Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

MH 17 လေယာဉ်မှ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများအား ဒေါ်လာ (၅၀၀၀) စီ မလေးရှားလေကြောင်းလိုင်း ထောက်ပံ့

$
0
0

                မလေးရှား လေကြောင်းလိုင်းသည် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ယူကရိန်း အရှေ့ပိုင်း၌ ပစ်ချခံခဲ့ရသော ၎င်းတို့၏ MH 17 လေယာဉ်ပေါ် ပါသွားသည့် ခရီးသည်များ အတွက် စေတနာ ထောက်ပံ့ကြေးငွေ အဖြစ် ကနဦးပေးငွေ ဒေါ်လာ ငါးထောင်စီကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မလေးရှား အစိုးရပိုင်ဖြစ်သည့် ထိုနိုင်ငံပိုင် လေကြောင်းလိုင်းက ၎င်း တို့သည် လေယာဉ် ပျက်ကျရာတွင် ပါဝင်ခဲ့သည့် ခရီးသည်များ၏ ကျန် ရစ်သူ မိသားစုများ အတွက် စေတနာဖြင့် ထောက်ပံ့ငွေ သဘောအပြင် စီးပွားရေးလိုအပ်ချက်များလည်း ပြေလည်နိုင်စေရန် ပေးခဲ့ခြင်း ဖြစ်ကြောင်းဆို သည်။

လေကြောင်းလိုင်းမှ ထုတ်ပြန်ချက်တွင် ရန်ပုံငွေတွေကို ထောက်ပံ့ရေး ရည်ရွယ်ချက်တွေအတွက် ယခင်ကလည်းထားရှိပြီးသား ဖြစ်ပါတယ်။ ဒီဘဏ္ဍာရေး အထောက်အပံ့တွေက သေဆုံးသူတွေအတွက် နောက်ဆုံးပိတ် အပြီးသတ် လျော်ကြေးမဟုတ်သလို မိသားစုတွေဘက်က တရားဥပဒေ ကြောင်းအရ စွဲဆိုမှုတွေကိုလည်း တက်ရောက်မှာ မဟုတ်ပါဘူး ဟု ဆိုထားသည်။ လေကြောင်းလိုင်းသည် ကျန်ရစ်သူ မိသားစုများ အတွက် ဟိုတယ်များ ငှားရမ်းထားရှိပေးခြင်း၊ အစားအသောက်နှင့် ပို့ဆောင်ဆက်သွယ်ရေး စီစဉ်ပေးခြင်း၊ နှစ်သိမ့် ဆွေးနွေးပေးခြင်းများကိုလည်း ဆောင်ရွက်ပေးနေသည်။ MH 17 လေယာဉ်သည် ခရီးသည် (၂၈၃) ဦးနှင့် ယာဉ်ဝန်ထမ်း(၁၅)ဦး အပါအ၀င် ယူကရိန်းအရှေ့ပိုင်း ဝေဟင်မှ ဖြတ်ပျံသန်း နေစဉ် ရုရှားလိုလားသည့် ခွဲထွက်ရေးဝါဒီများက ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်ဖြင့် ပစ်ချလိုက်ဖွယ် ရှိကြောင်း သိရသည်။

AFP

The Messenger

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>