Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

နိုင်ကျဉ်းတွေ အကုန်အစင်လွတ်ရေး သံဃာတစ်ပါး ပဲခူးမှရန်ကုန် လမ်းလျှောက်

$
0
0
နိုင်ငံရေးအကျဉ်းသားတွေ အကုန်အစင်လွှတ်ပေးမယ်ဆိုတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ကတိစကား အခုထိ အကောင်အထည်မပေါ်လာလို့ ဆရာတော် ဦးရက္ခဝံသဟာ ပဲခူးကနေ ရန်ကုန်အထိ သြဂုတ် ၈ရက်နေ့က တစ်ကိုယ်တော် လမ်းလျှောက်ဆုတောင်းခဲ့ပါတယ်။ ဆရာတော့်ဆုတောင်း ပြည့်ပါ့မလား။

၂ဝ၁၃ အကုန် နိုင်ငံရေးအကျဉ်းသား လုံးဝမရှိစေရဆိုပေမယ့် လက်ရှိ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၄ယောက် ရှိနေဆဲဖြစ်ပြီး သြဂုတ် ၈ရက်နေ့ မနက် ၈နာရီ ၈ မိနစ်ကစတင်ပြီး ပဲခူးမြို့ကနေ ရန်ကုန်ကို လမ်းလျှောက်ဆုတောင်းဖို့ ကြွနေတာဖြစ်တယ်လို့ မိန့်ပါတယ်။


နိုင်ငံရေးအကျဉ်းသားတွေ အကုန်အစင်လွတ်မလာရင် ၄၅ရက်ကြာ အစာငတ်ခံဆန္ဒပြသွားဖို့လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဆရာတော် ဦးရက္ခဝံသဟာ သြဂုတ် ၈ရက်နေ့ညက လှည်းကူးမှာ တည်းခိုခဲ့ပြီး သြဂုတ် ၉ရက်နေ့မနက်မှာတော့ ရန်ကုန်မြို့ကို ဆက်လက်ကြွချီခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားတာဟာ နိုင်ငံတကာနဲ့တွေ့ဆုံချိန်မှာ မျက်နှာပန်းလှအောင် အသုံးချဖို့ လုပ်ထားတယ်လို့ သူယူဆတဲ့အကြောင်း တစ်ကိုယ်တော် ဆန္ဒပြတဲ့ ဦးရက္ခဝံသက မိန့်ပါတယ်။

ဆရာတော်ဟာ လမ်းလျှောက်ဆုတောင်းရာ ခရီးတစ်လျှောက် ဆွမ်းမစားဘဲ ကြွနေတာဖြစ်ပြီး ဒီတစ်ကြိမ်နဲ့ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကို အကုန်အစင်လွှတ်ပေးဖို့ တစ်ကိုယ်တော်ဆုတောင်းမှု ၆ကြိမ်တိတိလည်း ရှိပြီဖြစ်ပါတယ်။

Kamayut media

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>