Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

၄၃၆ ပြင်ဆင်ရေး လက်မှတ် ၅သန်း လွှတ်တော်အပေါ် သက်ရောက်မှုရှိမယ်

$
0
0

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ပြင်ဆင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူထုထောက်ခံမှုလက်မှတ် ၅သန်းရဲ့ရလဒ်ဟာ လွှတ်တော်အတွင်းမှာ ထိုက်သင့်တဲ့အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ သူရဦးရွှေမန်းက သြဂုတ် ၁၁ရက်နေ့က ပြောဆိုလိုက်ပါတယ်။

၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုဟာ ပြည်သူ့လွှတ်တော် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီအပေါ် အကျိုးသက်ရောက်မှု မရှိပေမယ့်လည်း ပြည်သူ့အသံ၊ လွှတ်တော်အသံဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ပြည်သူ့ဆန္ဒကို ဖော်ဆောင်နိုင်တဲ့အတွက် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောပါတယ်။


မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးရဲ့အစမှာ တပ်မတော်အနေနဲ့ ထိုက်သင့်တဲ့ကဏ္ဍကနေ ပါဝင်နေတယ်လို့ သူ့အနေနဲ့ ယူဆထားပြီး တပ်မတော်အနေနဲ့ ပြည်သူ့အကျိုးအတွက် စေတနာပါပါလုပ်ဖို့တော့ အားလုံးတိုက်တွန်းရမှာပဲလို့ နေပြည်တော်က လွှတ်တော်အဆောက်အအုံမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

၂ဝ၁၅လွန်ကာလမှာ သမ္မတဖြစ်ချင်တယ်လို့ တရားဝင်ထုတ်ဖော်ပြောဆိုထားတဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ နာယကလည်းဖြစ်တဲ့ သူရဦးရွှေမန်းဟာ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ညီရင် ဘယ်သူမဆို သမ္မတဖြစ်နိုင်သလို နိုင်ငံနဲ့ နိုင်ငံသားအကျိုးကို အဆောင်ရွက်နိုင်ဆုးဖြစ်တဲ့ သမ္မတဖြစ်ချင်ပါတယ်လို့ ထပ်ပြီးပြောဆိုခဲ့ပါတယ်။


၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးနောက်ပိုင်း စတင်ခဲ့တဲ့ လူမျိုးရေးဘာသာရေးအခြေခံတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ဖို့ အုပ်ချုပ်ရေးပိုင်းမှာသာ တာဝန်ရှိပြီး အဲဒီအုပ်စုဖွဲ့ တိုက်ခိုက်မှုတွေဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အနှောင့်အယှက်ပေးနိုင်တာကြောင့် လွှတ်တော်အနေနဲ့ ပြတ်သားတဲ့မူဝါဒတွေချမှတ်ဖို့ သက်ဆိုင်ရာကို ပြောဆိုထားတယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ သတင်းမီဒီယာတွေရဲ့အခန်းကဏ္ဍ အရေးတာကြောင့် အတင်းအဖျင်းနဲ့ သွားပုတ်လေလွင့်ပြောတဲ့ အမှောင်ထဲက မီဒီယာတစ်ချို့ကြောင့် သိက္ခာရှိတဲ့မီဒီယာတွေလည်း အနှောင့်အယှက်ဖြစ်ရတာဖြစ်ပြီး သိက္ခာရှိတဲ့မီဒီယာတွေက အမှောင်ထဲက မီဒီယာတွေကိုလည်း ဆွဲခေါ်ပါလို့ သူရဦးရွှေမန်းက ပြောဆိုခဲ့ပါတယ်။

Kamayut media

Viewing all articles
Browse latest Browse all 32865

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>