Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

"မုံရွာတက္ကသိုလ် ကျောင်းသားနှစ်ဦး အား နမခတိုင်းမှူးဟောင်းဗိုလ်ချုပ်စိုးလွင်သား နှင့် အဖွဲ့က ကားဖြင့်လိုက်တိုက်"

$
0
0
သြဂုတ်လ(၁၁)ရက်နေ့ ည(၁၀)နာရီအချိန်ခန့်တွင် မုံရွာမြို့ ကျောက္ကာလမ်း ဖန်စီ(2)စားသောက်ဆိုင် မှ အရက်မူးပြီး ကားအားအရှီန်ပြင်းစွာဖြင့် မောင်းနှင် ကာ ကျောက္ကာလမ်းမကြီးပေါ် မောင်းတက်စဉ် မုံရွာတက္ကသိုလ် မှ ကျောင်းသား
နှစ်ဦး မောင်းနှင်လာသည့် FZ ဆိုင်ကယ် နှင့် တိုက်မိမည့် အနေအထားဖြစ်ကာ
စကားများကြပြီး နောက်ပိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးလွင် ၏ သားနှင့်အဖွဲ့ မှ အဆိုပါကျောင်းသားနှစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်အား ၄င်းတို့ပါလာ သည့် ကားများဖြင့်လိုက်တိုက်ပြီး ဒုတ်ဖြင့်ပစ်ပေါက်သဖြင့် မုံရွာတက္ကသိုလ် တွင် အေးချမ်းစွာပညာသင်ကြားနေလျှက်ရှိသည့် ကျောင်းသား(၂)ဦး ပြင်းထန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

"ဘယ်သူတွေ ရဲ့ သားသမီးတွေဆိုတာကိုတော့ တိတိကျကျ မသိပါဘူး။အရာရှိ နဲ့ ပိုက်ဆံရှိသားသမီးတွေဖြစ်ဖို့ ကျိန်းသေပါတယ်။ကားတစ်စီး ကတော့ ပိုစီဒွန်
သောက်ရေသန့် ပိုင်ရှင်ရဲ့ သားကားဖြစ်ပါလိမ့်မယ် သူ့ရဲ့ ပါဂျဲရိုကားမှန်မှာ အဲဒီ ရေသန့်စတစ်ကာပါတယ်။မှားတာကတော့ ကားအဖွဲ့က မှားတာပါ ကလေးနှစ်ယောက် က သူ့လမ်းသူမောင်းလာတာကို သူတို့က ဆိုင်ထဲကနေ မူးပြီးမောင်းထွက်လာတာပါ"ဟု အဆိုပါဖြစ်စဉ်အား မျက်မြင်တွေ့မြင်ရသူ က ပြောသည်။

"ဖြစ်စဉ်ကိုတော့ အသေးစိပ်စုံစမ်ေးနဆဲပါ ကျွန်တော်တို့ ရုံးကိုတော့ နယ်မြေ ရဲကင်း ကနေ တက်လာတဲ့ အစီရင်ခံစာတော့ ရှိပါတယ်။တိုင်းမှူး ဗိုလ်ချုပ် စိုးလွင် ရဲ့ သားနဲ့ အဖွဲ့ ဆိုတာလည်း ဟုတ်ပါတယ်။ဒီကလေး အနေနဲ့ကတော့ အခုလို လုပ်တာတွေက အဆန်းမဟုတ်တော့ပါဘူး။ခဏ ခဏ ဆိုသလိုပါဘဲ ပြဿနာရှာနေကြပါ။ပြီးခဲ့နှစ်ပိုင်း ကမ်းနားလမ်း အကောက်ခွန်ရုံးဘေး ထိုးကျ တဲ့ ကားကလည်း သူ့ပါဘဲ။"ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး နယ်စပ်
ရေးဝန်ကြီးဌာန မှ ၀န်ထမ်းတစ်ဦး က သလ္လာဝတီတိုင်မ်း ကို ပြောသည်။

အဆိုပါဖြစ်စဉ်တွင် ပါဝင်သည့် ကားများ မှာ နမခတိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးလွင် ၏ သား မောင်ထက် မောင်းနှင်သည့် 5D/3371 ပါရိုဒို ၊ရေနံ လုပ်ငန်းရှင် ဦးအောင်လင်း ၏ သား သော်ထက် မောင်းနှင်သည့် 1H/1440 ကား ၊နတ်လူထိပ်ပန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦး ၏ သား ဖြစ်သူ တေဇ မောင်းနှင်လာသည် 4C/5784 ပါဂျဲရိုးကား အပါ စုစုပေါင်း ကား(၅)စီးခန့် ဖြစ်ကြောင်းလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးရုံး ၀န်ထမ်းတစ်ဦး ထံ မှသိရသည်။

့ မုံရွာတက္ကသိုလ် မှ ထွန်းနိုင် ဒုတိယနှစ်(သင်္ချာ) နှင့် မင်းထက်ဇော် တတိယနှစ်(ရူပဗေဒ) တို့ မှ ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး ထွန်းနိုင် မှာ ပြင်ထန်းဒဏ်ရာများရရှိသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ကာ မင်းထက်ဇော် မှာ မုံရွာပြည်သူ့ဆေးရုံကြီးတွင် အတွင်း လူနာအဖြစ် ဆေးဝါးကုသမှုများခံယူနေလျှက်ရှိကြောင်းသိရသည်။

FZ ဆိုင်ကယ် ၃၀ယ/၇၈၉၁၅ မောင်းနှင်သည့် ထွန်းနိုင် နှင့် မင်းထက်ဇော် တို့ အား မုံရွာမြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ခွဲရုံး မှ ရဲအရာရှိ ရင်မောင်းဦး မှ ယာဉ်မဆင်
မချင်မောင်းနှင်မှု အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၂၇၉/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့်တိုင်ကြားပြီး ကားဖြင့်လိုက်တိုက်သည့် အဖွဲ့အား မည်သို့မျှအရေးယူ တိုင်တန်းထားခြင်းမရှိကြောင်းလည်းသိရသည်။

သတင်း- ThanLarWaddy Times.

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>