ယနေ့ ၂၆ ရက်၊ ဇူလိုင်လ၊ ၂ဝ၁၄ ခုနှစ် နံနက်(၁ဝးဝဝ)နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Ms. Yanghee LEE နှင့်အဖွဲ့သည် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးသို့လာရောက်ခဲ့ပြီး ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Mrs. Yanghee LEE၊ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး လူ့အခွင့် အရေးအရာရှိ Ms. AnnSyauta၊ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းတို့သည် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း) မှ မင်းကိုနိုင်၊ ကိုကိုကြီး၊မြအေး၊ ဂျင်မီ တို့နှင့် တွေ့ဆုံကြပြီး မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲနေမှု အခြေအနေ၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေး၊ ၂ဝ၁၅ ခုနှစ်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်သော သဘောထားအမြင်၊ ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များ နှင့် ပတ်သက်သော သဘောထားအမြင်၊ အလုပ်သမား၊ လယ်သမား များ အခွင့်အရေးချိုးဖောက်ခံနေရမှု အခြေအနေများ၊ လူကုန်ကူးမှု ဆိုင်ရာ ပြဿနာများအား ၄၅ မိနစ်ကြာ ဆွေးနွေးခဲ့ကြသည်။
The 88 Generation Peace and Open Society