“ဆရာဝန်တွေ အနေနဲ့လည်း ဦးနှေက်လေး ဘာလေး သုံးပါဦး။ နေရာတကာ ဓာတ်ခွဲခန်းကို ချည်းပဲ လွှတ်ပြီး ဆေးစစ်ခိုင်းနေတော့ အရမ်းကို စက်ရုပ်ဆန် လွန်းတယ်။ လူနာကိုလည်း ပိုက်ဆံပိုကုန်စေပါတယ်”ဟု ပြောကြား သူမှာ ဆေးဘက်ပညာသည် တက္ကသိုလ် မှ ကျောင်းပြီး ထားပြီး ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းတစ်ဦးလည်းဖြစ်သည်။
ဆေးရုံတစ်ရုံ၏ ဆရာဝန်အင် အားနှင့် လူနာအင်အား မျှတမှုမရှိ သကဲ့သို့ပင် ဓာတ်ခွဲခန်းတွင် တာဝန် ယူထားရသည့် ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်း (Medical Technologist) နှင့် ရောဂါဗေဒ ဆရာဝန်ကြီးများ ( Pathologist ) နည်းပါးခြင်းကလည်း လူ နာများအတွက် ထိခိုက်နစ်နာ စရာအ ကြောင်းရင်း တစ်ရပ်ဖြစ်လာခဲ့သည်။ ပြည်သူ့ဆေးရုံများတွင် ဓာတ်ခွဲခန်း ဌာနနှင့် လူနာများအကြား အဆင်မ ပြေမှုများသည် နေ့စဉ်ကြုံတွေ့နေရ သည့်ပြဿနာတစ်ခုလည်းဖြစ်သည်။
ဝေဒနာတစ်ခုခုခံစားရသည့်အတွက် ဆေးရုံ၊ ဆေးခန်းများကိုသွား ရောက်ပြသရသည့် အခါမျိုးတွင် ဆ ရာဝန်က လူနာ၏ရောဂါလက္ခဏာ များကို ရှာဖွေနိုင်ရန်အတွက် ကိုယ် ကာယ စမ်းသပ်စစ်ဆေးမှုများကို ခြေ ဆုံးခေါင်းဆုံး ပြုလုပ်ကြရသည်။ ဝေဒနာဖြစ်စဉ်နှင့် ကိုယ်ကာယ စမ်းသပ် ချက်နှစ်ခုကို ပေါင်းစပ်ကာ ဝေဒနာ ၏ ၈၀ ရာခိုင်နှုန်းကို ဆရာဝန် က ရောဂါနာမည် တပ်၍ ဆေးကုသမှုကို စတင်နိုင်မည်ဖြစ်သည်။
အချို့သော ဝေဒနာများကို ရောဂါနာမည်တပ်ပေး နိုင်ရန်အတွက် လူနာ၏ ဆီး၊ ၀မ်း၊ သွေး၊ သလိပ်၊ ပြည်၊ အသားစ၊ ခန္ဓာကိုယ်စစ်ထုတ်ရည်များကိုထုတ် ယူကာ ဓာတ်ခွဲခန်းသို့ ပို့လွှတ်စစ် ဆေးခြင်းများရှိသည်။
ဓာတ်ခွဲခန်းများကို အဏုဇီဝရော ဂါပိုးမွှားများကိုရှာဖွေရန်၊ ကိုယ်တွင်း ဓာတုပစ္စည်းများကို တိုင်းထွာရန်နှင့် ဓာတ်မတည့်ခြင်းများကို စစ်ဆေး ဖော်ထုတ်နိုင်ရန်အတွက် အသုံးပြု နေကြရသည်။
