Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဦးဆန်းဆင့်အရေး ပွင့်လင်းစွာချပြရန် ဒေသခံ (၃၀၀)၀န်းကျင်က ဒေးဒရဲမြို့၌ ဆန္ဒထုတ်ဖော်

$
0
0
သာသနာရေးဝန်ကြီးဟောင်းဦးဆန်းဆင့်အားဖမ်းဆီးမှုနှင့်ပါတ်သက်၍ ပြည်ထောင်စုအစိုးရမှ ပွင့်လင်းမြင်သာမှု ရှိရန်နှင့် အမှန်တကယ်လာဘ်ပေး လာဘ်ယူမှုရှိနေသော အစိုးရ အဖွဲ့ဝင်များကို ဖော်ထုတ်အရေး ယူပေးရန် ဒေးဒရဲ မြို့မှဒေသခံ(၃၀၀)ခန့်က သြဂုတ်လ (၉)ရက်နေ့ နံနက်ပိုင်းက ဒေးဒရဲမြို့အနှံလှည်လည်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဒေးဒရဲမြို့နယ်တောင်ပိုင်းမှ ကျေးရွာပေါင်း(၂၀)ခန့်က ဒေသခံ(၃၀၀)၀န်းကျင်က နံနက်(၁၀)ခွဲတွင် ဒေးဒရဲဇက်ဆိပ်မှ စတင်ကာ ဦးဆန်းဆင့်အားပြစ် မှုမှကင်းလွတ်ခွင့်ပြုရေး၊ဥပဒေရှေ့မှောက်တွင် ခွဲခြားဆက်ဆံခံရမှုမ ရှိစေရေး၊ ပြစ်မှု ကျူးလွန်သည်ဟု ထင်ရှားခြင်းမရှိဘဲအချုပ်အနှောင်မှ ကင်းလွတ်ရေး၊ အမှန်တကယ်လာဘ်ပေးလာဘ်ယူသူများအား အရေးယူခွင့်ရရှိရေး၊ ဦးဆန်းဆင့်အမှန်တကယ် ပြစ်မှုကျူးလွန်သည်ဆိုပါက ပွင့်လင်းမြင်သာစွာပြည်သူလူထုအား ထုတ်ပြန်ကြေငြာပေးရေး စသည့် ကြွေးကြော်သံများဖြင့် နံနက်(၁၂)နာရီ (၃၀)အထိ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

`ဦးဆန်းဆင့် တကယ်လဘ်ပေးလဘ်ယူတယ်ဆိုရင်လည်း ပွင့်ပွင့်လင်း လင်းပြည်သူကိုချပြသင့်တယ်၊ တကယ် လာဘ်ပေးလာဘ်ယူနေတဲ့ အစိုးရအဖွဲ့ဝင်တွေကိုလည်း ပွင့်ပွင့်လင်းလင်းဖော်ထုတ်အရေးယူပေးဖို့ အခုလိုဆန္ဒ ထုတ်ဖော် တာပါ´ဟုဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့သူ ကိုအောင်ကျော်ဆန်းက ပြောသည်။

ဝန်ကြီးဟောင်းဦးဆန်းဆင့်ကို ပြစ်မှုပုဒ်မ ၄၀၉ ပြည်သူပိုင်ပစ္စည်းအ လွဲသုံးစားမှု၊ ပုဒ်မ၁၀၉ လှုံ့ဆော်ခြင်းကြောင့် ဖြစ်စေ ၊ပူးပေါင်းကြံစည်ခြင်းကြောင့်ဖြစ်စေ အားပေးကူညီမှုတို့ဖြင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ) က စတင် တရားစွဲခဲ့ခြင်းဖြစ်သော် လည်း ဇူလိုင်လ ၂၂ရက်နေ့(၄)ကြိမ်မြောက်ရုံးချိန်း တွင်မှုပုဒ်မ ၁၀၉ ကို ရုပ်သိမ်း လိုက်ပြီး ပုဒ်မ ၁၂၄ နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှုဟု ဆိုကာထပ်မံတရားစွဲခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင်ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်မှာဖမ်း ဆီးထိန်းသိမ်းထားပြီး နှလုံးရောဂါ၊ ကျီးပေါင်း ရောဂါနှင့် မျက်စိဝေဒနာခံစားနေရသောကြောင့်ဇူလိုင်လ ၃၀ရက်နေ့(၅)ကြိမ်မြောက် ရုံးချိန်းတွင် တရားရုံး၌ ကျန်းမာရေးအာမခံလျှောက်ထား ခဲ့သော်လည်းအပြင်တွင် မလျှော်သြစာသုံးမည် စိုးရိမ်သဖြင့်ဟုဆိုကာ အာမခံကို ပယ်ချခဲ့သည်။
ထို့နောက်သြဂုတ်လ(၆)ရက်နေ့က ခေါ်ယူခဲ့သော(၆)ကြိမ်မြောက်ရုံးချိန်းတွင် ဦးဆန်းဆင့်မှ ဌာနငွေကြေးများကို သူကိုယ်တိုင်မကိုင်ပဲလွှဲအပ်ထားသည်ဆိုသူ သာသနာရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးမောင်မောင်ဌေးအား တရားရုံးမှ စစ်ဆေးခဲ့ပြီး သြဂုတ်လ(၁၂)ရက်နေ့ကို ထပ်မံရုံးချိန်းထပ်မံချိန်းဆိုခဲ့သည်။

