Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာ့နိုင်ငံရေး ဆိုးတဲ့ဘက်ကို ဦးတည်နေလို့ အမေရိကန်အမတ် ၇၀ ကျော် ပြော

$
0
0
မြန်မာနိုင်ငံမှာဆိုးဝါးတဲ့အခြေအနေကို ဦးတည်နေတဲ့အတွက် ဒီဆောင်ရွက်ချက်တွေဟာ အမေရိကန်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်စေနိုင်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအနေနဲ့ မြန်မာအစိုးရကို သတိပေးပြောဆိုဖို့  အမေရိကန် လွှတ်တော်အမတ် အယောက် ၇၀ ကျော်က စာရေးသားတိုက်တွန်းလိုက်ပါတယ်။

အောက်လွှတ်တော်က ဒီမိုကရက်ပါတီရော၊ ရီပတ်ပလစ်ကန်ပါတီ အမတ်တွေပါ စုပေါင်းတိုက်တွန်းတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အဆုံးမသတ်နိုင်သေးတဲ့ လူမျိုးရေး-ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက်ပဋိပက္ခတွေ၊ တိုင်းရင်းသားတွေအပေါ် စစ်တပ်က အနိုင်အထက်ပြုကျင့်နေတာတွေ၊ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချနေတာတွေ၊ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ဖို့ လိုအပ်နေတဲ့ကိစ္စတွေကို အမေရိကန်လွှတ်တော်အမတ်တွေက ထောက်ပြကြတာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ နေပြည်တော်မှာ သြဂုတ်လ ၁၀ ရက်နေ့ကျင်းပမယ့် အာဆီယံနိုင်ငံရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်မှာဖြစ်သလို၊ ခရီးစဉ်အတွင်း မြန်မာအစိုးရခေါင်းဆောင်တွေနဲ့လည်း နှစ်နိုင်ငံကိစ္စတွေအတွက် တွေ့ဆုံဆွေးနွေးမှာဖြစ်တဲ့အတွက် အောက်လွှတ်တော်အမတ်တွေက အခုလိုစာရေးသားတိုက်တွန်းလိုက်တာပါ။

ကြာသပတေးနေ့ရက်စွဲနဲ့ ရေးသားတိုက်တွန်းလိုက်တဲ့ အဲဒီစာမှာ လွှတ်တော်အမတ်တွေကြားမှာ သြဇာကြီးတဲ့ ဂျိုးဇက်ခရောက်လီ၊ စတိဗ်ချားဘော့ထ်တို့  ပါဝင်လက်မှတ်ရေးထိုးထားပါတယ်။

ပြီးခဲ့တဲ့သတင်းပတ်ကလဲ ရီပတ်ပလစ်ကန်အမတ် မစ္စတာ မစ်ခ်ျမက်ကောနဲလ်က ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ဝင်ရောက်အရွေးခံနိုင်အောင် အခြေခံဥပဒေပြင်ဆင်ဖို့ မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။
RFA

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>