“သွေးစစ်တာနဲ့ပတ်သက်လို့ ဆေး ရုံရောက်လာတဲ့လူနာတော်တော်များ များကို အခြေခံစစ်ဆေးမှုအနေနဲ့ CP(Auto) , ESR , U&E , Cr စတာတွေ ကို စစ်ခိုင်းပါတယ်။ လိုအပ်ရင်တော့  HIV, HBs AG , Anti –HBC Ab တွေ စသဖြင့် ထပ်ပြီးစစ်ဆေးရပါ တယ်။ အဲဒါတွေကို ရုံးချိန်အတွင်း မှာ ဆေးရုံဘေ မှာပဲစစ်ဆေးလို့ရ ပါတယ်။ မနက်ပိုင်းသွေးဖောက်ပြီးပို့ ထားလိုက်ရင် ညနေ ၅ နာရီ၊ ၆ နာ ရီလောက်ဆို အဖြေရပါတယ်။ ဒါက ရုံးဖွင့်ရက်တွေဆိုရင်ပေါ့။ ဆေးရုံအ များစုမှာ စနေ၊ တနင်္ဂနွေလို ရုံးပိတ် ရက်မျိုးဆိုရင်တော့ CP(Auto) , ESR , U&E , Cr တွေ စစ်လို့မရ ပါဘူး။ နောက်တစ်ခုက CP(Auto) , ESR , U&E , Cr တွေကို ဆေးရုံ ဓာတ်ခွဲခန်းတော်တော်များများမှာ အ ရေးပေါ် URGENTစစ်လို့မရပါဘူး။ လူနာရဲ့အခြေအနေကြောင့် အမြန့် URGNT သိချင်တဲ့အခါ အပြင် ဓာတ်ခွဲခန်းတွေကို ပို့ရပြန်ပါတယ်။ အဆစ်အမြစ်ရောဂါတွေနဲ့ဆိုင်တဲ့ ANA , ENA Profile လိုမျိုး နှလုံး သွေးကြောပိတ်တာကို သေချာသိနိုင်ဖို့ စစ်တဲ့Troponin လိုဟာမျိုးတွေ ကိုတော့ ဆေးရုံမှာစစ်လို့မရလို့ အပြင် Lab ကိုပဲ လူနာကိုစစ်ခိုင်းရပါတယ်။ Troponin ဆိုရင် အပြင်မှာ နှစ် သောင်း၊ သုံးသောင်းဝန်းကျင်ကျတယ်လို့သိရပါတယ်။ ဆေးရုံမှာ ဆရာဝန် က လူနာကို အချိန်ပြည့်ကြည့်ပေး နိုင်ပေမဲ့ Lab တွေကြောင့် အဆင် မပြေနိုင် တာတွေဖြစ်နေပါတယ်။ ဆေး တွေအခမဲ့ပေးနေတာ ၃ ရက်ကို တစ် သိန်းခွဲကုန်လို့ဆိုပြီး မကြာသေးခင် က ဆေးရုံတစ်ခုမှာ လူနာရှင်က ပြဿနာ လုပ်တယ်လို့ သိရပါတယ်။ အဓိကကတော့ ပြင်ပကိုပို့ရတဲ့ ဓာတ် ခွဲခန်းစရိတ်နဲ့ စားစရိတ်၊သောက်စရိတ် တွေဖြစ် ပါလိမ့်မယ်။ Lab ကြောင့် ပဲ လူနာကို ၀န်ထုပ်ဝန်ပိုးဖြစ်စေပါ တယ်။ ဆေးရုံက ဆေးအခမဲ့ပေး တယ်။ ၂၄ နာရီဆရာဝန်ကြည့်ပေး တာကြောင့် Lab ကိုလည်း အဲလိုပဲ စနေ၊ တနင်္ဂနွေမှာ လည်း ရုံးဖွင့်ရက် လိုပဲဝန်ထမ်းအင် အား၊စက်အင် အား ဖြည့်တင်း ထားစေ ချင်ပါတယ်။ ကိုယ့် ဆေးရုံ Lab မှာပဲ မကြန့်ကြာဘဲ မြန် မြန်စစ်ဆေးလို့ အဖြေရမယ်ဆိုရင် ကုသရေး အတွက် သိပ်အထောက် အကူဖြစ်ပါတယ်” ဟုပြည်သူ့ဆေးရုံတစ်ခုမှ ဆရာဝန်တစ်ဦး က ပြောသည်။
