် က မကျေနပ်သဖြင့် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တွင် ဖြစ်ခဲ့သည့်အ ကြောင်းအရာကို    ရေးတင်ခဲ့ ခြင်းဖြစ်သည်။
ထိုသို့ရေးခြင်းနှင့်ပတ်သက် ၍ ဝေဠုကျော်က လာရောက်ဂါရ ၀ပြုသည့် ပြည်သူများ အဆင်ပြေ ပြေ ဂါရ၀ပြုနိုင်ရေးအတွက်ကို သာ ဦးစားပေးဆောင်ရွက်ခဲ့ပြီး အားလုံးကို တစ်ပြေးညီ ဆက်ဆံ ခဲ့ကြောင်း ပြောသည်။

‘‘ဘယ်မီဒီယာကိုမှ စော် ကားလိုစိတ်မရှိပါဘူး။ သူဘယ် သူလဲဆိုတာလည်း   ကျွန်တော် မသိဘူး။ သူက ကျွန်တော့်ကိုပြော ပါတယ်။ သူက ဒီဗီဘီသတင်း ထောက်ပါတဲ့။ အဲဒါနဲ့ ကျွန်တော် က ကတ်ပြားလေးပြပါလို့ ပြောပါ တယ်။ သူ ကတ်ပြားပြလို့ သတင်း ယူမယ်ဆိုရင်   ယူခွင့်ပေးရမှာ လေ။ သူက ကတ်ပြားမရှိတော့ ဘူး၊ ပျောက်သွားတယ်ဆိုတော့ သူဘယ်သူလဲ ကျွန်တော်မသိဘူး လေ။ အဲဒါကြောင့် ဟိုဘက်က သွားရိုက်ပေးလို့ ကျွန်တော်ပြောခဲ့ တာ။ အဲဒီအပေါ်မှာ သူ့ဘက်က အကောင်းမမြင်တာတော့ ကျွန် တော်လည်း   မတတ်နိုင်ပါဘူး’’ ဟု ၎င်းက ပြောသည်။
မီဒီယာကတ်ပြားပြနိုင်သူကို မောင်းချပါက ၎င်း၏ အမှားဖြစ် ပြီး ၎င်းဘက်မှ မီဒီယာကတ်ပြား မပြနိုင်သောကြောင့် ဂါရ၀ပြု သည့်နေရာတွင် ဓာတ်ပုံရိုက်နေ သူများကဲ့သို့ ဂါရ၀ပြုသည့်နေရာ မှဆင်း၍ တစ်ဖက်တွင် သွား ရောက်ရိုက်ကူးရန် ပြောခဲ့ခြင်းဖြစ်ကြောင်း ဝေဠုကျော်ကပြောသည်။
ကြက်ခြေနီတစ်ဦးအနေ ဖြင့်   နိုင်ငံတော်ပွဲတိုင်းတွင်   ပါ ၀င်လေ့မရှိသော်လည်း အာဇာ နည်နေ့တွင် လာရောက်ဂါရ၀ပြု သူ အလွန်များသောကြောင့် အ ဆင်ပြေပြေ ဂါရ၀ပြုနိုင်ရန် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်ဟု  ၎င်းက ပြော သည်။
ဝေဠုကျော်သည် ရန်ကုန် တိုင်း ကြက်ခြေနီအဖွဲ့တွင် တပ် ခွဲမှူးရာထူးဖြင့်   စည်းရုံးရေးမှူး တာဝန်    ထမ်းဆောင်လျက်ရှိ သည်။

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>