Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ကန်တော့မပျက်သော ပထမဆုံး ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦးကို ရိုသေစွာ ကန်တော့၍ ဂါရ၀ပြု

$
0
0
လူကြီးမို့လို့ သက်ကြီးဝါကြီးမို့လို့ ရိုရိုသေသေ ကန်တော့ခဲ့တာပါ။ ဘာဖြစ်လို့လဲ …
သူရဦးတင်ဦးကို NLD ရုံး၌တွေ့ရစဉ်
ရန်ကုန်၊ ဇူလိုင် ၂၃
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဖြစ်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နာယက သူရဦးတင်ဦးကို သမ္မတဦးသိန်းစိန် အစိုးရသစ် လက်ထက် ပထမဆုံး ပြည်ထောင်စု လွှတ်တော်နာယကကြီး တာဝန်ယူခဲ့သည့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ ရိုသေစွာ ကန်တော့၍ ဂါရ၀ပြုခဲ့ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ဇူလိုင် ၁၉ ရက်က ပြုလုပ်သည့် အာဇာနည် ခေါင်းဆောင်ကြီး များအား ရည်စူးသော သံဃာတော်များ ဆွမ်းကပ် လှူဒါန်း ပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနှင့် အတူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တက်ရောက်ခဲ့စဉ် ဂါရ၀ပြု ကန်တော့ခြင်း ပြု လုပ်ခဲ့ကြောင်း ဒီချုပ် ပြန်ကြားရေးတာဝန်ခံ ဦးအောင်ရှင် (မုံရွာအောင်ရှင်) က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယခင်နှစ် ၂၀၁၃ အာဇာနည်နေ့တွင် အလားတူ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ပြုလုပ်သော ဆွမ်းကပ် လှူဒါန်းပွဲသို့ ယခုပြည်ထောင်စု လွှတ်တော် နာယကဖြစ်သူ သူရဦးရွှေမန်း တက်ရောက်ခဲ့သည့် သတင်းအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အာဘော်ဂျာနယ်ဖြစ်သော ““ဒီလှိုင်း”” ဂျာနယ် အပါအ၀င် သတင်းမီဒီယာ များတွင် အကျယ်တ၀င့် ဖော်ပြမှုများ ရှိခဲ့ပြီး ယခုနှစ်တွင် သူရဦးရွှေမန်းအပြင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ပါ ဆွမ်းကပ်လှူဒါန်းပွဲသို့ တက်ရောက် ခဲ့သော်လည်း သတင်းဖော်ပြမှုများ မရှိသဖြင့် သူရဦးရွှေမန်းမှ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ဆွမ်းကပ်လှူဒါန်းပွဲသို့ လာရောက်ခဲ့ခြင်း မရှိဟု ယူဆကာ နိုင်ငံရေး အသိုင်းအ၀ိုင်းအတွင်း ကောက်ချက်ချ လွဲချော်မှုများ ထွက်ပေါ်ခဲ့ရသည်။
1
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို ၎င်း၏ရုံးခန်း၌ တွေ့ရစဉ်
နိုင်ငံရေး အသိုင်းအ၀ိုင်းမှ လတ်တလော ဖြစ်ပေါ်နေသော ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ကြား ဆက်ဆံရေး တင်းမာနေကြောင်း သုံးသပ်ချက်များအရ ယခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဆွမ်းကပ်ပွဲသို့ သူရဦးရွှေမန်း မတက်ရောက်ဟု ယူဆကာ အင်အားကြီး ပါတီနှစ်ရပ်၊ ခေါင်းဆောင်နှစ်ဦးကြား ရှိနေသော နိုင်ငံရေးအရ ညီညွတ်မှု ပျက်ပြားသွားခြင်းမှာ အမှန်ဖြစ်ကြောင်း သုံးသပ်ခဲ့ကြခြင်း ဖြစ်သည်။

ထိုသုံးသပ်ချက်များ ထွက်ပေါ်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဆွမ်းကပ်ပွဲသို့ သူရဦးရွှေမန်း အမှန် တကယ် တက်ရောက်ခဲ့ခြင်း ရှိ၊ မရှိ အတည်ပြု မေးမြန်းရာ ဒီချုပ်ပြန်ကြားရေး တာဝန်ခံဖြစ်သူ မုံရွာ ဦးအောင်ရှင်က ဆွမ်းကပ်ပွဲသို့ သူရဦးရွှေမန်း သာမက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ပါ တက်ရောက်ခဲ့ကြောင်း ဖြေကြားမှုနှင့် ဆက်စပ်ကာ အထက်ပါ ဖော်ပြချက်ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
““သူရဦးရွှေမန်း တက်တယ်။ ဦးခင်အောင်မြင့်တောင် တက်သေးတယ်။ သူတို့ကြံ့ခိုင်ရေးက လုပ်တဲ့ ဆွမ်းကျွေးကို မသွားခင်မှာ ဒေါ်စုအိမ်ကို အရင်လာကြတာ။ ဒါကြောင့် ဒေါ်စုကတောင် နောက်နေသေးတယ်။ ကြံ့ခိုင်ရေး ဆွမ်းကျွေးကို အရင်သွားကြပါဆိုပြီးတော့၊ အဲဒီဆွမ်းကျွေးကို အန်ကယ် ဦးတင်ဦးလည်း တက်တယ်။ အန်ကယ် ဦးတင်ဦးကို ဦးခင်အောင်မြင့်ကတောင်မှ ကန်တော့သေးတယ်”” ဟုပြောသည်။

