Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

“သမိုင်းထဲက ရွေးကောက်ပွဲများကို PR စနစ်ဖြင့် ချဉ်းကပ်ခြင်း..”

$
0
0
လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းအရ PR စနစ်ကို ကျင့်သုံးရင် လွှတ်တော် ထဲကို ရွေးကောက်ခံစရာ မလိုဘဲ ရောက်လာမယ့် ၂၅%သော တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းထားသူတွေပဲ အစိုးရဖြစ်နိုင်ပြီး သြဇာအာဏာ ဆက်လက် ကြီးထွားနေဦးမှာ ဖြစ်ပါတယ်….။

၂၀၁၅ မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅% ဆက်လက်ပါဝင်ပြီး ကျန် ၇၅% ကို PR စနစ်နဲ့ ရွေးကောက် တင်မြှောက်ခဲ့တယ်ဆိုရင်…….

(၁) တပ်မတော် ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုမရှိဘဲ အစိုးရဖွဲ့..၊ ဥပဒေပြု ဖို့ အလွန် ခက်ခဲသွားမယ်….။

(၂) အမတ်တစ်နေရာ..၊ ၂ နေရာ ရတဲ့ ပါတီငယ်တွေရဲ့ ဘက်ပြောင်းမှု..၊ သာကူးမှုက ဘယ်သူအုပ်ချုပ်မလဲ ဆိုတာအတွက် အဆုံးအဖြတ် ဖြစ်သွားမယ်….။

(၃) လူများစုရဲ့ ဆန္ဒနဲ့ မဲအများဆုံးရတဲ့ ပါတီဟာ အစိုးရဖွဲ့နိုင်တော့မှာ မဟုတ်ဘဲ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုရတဲ့ ပါတီကသာ အစိုးရဖြစ်လာမယ်…..။

မေ ၂၂ မှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပါတီတွေကို မြေနေရာပေးဖို့..၊ ကား ၅ စီး အခွန်ကင်းလွတ်ခွင့် နဲ့ တင်သွင်းခွင့်ပေးဖို့ဆိုတဲ့ အချက်တွေကို သမ္မတရုံးကို စာပို့ခဲ့တယ် ဆိုတဲ့အတွက် အဲဒီ အခွင့်အရေးတွေသာ ပေးခဲ့ပြီဆိုရင် လက်ရှိအာဏာရပါတီ နဲ့ အစိုးရအဖွဲ့ရဲ့ အောက်ဆွဲပါတီတွေ ဘယ်လောက်များများ ပေါ်ထွက်လာဦးမလဲဆိုတာ ခန့်မှန်းကြည့်နိုင်တယ်….။

တပ်မတော်သား ၂၅ % နဲ့ PR စနစ် ပေါင်းစပ် ကျင့်သုံးမယ်ဆိုရင် တိုင်းပြည်အတွက် အန္တရာယ် ကြီးလှသလို ပါတီတွေကို ဆိုခဲ့ပါ အခွင့်အရေး ထပ်ဆောင်းပြီးပေးခဲ့မယ် ဆိုရင်.. မြန်မာ့နိုင်ငံရေး အခြေအနေဟာ စစ်ယူနီဖောင်း အုပ်ချုပ်ရေးမှသည် ယူနီဖောင်းချွတ်အစိုးရဘ၀မှ နောက်ထပ် အသွင်ပြောင်း အာဏာရှင်စနစ်ကြီးတစ်ခု ဆက်လက်ကြီးစိုးဖို့သာ ရှိပါကြောင်း မီးမောင်း ထိုးပြလိုက်ရပါတယ်……..။

မြန်မာပို့စ် ဂလိုဘယ် “သမိုင်းထဲက ရွေးကောက်ပွဲများကို PR စနစ်ဖြင့် ချဉ်းကပ်ခြင်း..” ဆောင်းပါးမှ

Ko Nay Myo Fb

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>