ဓာတ်ခွဲပစ္စည်းအလုံအလောက်မရှိရခြင်းနှင့်ပတ်သက်၍]နှလုံးသွေး ကြောရောဂါကိုစစ်တဲ့ ပုလင်းလေး တစ်လုံးက အရင်ဈေးနဲ့တောင် ဒေါ် လာ ၁၆ ဒေါ်လာလောက်ကျတယ်။ ၀ယ်ရင်းဈေးကိုပြောတာ။စစ်မယ်ဆို ရင် လူနာသုံးယောက်စာပေါ့။ ဆေး ရုံတွေကျတော့ အများကြီး ထားလို့ မရဘူး။ ဖျော်ပြီးသွားပြီဆိုရင် Reagentကို ကြာကြာထားလို့မရဘူး။ အပြင် ဓာတ်ခွဲခန်းတွေတောင် အရဲစွန့် ပြီးဝယ်ကြရတယ်။ အဲ့လိုရှားပါးတဲ့ ဟာဆိုရင်တော့ အပြင်မှာပဲ စစ်လို့ရ နေတာပါ} ဟု ဓာတ်ခွဲကျွမ်းကျင်က ဆိုသည်။
ပြည်သူ့ဆေးရုံတိုင်းတွင် ဓာတ် ခွဲခန်းဝန်ထမ်းများကို နေ့ဆိုင်းညဆိုင်း ၂၄ နာရီထား ရှိသော် လည်း အချို့ သော စစ်ဆေးမှုရလဒ်များကို တာ ၀န်ယူရန် အတွက် တာဝန်ခံဆုံးဖြတ် လက်မှတ်ရေး ထိုးပေးမည့် Pathologistရောဂါဗေဒ ဆရာဝန် အချိန် ပြည့်မထိုင်နိုင် သည့် အတွက် အရေး ကြီးသည့်စစ်ဆေးချက် အဖြေများ ကိုလက်မှတ်ထိုးဆုံးဖြတ်ပေးရန် စောင့် ဆိုင်းရသည့်အခါများတွင် ကြန့်ကြာ မှုများဖြစ်ပေါ်ရခြင်းဖြစ်သည်ဟု ဓာတ် ခွဲကျွမ်းကျင် ၀န်ထမ်းကပြော သည်။
ဆေးရုံဓာတ်ခွဲခန်းများသည် ဆရာဝန်စစ်ဆေးခိုင်းသည်များကိုအ ခကြေးငွေ ယူသည်လည်း ရှိကြောင်း၊ တစ်ခါတစ်ရံတွင် တာဝန်ကျဆရာဝန် က အပြင် ဓာတ်ခွဲခန်းနှင့် ဆေးရုံဓာတ် ခွဲခန်း ခွဲခြားစစ်ခိုင်းသည့် စစ်ဆေး ချက်များကို ဆေးရုံဓာတ်ခွဲခန်းက အ ပြင်မှာပဲ အားလုံးကို တစ်ခါတည်းစစ် လိုက်ပါ။ ဒီမှာစစ်မနေပါနှင့်ဟု ပြန် လည်ညွှန်ကြားကြောင်း အင်းစိန်ဆေး ရုံတွင် ဓာတ်ခွဲဆေးစစ်ခဲ့ရသည့်လူ နာရှင်ကပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေ ဖြင့် ၂၀၁၁-၁၂ တွင် ကျပ် ၉၂ ဘီ လီယံ၊ ၂၀၁၂-၁၃ တွင် ကျပ် ၄၀၀ ဘီလီယံ၊ ၂၀၁၃-၁၄ တွင် ကျပ် ၅၂၈ ဘီလီယံ သုံးစွဲခဲ့ပြီး ယခုနှစ်တွင် ကျပ် ၆၅၂ ဘီလီယံအထိသုံးစွဲရန်လျာထား သည်ဟု ပြည်သူ့လွှတ်တော် ကျန်း မာရေးမြှင့်တင်မှုကော်မတီ ကပြော ကြားခဲ့သည်။
