Quantcast
Viewing all articles
Browse latest Browse all 32865

မဟနကို ဒုတိယအကြိမ် တရားစွဲတဲ့ လန်ဒန်ဆရာတော် ဦးတိုက်လျှောက်မှု ဘာဖြစ်သွားလဲ


မတရား ဖမ်းဆီးချုပ်နှောင်မှုနဲ့ နိုင်ငံတော်သံဃာ့မဟာနာယကကို တရားစွဲဖို့ လန်ဒန်ဆရာတော်ရဲ့ ဦးတိုက်လျှောက်ထားမှုကို တာမွေမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဗဟန်းရုံးက ပယ်ချခဲ့သလို တာမွေကလည်း ပယ်ချခဲ့လား။

မဟာသန္တိသုခကျောင်းတိုက်ကို အဓမ္မစီးနင်းဖို့ စေခိုင်းမှု၊ လန်ဒန်ဆရာတော်အပါအဝင် သံဃာ ၅ပါးကို တစ်ပတ်ကြာ အဓမ္မဖမ်းဆီး ချုပ်နှောင်မှုတွေကြောင့် မဟန ဥက္ကဌဆရာတော်နဲ့ အဖွဲ့ဝင်တွေကို အရေးယူဖို့ တာမွေတရားရုံးမှာ လျှောက်ထားခဲ့တာကို လက်ရှိအမှု စစ်ဆေးဆဲဖြစ်လို့ ပယ်ချလိုက်တယ်လို့ ဆရာတော် ဦးဥတ္တရက မိန့်ပါတယ်။

တာမွေမြို့နယ် တရားရုံးနဲ့သာ သက်ဆိုင်တယ်လို့ ဗဟန်းရုံးကပြောလို့ တာမွေမှာ ၅ကြိမ်မြောက် ရုံးချိန်ရှိတဲ့ အချိန်မှာ ဦးတိုက်လျှောက်တော့လည်း ပယ်ချခံရတာဖြစ်ပါတယ်။ မြို့နယ်နဲ့ ခရိုင်တရားရုံးတွေက မဟနကို တရားစွဲတာ လက်မခံရင် လူ့အခွင့်အရေးချိုးဖောက်မှု၊ မတရားဖမ်းဆီးချုပ်နှောင်မှုတွေနဲ့ နိုင်ငံတကာတရားရုံးတွေကို တင်ပြသွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ကို တရားစွဲဖို့ ဒုတိယအကြိမ် ဦးတိုက်လျှောက်ထားရာမှာ မတရား တားဆီးချုပ်နှောင်မှု ပုဒ်မ ၃၄၁၊ ၃၄၂နဲ့ စွဲဆိုဖို့ လုပ်ခဲ့တာဖြစ်တယ်လို့ အကျိုးဆောင်ရှေ့နေ ဦးသန်းထွန်းအောင်က ဆိုပါတယ်။

Kamayut media

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>