ကာယကံရှင်ဖြစ်သူ ဒီချုပ်နာယက သူရဦးတင်ဦးကလည်း ““ဟုတ်ပါတယ်။ သေသေချာချာ ရိုရိုသေသေကို ကန်တော့သွားတာ။ ဘုန်းကြီးတွေရှေ့မှာ သေသေချာချာကို ရိုရိုသေသေ ကန်တော့တာ။ အကြီးအကဲ တစ်ယောက် ဖြစ်ခဲ့တာရယ်၊ ဟိုတုန်းက ကျွန်တော်က တပ်မတော်က အကြီးအကဲပေါ့ဗျာ။ ခုတော့ အဘ အရွယ်ပေါ့။ ဒါတွေကို အကြောင်းပြုပြီး ရိုရိုသေသေ ကန်တော့ သွားပါတယ်။ ကျွန်တော်လည်း ကောင်းကောင်း မွန်မွန် ဆုလေးဘာလေး ပေးလိုက်ပါတယ်””ဟု အတည်ပြု ပြောကြားသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ ကိုယ်ရေးအရာရှိ ဦးဝဏ္ဏကို မြန်မာသံတော်ဆင့်မှ ဇူလိုင် ၂၄ ရက်တွင် ဆက်သွယ်မေးမြန်းခဲ့ရာ ““အဘ (ဦးခင်အောင်မြင့်)က ပြောပါတယ်။ လူကြီးမို့လို့ သက်ကြီးဝါကြီး မို့လို့ ရိုရိုသေသေ ကန်တော့ခဲ့တာပါ။ ဘာဖြစ်လို့လဲလို့ ပြောပါ တယ်””ဟု မြန်မာ သံတော်ဆင့်သို့ ပြောကြား ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့၏ ဆက်ဆံရေးမှာ ယခုလွှတ်တော် အစည်းအဝေး စတင်သည့် ကာလအတွင်း ယခင်ကဲ့သို့ မဟုတ်ဘဲ ထူးခြားမှုများ ရှိနေသည် ဆိုသော်လည်း သူရဦး ရွှေမန်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ပြုလုပ်သော ဆွမ်းကပ်ပွဲသို့ တက်ရောက်ခဲ့သည်ဟု ဦးအောင်ရှင်က မြန်မာသံတော်ဆင့်သို့ ထပ်ဆင့်ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့နှစ်ဦး၏ နိုင်ငံရေးအရ ဆက်ဆံရေး အခြေအနေနှင့် ပတ်သက်၍ သုံးသပ်မှု အမျိုးမျိုး ရှိနေသော်လည်း အတည်ပြုနိုင်သည့် သတင်းထွက်ပေါ်မှုမျိုး မရရှိပေ။

ယခုကဲ့သို့ အခြား သတင်းမီဒီယာများနှင့် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ ပြုလုပ်သော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးသည့် ဆွမ်းကပ်လှူဒါန်းပွဲ သတင်းကို ဖော်ပြထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ဝေသော ဒီလှိုင်းဂျာနယ်တွင်ပင် သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့ ဆွမ်းကပ် လှူဒါန်းပွဲ တက်ရောက်ခဲ့ကြောင်းကို ဖော်ပြမှုမရှိခြင်းသည် ထူးခြားသော အခြေအနေတစ်ရပ် ဖြစ်ကြောင်း မြန်မာသံတော်ဆင့်၏ ပင်တိုင်ဆောင်းပါးရှင် တစ်ဦးက သုံးသပ် ပြောကြားသည်။

ပထမဆုံး ပြည်ထောင်စု လွှတ်တော်နာယက တာဝန် ၂နှစ်ခွဲ ထမ်းဆောင်ခဲ့သည့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် တပ်မတော် အစိုးရလက်ထက် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်တာဝန်နှင့် ယဉ်ကျေးမှုဝန်ကြီး တာဝန်တို့ကို ထမ်းဆောင်ခဲ့ရပြီး အာဏာရ ကြံ့ခိုင်ရေးပါတီ ဗဟိုအတွင်းရေးမှူး တာဝန်လည်း ထမ်းဆောင်လျက်ရှိပြီး ယခင်နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အားထားရသော လူယုံတစ်ဦး အဖြစ်လည်း နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် လူသိများသူဖြစ်ကာ ယခုနှစ်ပိုင်းအတွင်း ၎င်း၏ မဲဆန္ဒနယ်မြေများဖြစ်သော ပျော်ဘွယ်နှင့် ရမည်းသင်း မြို့နယ်များသို့ မကြာခဏ သွားရောက်၍ ဒေသဖွံ့ဖြိုးရေး၊ စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ယခင်နိုင်ငံတော် အကြီးအကဲနှင့် တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား တစ်နှစ်လျှင် ၂ကြိမ် သွားရောက်တွေ့ဆုံ ဂါရ၀ပြု သြ၀ါဒခံယူကြောင်းကိုလည်း မြန်မာသံတော်ဆင့်နှင့် တွေ့ဆုံစဉ်က ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။

မြန်မာသံတော်ဆင့်

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>