“ဆေးရုံဓာတ်ခွဲခန်းက ပိုက်ဆံ တောင်းတယ်ဆိုရင် အဲဒါက ဆေးရုံ အုပ်ရဲ့ မူဝါဒ Principle နဲ့လည်းဆိုင် ပါတယ်။ တစ်ခါတလေမှာ အထက်က မသိလိုက်တဲ့အောက်ခြေကလူတွေရဲ့ လုပ်ရပ်တွေလည်း ရှိနေပါတယ်။ သေ ချာတယ်ဆိုရင် တိုင်လို့ရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ဆေးရုံ က အခမဲ့ဆိုပေမဲ့ ကျွန်မတို့စစ်ဆေး ပေးရတဲ့ တချို့ကေ့စ်တွေ အ တွက် ဆေးရည်တွေ ၀ယ်ရတာတွေရှိပါတယ်။ လက်အိတ်တွေ မကောင်း ရင်လည်း ကိုယ်ပဲထိခိုက်မှာစိုးလို့ ၀ယ်ရတယ်။ လူနာတွေကလည်း သိသင့်ပါတယ်။ တတ်နိုင်သူများအတွက် စရိတ်မျှပေး၊ ချို့တဲ့သူများအတွက် အခမဲ့လို့ရေး ထားကာမှ အားလုံးကို အလကားရ မယ်တော့ ဘယ်ဟုတ်မလဲ”ဟု အဆို ပါဓာတ်ခွဲကျွမ်းကျင်ကဆိုသည်။
ဆေးရုံဓာတ်ခွဲခန်းများနှင့်ပတ် သက်၍ ရင်ဆိုင်နေရသည့် အခြား သောပြဿ နာတစ်ခုမှာ ဓာတ်ခွဲခန်း အဖြေမှားယွင်းခြင်းပင်ဖြစ်သည်ဟု လည်း လူနာများ ကဆိုသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဓာတ်ခွဲစမ်းသပ်မည့် နမူနာပစ္စည်း ကို မထုတ်ယူခင် ကြို တင်ပြင်ဆင်မှု ချွတ်ချော်ခြင်း၊ ထုပ် ပိုးသယ်ဆောင် သိမ်းဆည်းမှုများတွင် နည်းလမ်းမမှန်ခြင်းကြောင့်ဖြစ်နိုင် သည်ဟု ပညာရှင်တစ်ဦးကသုံးသပ် သည်။
“နောက်တစ်ခုက ဆေးရုံLab တွေရဲ့အရည်အသွေးပါ။ ကျောက်ကပ် မကောင်းတဲ့လူတစ်ယောက် ပိုတက် စီယမ်များနေမယ်လို့ထင်လို့ စစ်ခိုင်း လိုက်တယ်။ စက်က ပိုတက်ဆီယမ် မများဘူးဆိုတဲ့အဖြေမျိုး ထွက်လာ တယ်။ ECG မှာက ပိုတက်ဆီယမ် များနေတဲ့လက္ခဏာရှိနေတယ်။ ဆရာဝန်အနေနှင့် မသေချာမှာစိုးလို့ နောက်တစ်နေရာအပြင်ကိုပို့ပြီးစစ်ခိုင်းလိုက် တော့ပိုတက်စီ ယမ်များနေတယ်။အဲဒီ တော့လူနာက ပိုက်ဆံလည်းကုန် လိုက်ရသလို ဆရာဝန်ကလည်း အ ချိန်ပိုကုန်လိုက်ရတယ်။ Lab အဖြေ ကြောင့် ဆုံးဖြတ်ချက်မှားမှာကိုလည်း စိတ်ပူနေရတယ်။ ထိရောက်တဲ့ကုသ မှုကို လူနာကိုချက်ချင်းမပေးလိုက် နိုင်တဲ့အခါ လူနာဆုံးရှုံးသွားတာမျိုး လည်းဖြစ်သွားနိုင်ပါတယ်။ဒါကြောင့် စက်ရဲ့အရည်အသွေးကိုထိန်းသိမ်းစေ ချင်ပါတယ်။Upgrade လုပ်စေချင်ပါ တယ်”ဟုဆရာဝန်က ဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့ တောင်အာရှဒေသဆိုင်ရာ ရုံးခွဲ၏ ၂၀၀၃ ခုနှစ်အစီရင်ခံစာ အရ မြန်မာ နိုင်ငံကျန်းမာရေးဝန်ကြီးဌာနတွင် ရော ဂါဗေဒဆရာဝန် ကြီးကြပ်သည့်ဓာတ် ခွဲခန်း ၃၈ ခုရှိပြီး၊ ကျန်ဆေးရုံဓာတ် ခွဲခန်းပေါင်း ၃၀၀ ကျော်တွင် ဓာတ် ခွဲခန်းကျွမ်းကျင်သူနှင့် အဏုကြည့် မှန်ဘီလူးကြည့်သူများကသာ ဦးစီး ထားကြောင်းသိရသည်။
“ဓာတ်ခွဲခန်းအဖြေမှာ ဖြစ်သင့် တဲ့အဖြေထက် ရလဒ်က အရမ်းနည်း လွန်းတဲ့သူ၊ အရမ်းများ လွန်းသူတွေကိုတော့ စက် ဘယ်လောက်ကောင်း ကောင်း ပြန်စစ်တယ်။ လူနာရဲ့သွေး ကို စစ်တာ။ လူနာကိုကြည့်ပြီးတော့ ဒီအဖြေနည်းနိုင်တယ်၊ မနည်းနိုင်ဘူး ကြည့်ပြီး စစ်တာ မဟုတ်ဘူးပေါ့နော်။ ပုံမှန်ဆိုရင် ပုံမှန်လို့ပဲထုတ်သွားမယ်” ဟု ဓာတ်ခွဲခန်းပညာရှင်တစ်ဦးကဆို သည်။
ပြည်သူ့ဆေးရုံများနှင့်ပြင်ပဆေး ခန်းများမတူညီခြင်းမှာ ပြင်ပဆေး ခန်းများတွင် လူနာရောဂါ ရာဇ၀င်ကို အချို့သောဆရာဝန်များက ရေးပေး လိုက်သော်လည်း လူနာများ သည့် ပြည်သူ့ဆေးရုံများ တွင် ရေးပေးလေ့ မရှိသည့်အတွက် လူနာ၏ အခြေအ နေကို မသိရဘဲ သွေးကို သာဖောက် စစ်ရသည့်အတွက် တစ်ခါတစ်ရံဖြစ် တောင့် ဖြစ်ခဲ အဖြေမှားနေခြင်းကို မသိနိုင်ဟု ၎င်းကဆိုသည်။
ဆက်လက်၍ “ဆရာဝန်တွေဘက် ကလည်း ဆေးရုံထဲမှာ သွေးဖောက် ရမယ့်လူနာ ၁၀၀ ရှိရင် သေရေးရှင် ရေး လူနာမျိုးကိုအမှတ်အသားလေး လုပ်ပြီးတော့ ပို့ရင်တော့ ပိုကောင်း တာပေါ့” ဟုဆိုသည်။
ပြင်ပပုဂ္ဂလိက ဓာတ်ခွဲခန်းများ သည် ပြည်သူ့ဆေးရုံများထက် ဓာတ် ခွဲကုန်ကျစရိတ် ပိုယူမှုများ ရှိသကဲ့သို့ မလိုအပ်ဘဲ ဓာတ်ခွဲစစ်ဆေးမှုများကို လည်း ပြုလုပ်စေသည့်အတွက် ငွေကုန်ကြေး ကျ ပိုများလာရသည်ဟု လူ နာတစ်ဦးကဆိုသည်။ ဓာတ်ခွဲစမ်း သပ်ခများသည် ဆေးကုသခငွေ ထက် ပိုမိုဈေးကြီးမြင့်နေတတ်သည်ဟုလည်း ၎င်းင်းကဆိုသည်။
