Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားသို့ အစိုးရနှင့် ပြည်ခိုင်ဖြိုးပါတီအား ဖိတ်ကြားမည် မဟုတ်ဟုဆို

$
0
0

သြဂုတ်လ (၇) ရက်နေ့တွင် ကျရောက်မည့် (၂၆) နှစ်မြောက် ရှစ်လေးလုံး ငွေရတု အခမ်းအနားပွဲသို့ အစိုးရနှင့် ပြည်ခိုင်ဖြိုးပါတီ တို့အား ဖိတ်ကြား သွားမည် မဟုတ်ကြောင်း (၂၆) နှစ်မြောက် ရှစ်လေးလုံး အခမ်းအနား ကျင်းပရေး ကော်မတီမှ သတင်း ရရှိသည်။ ယမန်နှစ်က ကျင်းပခဲ့သည့် ရှစ်လေးလုံးငွေရတု အခမ်းအနားပွဲသို့ တက်ရောက်ရန် အစိုးရနှင့်ပြည်ခိုင်ဖြိုးပါတီတို့အား ဖိတ်ကြားခဲ့ပြီး အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ပြည်ခိုင်ဖြိုးပါတီမှ ဒုတိယ ဥက္ကဋ္ဌတို့ တက်ရောက် ခဲ့သည်။ ဒီနှစ် မှာတော့ ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစု တွေနဲ့ တိုင်းရင်းသား တွေသာ တွေ့ဆုံသွားမှာ ဖြစ်ပါတယ် ဟု (၂၆) နှစ်မြောက် ရှစ်လေးလုံး အခမ်းအနား ကျင်းပရေး ကော်မတီ အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ပြောသည်။

ပထမအကြိမ် (၂၆) နှစ်မြောက် ရှစ်လေးလုံး အခမ်းအနား ကျင်းပရေး ကော်မတီ အစီးအဝေးတွင်

(က) အခမ်းအနား ပြင်ဆင်ရေးနှင့် ပြခန်း ကျင်းပရေးကော်မတီ
(ခ) ဖိတ် ကြားရေးနှင့် ကြိုဆို ဧည့်ခံရေးကော်မတီ
(ဂ) ပြန်ကြားရေးကော်မတီ
(ဃ) ဘဏ္ဍာရေး ကော်မတီ
(င) လုံခြုံရေးနှင့် စည်းကမ်းထိန်း သိမ်းရေးကော်မတီ စသည့်ကော်မတီ (၅) ရပ် ဖွဲ့စည်းခဲ့သည်။

ထို့ပြင် ယင်းနှစ်ပတ်လည် အခမ်းအနားကျင်းပရန် အလှူခံကောက်ခံခြင်း ပြုလုပ်သွားမည် မဟုတ်ဘဲ ပါဝင်သည့် အဖွဲ့အစည်းများသာ ငွေကြေး စိုက်ထုတ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ကျွန်တော်တို့ ငွေရတုတုန်းက ထုတ်ပြန်ခဲ့တဲ့ အချက်သုံးချက်ကို ဘယ်လောက်ထိ အကောင်အထည်ဖော်ထားလဲ၊ ဘယ်လိုလုပ်ဆောင်နေတာလဲ ဆိုတာ ဒီပွဲမှာတင်ပြသွားမှာပါ ဟု ၎င်း ကဆက်ပြောသည်။

(၂၅) နှစ်မြောက် ရှစ်လေးလုံး ငွေရတု အခမ်းအနားတွင်

(၁) ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေး

(၂) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေး

(၃) အားလုံး ပါဝင်သည့် အမျိုးသား ညီလာခံကျင်းပရေးစသည့် အ ချက်များအား ကြေညာခဲ့သည်။ ယင်းအချက် များကို အကောင်အထည်ဖော်ရန်အတွက် လည်း ရှစ်လေးလုံးငွေရတု ကြေညာ စာတမ်း ဖြစ်မြောက်ရေး ကော်မတီတစ်ရပ် ကိုလည်း ဖွဲ့စည်းထားသည်။

(၂၆) နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ် အခန်းအနားအား သင်္ကန်းကျွမ်းမြို့နယ် ကျိုက်ကစံ-ဓမ္မပီယ ရိပ်သာ ကျောင်းတိုက်တွင် နံနက်ကိုးနားရီမှ စတင် ကျင်းပသွားမည် ဖြစ်ပြီး မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။ ယင်းအခမ်းအနားတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) NLD နာယကဦးတင်ဦးတို့မှ တစ်ဦးဦး မိန့်ခွန်းပြောကြား သွားမည်ဖြစ်ပြီး တိုင်းရင်းသား ခေါင်းဆောင် တစ်ဦး နှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားကြောင်း သိရသည်။

Messenger News Journal

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...