Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ယူနတီဂျာနယ်သတင်းထောက်လေးဦး၏ အယူခံ တိုင်းတရားရုံးလက်ခံ

$
0
0
ယူနတီဂျာနယ်တွင် ဖော်ပြခဲ့သည့် ပေါက်မြို့နယ်လက်နက်စက်ရုံသတင်း

ထောင်ဒဏ်နှစ်ရှည်ကျ ခံနေရသည့် ယူနတီသတင်းဂျာ နယ်မှ သတင်းထောက်လေးဦးအ တွက်အယူခံလျှောက်ထားခြင်း ကို မကွေးတိုင်းဒေသကြီးတရား လွှတ်တော်ကဇူလိုင် ၂၁ရက်တွင် လက်ခံခဲ့ကြောင်းသတင်း ထောက်များ၏ ရှေ့နေက ပြောသည်။

ပြည်တွင်းထုတ်ဂျာနယ်တစ် စောင်ဖြစ်သည့် ယူနတီဂျာနယ် တွင် ယခုနှစ်ဇန်န၀ါရီလအတွင်း ကဖော်ပြခဲ့သည့် မကွေးတိုင်း ပေါက်မြို့နယ်ရှိလက်နက်စက်ရုံ အကြောင်းရေးသားမှုနှင့် ပတ် သက်ပြီး အာဏာပိုင်များက ဂျာ နယ်၏ အမှုဆောင်အရာရှိချုပ်ဦး တင့်ဆန်းနှင့် သတင်းထောက် လေးဦးအား ထောင်ဒဏ်ဆယ်နှစ် စီချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုတွဲမှ သတင်း ထောက်လေးဦးသည်သီးခြားအစီ အစဉ်ဖြင့် ၎င်းတို့၏ ရှေ့နေမှတစ် ဆင့်မကွေးတိုင်းဒေသကြီးတရား လွှတ်တော်ထံ အယူခံလျှောက် ထားခဲ့ခြင်းဖြစ်သည်။

ခရိုင်တရားရုံးတွင် အမှုစစ် ဆေးစဉ်လုံလောက်သည့်ခုခံချေ ပခွင့်မရရှိခြင်း၊ ထောင်ဒဏ်မှာ များပြားနေခြင်း စသည့်အချက် များကြောင့် အယူခံဝင်ရန်ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ထောက်များ၏ ရှေ့နေဖြစ်သူဦးရောဘတ်ဆန်းအောင်က ပြောသည်။

‘‘အောက်ရုံးမှာအမှုစစ်တုန်း ကရှေ့နေရှေ့ရပ်တွေအတွက်လုံ လောက်တဲ့ခုခံချေပဖို့အချိန်မပေး ဘူး။ တစ်ပတ်နှစ်ရက်စစ်တဲ့အ တွက် ရပ်ဝေးကလာတဲ့ရှေ့နေ တွေအတွက် လုံလောက်တဲ့အချိန် မရခဲ့ဘူး’’ဟု ဦးရောဘတ်ဆန်း အောင်ကပြောသည်။

မကွေးတိုင်းဒေသကြီးတ ရားလွှတ်တော်တွင်ထောင်ဒဏ်ချ ခံထားရသည့် ဒီမိုကရက်တစ်မြန် မာ့အသံ(DVB)မှ သတင်းထောက် တစ်ဦးသည်အယူခံလွှာတင်သွင်း ခဲ့ပြီးနောက်ပြစ်ဒဏ်ပြင်ဆင်ချ မှတ်ခံခဲ့ရသည့်အဖြစ်အပျက်ရှိခဲ့ ဖူးသည်။

ဝတ္တရားနှောင့်ယှက်မှု၊ ပိုင် နက်ကျူးလွန်မှုတို့ဖြင့်မကွေး ပ ညာရေးဌာနက တရားလိုပြုပြီးတ နောက်ထောင် ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရသည့် DVB သတင်းထောက်ကိုဇော်ဖေသည် မူလကထောင်ဒဏ်တစ်နှစ် အမိန့်ချခံခဲ့ရသော်လည်း မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင်အယူခံတင်သွင်းပြီးနောက် ထောင်ဒဏ်သုံးလပြင်ဆင်သတ်မှတ်ပေးခဲ့သည်။

7Day News Journal


Viewing all articles
Browse latest Browse all 32865

Trending Articles


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ရဲချုပ်ကိုအကြံပေးခန့် 


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


အမျိုးသားများနဲ့ ပါတီတက်ပြီး အရက်သောက်လို့ ကြိမ်ဒဏ်အချက် ၈၀ အပြစ်ပေးခံရတဲ့...