ဆေးရုံဆေးခန်းများတွင် တာ ၀န်ရှိဆရာဝန်သည် မလိုလားအပ် သောဆေး စစ်မှုကို ၂၂ ရာခိုင်နှုန်း ထိလုပ်ခိုင်းလေ့ရှိသည်ဟု အမေရိ ကန်နိုင်ငံတွင်ပြု လုပ်ထားသော သု တေသနအရဆိုင်ရာ အဖွဲ့အစည်း ကြီး၏သုတေသန ဂျာနယ်က ဖော်ပြထားသည်။
“ ပြည်သူအားကိုးတဲ့ ဆေးရုံက လုံလုံလောက်လောက်ရှိမှ ပြည်သူ အားကိုးနိုင်မှာပေါ့။ ၀န်ထမ်းတွေ အ နေနဲ့ကလည်း ဆေးရုံတစ်ခုလုံးက လူနာအားလုံး နီးပါးရဲ့ ရောဂါ ရှာဖွေ ရေး ဓာတ်ခွဲစစ်ဆေးတာတွေကို နေ့ ည ဂျူတီနှစ်ဆိုင်းခွဲထားပေမဲ့ မနိုင် နင်းတာတွေဖြစ်တယ်။ လူနဲ့ငွေလုံ လောက်ရင် အပြင်ဆေးခန်းမရှိနိုင်ပါ ဘူး။ အပြင်ဓာတ်ခွဲခန်းတွေကလည်း ပိုက်ဆံတောင်းတာ လွန်တယ်။ တ ကယ်ဝယ်သုံးရတဲ့  Reagent က ၇၅၀ပဲတန်တယ်ဆိုရင် အပြင့် Lab မှာသွားစစ်ရင် ၇၅၀၀ လောက် သူတို့ ကတောင်းတယ်။ မတတ်နိုင်တဲ့ သူ တွေ အတွက် အမှန်တကယ်ကို ၀န် ထုပ်ဝန်ပိုးဖြစ်နိုင်ပါတယ်} ဟု ၎င်းင်း ဓာတ်ခွဲခန်းပညာရှင် က ပြောသည်။
" Lab မှာလည်း သူတို့အခက်အခဲ နှင့်သူတို့ရှိပါလိမ့်မယ်။ တချို့ဆေးရုံ တွေဆို Reagent တွေ ၀ယ်သုံး ရတာမျိုးတွေရှိပါတယ်။ နောက်တစ် ခုက ဆေးရုံ ကိုတက်လာသမျှ လူနာ အားလုံးရဲ့ဆေးစစ်ချက်အားလုံးကို စစ်နေရတော့ တစ်နာရီ၊ နှစ်နာရီအ တွင်းစက်အနေအထား၊ လူအနေအ ထားအရမရနိုင် တာဖြစ်ပါလိမ့်မယ်။ အစိုးရအနေနနှင့် ကျန်းမာရေး ဘတ်ဂျက် ပိုတိုး ရနေပြီ ဆိုတော့ ဒီLab ကိစ္စကိုလည်း အမြန် ဆုံးဖြေရှင်းပေး စေ ချင်ပါတယ်။ လူ အင်အား ကလည်း နည်းတာမျိုးတွေရှိတော့ သူတို့အ ခက်အခဲကို
လည်း ဖြေရှင်းပေးနိုင်ဖို့ လိုပါတယ်”ဟု ပြည်သူဆေးရုံတစ်ခု မှ ဆရာဝန်က ဆက်ပြောသည်။
အစိုးရသစ်လက်ထက်တွင် ကျန်း မာရေးအသုံးစရိတ်ကို ယခင်ကထက် ပိုမိုသုံး စွဲလာသည်ဟု ဆိုသော်လည်း ပြည်သူ့ဆေးရုံများတွင် ဆရာဝန်နှင့် လူနာမမျှတမှု၊ ဆေးဝါးမလုံလောက် မှု၊ ကျွမ်းကျင်သည့်လူ့စွမ်းအားရင်း မြစ်ရှားပါးမှုပြဿနာများမှာ ရင်ဆိုင် နေရဆဲပင်ဖြစ်သည်။
သြဂုတ် ၁ ရက်နေ့ထုတ်၊ အတွဲ ၂ အမှတ်စဉ် ၂၄၊
သည်လေဒီးစ် နယူးစ်ဂျာနယ်