Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

MH-17 မှ Black Box နှစ်လုံး ယူကရိန်းသူပုန်များ မလေးရှားလက်အပ်

$
0
0
ယူကရိန်း သူပုန်များသည် MH-17 လေယာဉ်ပျက်ကျသည့် နေရာမှ ယူဆောင်လာသည်ဆိုသော Black Box နှစ်လုံးကို မလေးရှားမှ တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မလေးရှား လေကြောင်းလိုင်းပိုင် MH-17 သည် အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ဦးတည်ပျံသန်းလာစဉ် ယူကရိန်း အစိုးရ ဆန့်ကျင်ရေး သူပုန်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသ၌ ဒုံးကျည်ဖြင့် ပစ်ချခံရသည်ဟု ယူဆရသော

အခြေအနေကြောင့် ပေါက်ကွဲပျက်ကျခဲ့သည်။

မိမိကိုယ်ကိုယ် ဒိုးနက်စ်ခ် ပြည်သူ့သမ္မတနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ကြေညာထားသည့် ယူကရိန်းသူပုန် ခေါင်းဆောင် အလက်ဇန္ဒား ဘိုရိုဒိုင်က ဇူလိုင်(၂၂)ရက်တွင် သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ပြီး လေယာဉ်ပျက်ကျရာ နေရာမှ

ယူဆောင်လာသည်ဆိုသော Black Box နှစ်လုံးကို မလေးရှားမှ ကျွမ်းကျင်ပညာရှင်များထံ လွှဲပေးခဲ့သည်။

“ဒိုးနက်စ်ခ်ပြည်သူ့သမ္မတနိုင်ငံ ကိုယ်စား မလေးရှားအစိုးရ ပိုင်ဆိုင်သင့်တဲ့ ဟောဒီ Black Box နှစ်လုံးကို ပြန်ပြီး လွှဲအပ်ပေးခွင့်ရတာကို ကျွန်တော် ကျေးဇူးတင်ပါတယ်”ဟု ဘိုရိုဒင်က မလေးရှား ပညာရှင်များအဖွဲ့ကို ပြောကြားခဲ့သည်။

၎င်းက “ကျွန်တော်တို့ဟာ MH-370 လေယာဉ်တုန်းက (မတ်လအတွင်း အိန္ဒိယ သမုဒ္ဒရာထက်တွင် ပျောက်ဆုံးသွားသည့် လေယာဉ်) Black Box တွေကို ရှာမတွေ့ခဲ့ဘူး။ ဒါကြောင့် MH-17 ရဲ့ Black Box တွေကို ပြန်ရှာတွေ့လာချိန်မှာ

ကျွန်တော်တို့ ဝမ်းသာမိပါတယ်။ Black Box တွေရဲ့ အခြေအနေကို ကြည့်ရတာ ထိခိုက်မှု နည်းနည်းပဲ ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်”ဟုလည်း ဆိုသည်။

Black Box များအနက် တစ်လုံးတွင် လေယာဉ်မှူးအခန်းထဲရှိ ပြောဆိုမှုများ အားလုံးကို အသံသွင်းယူ မှတ်သားထားပြီး ကျန်တစ်လုံးတွင် ပျံသန်းမှုဆိုင်ရာ အချက်အလက်များကို သိုမှီးထားသည်။ သို့သော်လည်း လေယာဉ်

ပစ်ချခံရသည် ဆိုပါက အဆိုပါ အချက်အလက်များက မည်သို့မည်ပုံ အသုံးဝင်နိုင်သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ယူကရိန်း အစိုးရကမူ MH-17 သည် ယူကရိန်း စစ်ဘက်လေယာဉ်တစ်စီးနှင့် မှားယွင်းပြီး သူပုန်တို့က

ပစ်ချခဲ့ခြင်းဟု အခိုင်အမာ စွပ်စွဲနေဆဲ ဖြစ်သည်။

ရုရှားက အထောက်အပံ့ပေးနေသည့် သူပုန်တပ်များကို ဦးဆောင်နေသည့် ဘိုရိုဒင်က ကျွမ်းကျင်ပညာရှင်များ စစ်ဆေးနိုင်ရန်အတွက် လေယာဉ်ပျက်ကျရာ နေရာအနီးတဝိုက်တွင် အပစ်အခတ် ရပ်စဲရန်လည်း တောင်းဆိုခဲ့သည်။

“ကျွန်တော်တို့ ဘက်ကတော့ (၁၀)ကီလိုမီတာ ပတ်ဝန်းကျင် ဧရိယာကို အပစ်အခတ် ရပ်စဲဖို့ အမိန့်ပေးထားမှာပါ”ဟု ၎င်းက ဆိုသည်။ ယူကရိန်း သူပုန်များသည် လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူ (၂၉၈)ဦးအနက် (၂၈၀)ကျော်၏

ရုပ်အလောင်းများကို တင်ဆောင်လာသည့် မီးရထားကိုလည်း ယူကရိန်း အစိုးရ ထိန်းချုပ်ထားသည့် ခါကစ်ဗ်မြို့ဘက်သို့ ပြန်လည် စေလွှတ်ပေးလိုက်ပြီ ဖြစ်သည်။

_Ref: Channelnewsasia

7Day News Journal

Viewing all articles
Browse latest Browse all 32865

Trending Articles


နီနီခင်ဇော်ရဲ့ ခင်ပွန်းဟောင်း “ဦးမျိုးမြင့်သိန်း” ကိုယ်တိုင်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>