Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တက္ကသိုလ်ဆရာ၊ ဆရာမများအား ဂိတ်ပေါက်လုံခြုံရေး တာဝန်ယူခိုင်းခြင်းသည် မသင့်လျော်ဟုဆို

$
0
0
တက္ကသိုလ် ကျောင်းအဆောင်များရှိ ဂိတ်ပေါက် များ၌ ဆရာ၊ ဆရာမများအားဂိတ် ပေါက်လုံခြုံရေးတာဝန်ယူခိုင်းခြင်း သည်မသင့်လျော်ကြောင်း အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေမှ ပြောသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေက ''ဘယ်လို ရည်ရွယ်ချက်နဲ့ ဒီလိုလုပ်ခိုင်းတာလဲ မပြောတတ်ဘူး။ ကျွန်တော့်အမြင် အရ ဒီလိုတက္ကသိုလ်နယ်မြေမှာ ဒီလို လုပ်တာအားမပေးဘူး။ ဆရာ၊ ဆရာမ တွေက စာသင်ကြားပေးရမယ်။ ကျောင်းသားကျောင်းသူတွေကို ကိုယ်ကျင့်သိက္ခာတွေ သင်ကြားပေး ရမှာဖြစ်တယ်။ ယဉ်ကျေးလိမ္မာ အောင် သင်ပေးရမှာ၊ အဲဒီဟာက မလိုလားအပ်ဘဲ ဂိတ်ပေါက်တွေမှာ လုံခြုံရေးအလုပ် လုပ်ခိုင်းတာ တော် တော်ကြီးကို ရုပ်ဆိုးပါတယ်။ ဒါလဲ ဘယ်နိုင်ငံမှာမှ ဒီလိုမျိုးမရှိဘူး။ ဆရာ၊ ဆရာမဆိုတာ ကျောင်းသား တွေလေးစားရမှာ၊ ဂါဝရပြုရမှာတွေ က ဒီလိုမျိုး ကျောင်းပေါက်ဝမှာ လုံခြုံရေးယူခိုင်းတာမသင့်တော်ပါ ဘူး''ဟု သြဂုတ် ၁၁ရက်က ဒဂုံ တက္ကသိုလ်(နားနေဆောင်-၁)တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေတို့၏လွှတ်တော် တွင်းအတွေ့အကြုံရှင်းလင်းပွဲအပြီး တွင်ပြောသည်။
ယင်းကဆက်လက်ပြီး အမျိုး သား ဥပဒေကြမ်း အဆင်မြင့်ပညာ ရေးဥပဒေများ ပြဋ္ဌာန်းအတည်ပြု ပြီး ကျောင်းတွင်း ကျောင်းသား သမဂ္ဂများ၊ ဆရာများအသင်းကဲ့သို့ အရပ်ဘက်အဖွဲ့အစည်းများ အား ကောင်းလာသည့်အခါ ညှိနှိုင်းဆွေး နွေးမှုများပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပြောသည်။

ဒဂုံတက္ကသိုလ်မှ ကျောင်းသား တစ်ဦးက ''ကျောင်းထဲမှာလုံခြုံရေး တွေပုံစံမျိုးနဲ့ စာသင်ရမယ့် ဆရာ၊ ဆရာမတွေက ဂျူတီစောင့်နေရ တယ်။ ဆရာ၊ ဆရာမတွေဆိုတာ ကျောင်းသားတွေမှားရင် ပြုပြင်ဖို့ရယ်၊ စာသင်ကြားရမယ့် အချိန်တွေအ စား ဂျူတီစောင့်နေရတာများတယ်'' ဟု ပြောသည်။

ဆရာ၊ ဆရာမများအား ဂျူတီ စောင့်ခိုင်းခြင်းသည် တပ်မတော်အ စိုးရ အုပ်ချုပ်စဉ်ကာလက ချမှတ် ခြင်းဖြစ်ပြီး ယခုအချိန်တွင် ဒီမိုက ရေစီလမ်းကြောင်းသွားသည့် တက္က သိုလ်တချို့တွင် အသုံးပြုခြင်းမရှိသည် ကို တွေ့ရကြောင်း၊ အာဏာရှင် ဆန်ဆန်အုပ်ချုပ်သည့် ကျောင်းများ တွင်သာ ကျန်ရှိနေခြင်းဖြစ်ကြောင်း နှင့် လွှတ်တော်တွင်းအတွေ့အကြုံ ရှင်းလင်းပွဲအား တားမြစ်ခြင်းများ ခံရသေးကြောင်း ဒဂုံတက္ကသိုလ်ဆရာများ အသင်းဥက္ကဋ္ဌက ပြောသည်။

ယင်းက ''ဆရာ၊ ဆရာမတွေဆို တာက စာသင်ကြားရမယ့်တာဝန် ဖြစ်တယ်။ အဲဒီဆရာ၊ ဆရာမတွေ ကို ဒီလိုလုပ်ခိုင်းတာက မသင့်တော် ပါဘူး။ ဆရာ၊ ဆရာမတွေကို အ သုံးချခံရတာဖြစ်တယ်၊ ကျောင်းမှာ လဲ လုံခြုံရေးတွေ အများကြီးရှိတယ်။ လုံခြုံရေးက လုံခြုံရေးတာဝန်ယူရမှာ ဖြစ်တယ်။ ဒါပေမဲ့ တစ်ပိုင်းမှာက တာဝန်ယူတဲ့ ဆရာ၊ ဆရာမတွေကြား ထဲမှာ အထက်အမိန့်ကိုနာခံလုပ်ကိုင် ရမယ်။ အထက်လူငြိုငြင်မှာစိုးတဲ့ ဆရာတွေရှိနေသေးတာကြောင့် ဖြစ်တယ်။ ဒါဟာလဲ ဒီမိုကရေစီ လမ်းကြောင်းကို တဖြည်းဖြည်းကျင့် သုံးသွားရမှာဖြစ်တယ်။ အခု လွှတ် တော်ကိုယ်စားလှယ်အတွေ့အကြုံ ရှင်းလင်းပွဲလုပ်တာတောင် ကျောင်း တွင်း မဲဆွယ်တဲ့ပုံစံမျိုးမလုပ်ရဘူး လို့ အထက်လူကြီးခိုင်းတဲ့အတိုင်း တားသေးတယ်။ ဒါက မဲဆွယ်တာ မဟုတ်ဘူး၊ လွှတ်တော်ကိုယ်စား လှယ်တွေရှင်းလင်းတာဖြစ်တယ်လို့ ပြောမှရတာဖြစ်တယ်'' ဟု ပြောသည်။

ယနေ့ လွှတ်တော်ကိုယ်စား လှယ်နှစ်ဦး၏ လွှတ်တော်အတွေ့ အကြုံရှင်းလင်းပွဲသို့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်း သားများအပါအဝင် ကျောင်းသား ကျောင်းသူတစ်ရာကျော်နှင့် ဆရာ၊ ဆရာမများကျောင်းမှ တာဝန်ရှိ သူများ လာရောက်နားထောင်ခဲ့သည် ကိုလည်း တွေ့ရသည်။

Yangon Media Group
5 hours ago · Edited

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>