မြန်မာပြည်မှာ ဝန်ကြီးတွေက အတော် "ပေါ" တယ်။ ..
ဒီနေရာမှာ "ပေါ" တယ်ဆိုတာ အဓိပ္ပါယ် ၂ မျိုးစလုံးနဲ့ ပေါတာကို ပြည့်ပြည့်ဝဝ ရည်ညွန်းလို့ ရတယ်။
ဝန်ကြီးတွေ (အများစု)ရဲ့ စဉ်းစားတွေးခေါ် ပြောဆို လုပ်ကိုင်ပုံတွေဟာ အရည်အချင်း မပြည့်ဝတဲ့ "ပေါတောတော" တွေ ဖြစ်ပြီး ... ဝန်ကြီးအရည်အတွက်ကို ကြည့်ရင်လည်း လိုတာထက် ပိုပြီး "ပေါများ" နေတယ်။
ဒီတော့ဗျာ ...ဘယ်ဝန်ကြီးဌာနတွေ တိုင်းပြည်မှာ မလိုအပ်ဘူးလည်း ဆိုတာ ပြန်ကြည့်ရင် ရှေ့ဆုံးစာရင်းမှာ ပြန်ကြားရေး ဝန်ကြီးဌာနကို တွေ့ရလိမ့်ယ်။
..ပြန်ကြားရေး ဝန်ကြီးဌာနဆိုတာ ... တိုင်းပြည်မှာ မလိုအပ်ဘူး။ သူမရှိလို့ ပြည်သူတွေ ဘာမှ မထိခိုက်ဘူး။ သူ့တာဝန်က အစိုးရအဖွဲ့နဲ့ ပြည်သူကြားကို သတင်းအချက်အလက်နဲ့ ပေါင်းကူးဆက်ဆံပေးတာ မဟုတ်လား။
ဒီ ပြန်ကြားရေး တာဝန်ဖြစ်တဲ့ အစိုးရ အဖွဲ့တွေနဲ့ ပြည်သူတွေကြားက ဆက်ဆံရေးကို လုပ်ဆောင်နိုင်ဖို့ အတွက်ဆို.... သက်ဆိုင်ရာ ဝန်ကြီးဌာန အတွက်ဆို ... သူ့ဌာန ပြောရေးဆိုခွင့်ရှိသူ အဖြစ် .. ညွှန်မှုးလောက်ကို တာဝန်ပေးထားလိုက် ... သမ္မတအတွက်ဆို သမ္မတရုံးမှာ တာဝန်ရှိသူ တစ်ယောက်ကို သက်သက်ထားလိုက်။
ဝန်ကြီးဌာနကြီး တစ်ခုလုံး သီးခြား ထားနေစရာ မလိုဘူး။ အဲဒီ ပြန်ကြားရေး ဝန်ကြီးဌာနလို မလိုအပ်တဲ့ ဝန်ကြီးဌာနတွေကို တိုင်းပြည်မှာ ပယ်ဖျက်လိုက်ရင် ... ပြည်သူ့ဘဏ္ဍာငွေတွေ ကျပ်ငွေပေါင်း ဘီလျှံချီပြီး နှစ်စဉ် သက်သာလာမယ်။ အဲဒီက ငွေတွေကို ပညာရေးလို၊ ကျန်းမာရေးလို နေရာတွေမှာ သုံးလိုက်ရင် ဘယ်လောက် အသုံးဝင်လိုက်မလဲ။
ဒါကြောင့် မြန်မာပြည်မှာ မလိုအပ်ဘဲ ဖေါင်းပွနေတဲ့ "ပြန်ကြားရေး ဝန်ကြီးဌာန" အပါအဝင် အခြားသော ဝန်ကြီးဌာနတွေကို သေချာ စီစစ်ပြီး ... ဖျက်သိမ်းဖို့အတွက် လိုအပ်နေပြီ ဆိုတာ ....
.ပြန်ကြားရေး ဝန်ကြီး ရာထူး အပြောင်းအလဲ ဖြစ်စဉ်ကနေ ဆင့်ပွားတွေးမိတာပါ .. ။
(ကိုထိုက်) —