Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

PR စနစ်ကြောင့် အမျိုးသားရင်ကြားစေ့ရေး ရရှိခဲ့သည့်နိုင်ငံ မရှိသေးကြောင်းနှင့် PR စနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီသည်မှာ အမှန်ပင်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

$
0
0
PR စနစ်ကြောင့် အမျိုးသားရင်ကြားစေ့ရေး ရရှိခဲ့သည့်နိုင်ငံ မည်သည့်နေရာတွင်မှ မရှိသေးကြောင်းနှင့် PR စနစ်သည် ဖွဲ့စည်းပုံနှင့် မကိုက်ညီသည်မှာ အမှန်ပင်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဩဂုတ် ၁ ရက်က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မီဒီယာများနှင့် နေပြည်တော်ရှိလွှတ်တော်၌ သြဂုတ် ၁ ရက်က တွေ့ဆုံစဉ်)
အမျိုးသားရင်ကြားစေ့ရေး ရရှိခဲ့သည့် နိုင်ငံများအနေဖြင့် ယင်းသို့ဖြစ်ပေါ်လာရန် ကြိုတင်ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ကြကြောင်း၊ ယင်းသို့ဆောင်ရွက်ပြီး လုပ်ကိုင်ခဲ့သည့်အတွက် PR စနစ်ကြောင့်ဟု ထင်မြင်ဖွယ်ရာ ဖြစ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ပြောရမယ်ဆိုရင်တော့ PR တင် မဟုတ်ပါဘူး။ ဘယ်စနစ်ပဲသုံးသုံး စနစ်ကြောင့်တော့ အမျိုးသားရင်ကြားစေ့ရေး မရရှိပါဘူး။ တွေ့ဆုံဆွေးနွေးမှုတွေကပဲ အမျိုးသားရင်ကြားစေ့ရေးတို့၊ ငြိမ်းချမ်းရေးတို့ဆိုတာ ရရှိမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့နိုင်ငံရဲ့ တကယ့်အမျိုးသားရင်ကြားစေ့ရေး ဖော်ဆောင်ဖို့ဆိုရင် တွေ့ဆုံဖြေရှင်းမှရမယ်။ ဒါမှ သူ့အမြင်ကိုယ့်အမြင်တွေ ထွက်လာမယ်။ ဒါမှ ပူးပေါင်းဖြေရှင်းလို့ ရမှာပေါ့။ ပါတီတွေ အများကြီးရှိတဲ့ အထဲက ဒီပါတီက ခေါင်းဆောင်နဲ့တွေ့တာ မကောင်းပါဘူးဆိုပြီး ပြောကြားတာတွေရှိတယ်။ မတွေ့ချင်လို့ အကြောင်းအမျိုးမျိုးပြနေတယ်လို့ ထင်တယ်။ လေးပွင့်ဆိုင် ဆွေးနွေးဖြစ်တယ်ဆိုရင် တိုင်းပြည်အပေါ် ဘယ်သူက စေတနာရှိတယ်ဆိုတာ သိရမှာပဲ။ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေမှာဆိုရင် အဓိကအတိုက်အခံ အဖွဲ့အစည်းဆိုတာကို သူ့ဟာနဲ့သူ လက်ခံတယ်။ လက်ခံတာဟာ ဘာလို့လည်းဆိုတော့ ပြည်သူလူထုမျက်နှာကြောင့် ပြည်သူက ဒုတိယအများဆုံး ထောက်ခံထားတဲ့ အဖွဲ့ဆိုပြီး သတ်မှတ်ထားလို့လည်းပဲ” ဟု ဆက်လက်ပြောကြားသည်။

ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံများတွင် အတိုက်အခံ ပါတီခေါင်းဆောင်ကို အလေးထားတွေ့ဆုံမှုများရှိကြောင်း၊ ဒီမိုကရေစီ ကျင့်သုံးသူတိုင်း ဝေဖန်ပြောဆိုကြမည် မဟုတ်ကြောင်း၊ နိုင်ငံ၏ အခက်အခဲများကို တွေ့ဆုံဖြေရှင်းသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို ခုခံကာကွယ်ချင်တဲ့ အခါတွေမှာတော့ ပညာရှင်တွေနဲ့ တိုင်းပြည်အကျိုးကို လိုလားတဲ့သူတွေ စသည်ဖြင့် သေသေချာချာဆွဲခဲ့တဲ့ ဥပဒေပါဆိုပြီးတော့ ခုခံကာကွယ်ကြတယ်။ အဲဒီတုန်းက ရေးဆွဲခဲ့တာထဲမှာ PR စနစ်မပါဘူး။ အခုကျမှ ကောက်ကာငင်ကာ ဘာလို့ပြောင်းချင်တာလည်းဆိုပြီး ဦးဝင်းမြင့်က ဆွေးနွေးခဲ့တယ်။ တပ်မတော်သား တစ်ဦးကလည်း ၂ဝ၁၂ ဇူလိုင်ကျမှ PR စနစ်အကြောင်း ပေါ်လာတယ်လို့ ဆွေးနွေးခဲ့တာ ရှိပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲပြီးမှ ထွက်ပေါ်လာတယ် ဆိုတာကတော့ အမှန်ပဲ။ ၂ဝဝ၈ ဖွဲ့စည်းပုံရေးဆွဲခဲ့တဲ့ အမျိုးသားညီလာခံမှာကတည်းက ဒီမိုကရေစီမရှိခဲ့ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နိုင်ခဲ့စဉ်က PR စနစ်အကြောင်း ပြောကြားမှုများ မရှိခဲ့ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီပါတီ နိုင်ပြီးနောက်တွင်မှ PR ကိစ္စ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အပြင် PR စနစ်နှင့်ပတ်သက်ပြီး တပ်မတော်သားတစ်ဦး ဆွေးနွေးစဉ်က PR ကျင့်သုံးမည်ဆိုပါက ဖွဲ့စည်းပုံကို ပြောင်းရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က “PR စနစ် ကျင့်သုံးဖို့အတွက် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမယ်။ ပြီးရင် ပြည်သူ့ဆန္ဒခံယူရမယ်။ နောက်ဆုံးကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဆုံးဖြတ်နိုင်တယ်ဆိုတာလည်း ဖြစ်သွားနိုင်တာပေါ့။ အခုဖွဲ့လိုက်တဲ့ ကော်မရှင်က ဆွေးနွေးပြီး သုံးသပ်ချက်တွေကို လွှတ်တော်တင်မှာပေါ့။ လွှတ်တော်က ဆုံးဖြတ်မှာပေါ့။ ဒါမှမဟုတ်ရင်လည်း ဖွဲ့စည်းပုံနဲ့ ကိုက်ညီမှု ရှိမရှိပေါ့။ ဖွဲ့စည်းပုံနဲ့ ကိုက်ညီမှုမရှိဘူး ဆိုတာကတော့ ငြင်းစရာမရှိဘူး။ ဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပုံစံနဲ့ ပြုပြင်မလဲ၊ ပြောင်းလဲရမလဲဆိုတာကို နောက်ဆုံးပိတ် ဆုံးဖြတ်ရမှာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးပေါ့” ဟု ပြောကြားသည်။

Eleven Media Group

Viewing all articles
Browse latest Browse all 32865

Trending Articles


အသိမ်းသန်တဲ့ ဒို့နိုင်ငံ-တက္ကသိုလ်ဘုန်းကြွယ်


မြန်မာဘီယာသံဘူး ကံစမ်းမဲကာလ တဘူးကျပ် ၁၃၀၀ အထိ ဈေးမြင့် လိုအပ်သည့်အရေအတွက်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ဝန်ရှင်တော်မင်းကြီး များ၏ နိုင်ငံရေး


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


လူ(၄)ဦးသေဆုံး သည့်ယာဉ်တိုက်မှု ဖြစ်ပွား


အိမ်သာထဲ၌ ဆယ်ကျော်သက်အရွယ်ခယ်မလေးကို အဓမ္မကျင့်နေတုန်း ယောက္ခမနဲ့ မိသောအခါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>