ထို့ကြောင့် ဒေးဒရဲမြို့နယ်တောင်ဘက်တွင်ရှိသော တော်ကနိ၊ညောင်လိန်ကုန်း၊ချောင်းသစ်ပေါက်သံဒိပ်၊ ရေတွင်းကုန်း ဥသြလမ်း၊ ကျွန်းပင်၊တော်ပေါင် စိန်နှင့်ကျောင်းဆိပ်စသည့် ကျေးရွာ(၂၀)မှဒေသခံများသည် သြဂုတ်လ(၆)ရက်နေ့မှစတင်ကာ ဆန္ဒဖော်ထုတ်ခွင့်ကိုလျှောက် ထားခဲ့ပြီး ဒေးဒရဲမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးမှ (၁၂/၂၀၁၄)ဖြင့် ခွင့်ပြုမိန့် ပေးခဲ့သည်။
`အဓိကက မလျှော်သြဇာသုံးမှာစိုးလို့ဆိုပြီး အာမခံတောင်မရခဲ့တဲ့ကိစ္စကတော့ လူ့အခွင့်အရေး ချိုးဖောက်တာပါ၊ အဲ့ဒါကြောင့် ကျွန်တော်တို့ကဒီဆန္ဒဖော် ထုတ်ပွဲမှာဦးဆန်းဆင့် ဥပဒေရှေ့မှောက်တွင် ခွဲခြားဆက်ဆံခံရမှု မရှိစေရေး၊ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားခြင်းမရှိဘဲ အချုပ်အနှောင်မှ ကင်းလွတ်ရေးတွေပါ တောင်းဆိုတာပါ´ဟု ဆန္ဒဖော်ထုတ်ရာ တွင် ဦးဆောင်ပါဝင်သူလူ့အခွင့် အရေး စောင့်ကြည့်ကာ ကွယ်ရေး ကွန်ယက်(HRWDN)မှ ကိုထွန်းထွန်းဦးက ပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် ဒေးဒရဲမြို့ဇက်ဆိပ်မှစတင်ကာ ကမ်းနားလမ်း၊ပြည်တော်သာလမ်း၊ ဘုရားလမ်း၊ ကံ့ကော်လမ်း၊ ဗိုလ်ချုပ်လမ်းတို့တွင်လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး စတင်စုဝေးခဲ့ရာဇက်ဆိပ်၌ပင် ငြိမ်းချမ်းစွာ ပြန်လည်လူစုခွဲခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌအဖြစ်(၂)နှစ်နီးပါးတာဝန်ထမ်းဆောင်ပြီးဒေသခံတို့၏ချစ်ခင်လေးစားမှုကိုရရှိခဲ့သော ဦးဆန်းဆင့်ဖမ်းဆီးခံ ရမှုနှင့်ပါတ်သက်ပြီး ဇူလိုင်လ(၁)ရက်နေ့ကလည်း ပုသိမ်ဒေသခံ (၂၀၀)ခန့်က ဆန္ဒဖော် ထုတ်ခဲ့ကြပြီး၎င်းဆန္ဒဖော်ထုတ်ပွဲ တွင်ခွင်ပြုမိန့်၌ မပါဝင်သောပိုစတာများ ကိုင်ဆောင်သည်ဆိုကာ ဦးဆောင်ခဲ့သူကို ပုသိမ်မြို့အမှတ်(၂)ရဲစခန်းမှငြိမ်းချမ်းစွာစုဝေးခွင့်နှင့်စီတန်း လှည့်လည်ခွင့်ဆိုင်ရာပုဒ်မ(၁၉)ဖြင့် အမှုဖွင့်၍ တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့သည်။

(၂၀၁၃)ဖေဖေါ်ဝါရီလကလည်းဦးဆန်းဆင့်အားသာသနာရေးဝန်ကြီးရာထူးပြောင်လဲတာ ၀န်ပေးအပ်ခဲ့သဖြင့် ပုသိမ်၊ ဟင်္သာတ၊ပန်းတနော်၊ ကျုံပျော၊်ကျောင်း ကုန်း စ သည့်မြို့များ မှဒေသခံပြည်သူများက အဆိုပါပြောင်းရွေ့မိန့် ကို ပြန်လည် ရုတ်သိမ်းရန် ဆန္ဒဖော်ထုတ်မှု များပြုလုပ်ခဲ့ကြသေးသည်။
သတင်းထောက်-မျိုးမင်းထွန်း (MMK)

သြဂုတ်လ- ၉ ရက်နေ့

သည်လေဒီးစ် နယူးစ်ဂျာနယ်

Viewing all articles
Browse latest Browse all 32865


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>