အချိုးကျကိုယ်စားပြုရွေးချယ်တဲ့ ရွေးကောက်ပွဲစနစ် PR ကို ကန့်ကွက်ဖို့အတွက် မင်္ဂလာတောင်ညွန့်မှာ ဆန္ဒပြမယ့်ကိစ္စ ရဲစခန်းက ခွင့်ပြုချက်မပေးလို့ သြဂုတ် ၉ရက်နေ့မှာ ဆန္ဒပြပွဲပျက်သွားပါတယ်။ ငြိမ်းစုစီဥပဒေအရ သတ်မှတ်ရက်အတိုင်း ကြိုတင်အကြောင်းကြားရင် ရဲစခန်းခွင့်ပြုချက် လိုသေးလို့လား။
သိမ်ဖြူလမ်းကနေ ပုစွန်တောင်ကို လမ်းလျှောက်ချီတက်ဖို့ ပြင်ဆင်ထားပေမယ့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ခွင့်ပြုချက်မပေးလို့ ဆန္ဒပြမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ အသင့်ပုံနှိပ်ထားတဲ့ ဗီနိုင်းပိုစတာနဲ့အတူ သတင်းမီဒီယာတွေကို သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောခဲ့ပါတယ်။
ငြိမ်းစုစီ ဥပဒေနဲ့အညီ ၇ရက်ကြိုတင်ပြီး အကြောင်းကြားပေမယ့် လမ်းလျှောက်ဆန္ဒပြတာကို ရဲတပ်ဖွဲ့က ခွင့်မပြုဘဲ ပြည်သူ့ဟစ်တိုင်မှာပဲ ဆန္ဒပြလို့ရတယ်လို့ ခွင့်ပြုခဲ့လို့ ငြိမ်းချမ်းစွာ စုဝေးစီတန်းလှည့်လည်ခြင်းဆိုင်ရာ နည်းဥပဒေ အသက်မဝင်သေးဘူးလို့ ဦးဌေးမြင့်က ပြောပါတယ်။
NDF ပါတီရဲ့ ပုစွန်တောင်လွှတ်တော်အမတ် ဦးအောင်ဇင်က ပြည်သူ့လွှတ်တော်မှာ PR ရွေးကောက်ပွဲစနစ် တင်သွင်းခဲ့လို့ ဒီအဆိုကို ရည်ရွယ်ပြီး ကန့်ကွက်ဆန္ဒပြမှုကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ခွင့်ပြုချက်မပေးတဲ့အပြင် ဘာ့ကြောင့် ခွင့်မပြုတာလဲဆိုတာကိုလည်း ရှင်းပြခဲ့တယ် ပြောပါတယ်။
ဆန္ဒမပြဖြစ်တဲ့အကြောင်း ရှင်းလင်းပြောပြီး ပြန်သွားတဲ့ မြို့နယ်ခေါင်းဆောင်ရဲ့ တာဝန်ပေါ့လျော့လို့ ဆန္ဒပြဖို့ ရောက်လာတဲ့ လှုပ်ရှားတက်ကြွသူတွေက တဖွဲဖွဲရောက်လာတဲ့အပေါ် မင်္ဂလာတောင်ညွန့် NLD က ဦးသောင်းဌေးက လူစုခွဲပေးဖို့ မေတ္တာရပ်ခံခဲ့ရပါတယ်။
Kamayut media