Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မင်းသမ္မတဖြစ်ရင်လည်း-ပုရစ်

$
0
0
မင်းသမ္မတဖြစ်ရင်လည်း..
============

(၁) 

မင်း သမ္မတဖြစ်ရင်လည်း..
အာဏာရှင်အလွန် ဒီမိုကရေစီခေတ်ရဲ့
သမ္မတအနေနဲ့..
နိုင်ငံတကာက..
အထိုက်အလျောက် ကူညီပေးလိမ့်မယ်၊
ဒါမဆန်းဘူးလေ...

မင်း သမ္မတဖြစ်ရင်လည်း..
ဒီမိုကရေစီနိုင်ငံရဲ့ သမ္မတတွေပုံစံမျိုး
ပြည်သူတွေ လက်ခံအောင်..
မနေချင်ပေမဲ့လည်း..နေရမှာပဲ..
ဒါမဆန်းဘူးလေ...

မင်း သမ္မတဖြစ်ရင်လည်း..
သာမန်ဒီမိုကရေစီနိုင်ငံတွေလို
လူထုအသံနားထောင်ပြီး...
လူပ်ပေးသင့်တာလေးတွေကို..
လုပ်ပေးရမှပဲ..
ဒါမဆန်းဘူးလေ..

မင်း သမ္မတဖြစ်ရင်လည်း..
နိုင်ငံတကာကိုသွားရင်..
သမ္မတတစ်ယောက်ရဲ့ အဆင့်နဲ့ညီအောင်တော့
မင်းကို ကြိုဆို ဧည့်ဝတ်ပြုမှာပဲ..
ဒါမဆန်းဘူးလေ..၊

မင်းသာ သမ္မတဖြစ်ရင်လည်း..
နိုင်ငံတကာအလယ်မှာ..
ပြည်တွင်း လက်နက်ကိုင်တိုက်ပွဲတွေဖြစ်နေတဲ့အတွက်..
အနေအထားဆိုးဝါးနေတာကို..
ကြည့်ကောင်းအောင်တော့.
ငြိမ်းချမ်းရေးအလုပ်တွေ လုပ်ပြရမှာပဲ..
ဒါမဆန်းဘူးလေ...

မင်း သမ္မတဖြစ်ရင်လည်း..
ပြုပြင်ပြောင်းလည်းစနိုင်ငံတစ်ခုအတွက်..
နိုင်ငံတကာဆီက ပိုက်ဆံချေးရင်..
စေတနာမှန်တဲ့နိုင်ငံရော....
စေတနာမမှန်တဲ့နိုင်ငံကရော
ချေးမဲ့သူက များမှာပဲ...
သမ္မတတစ်ယောက်က သွားချေးတာပဲကွာ..
မပေးပဲ မနေဘူး...
ဒါ....မဆန်းဘူးလေ...

မင်းသမ္မတဖြစ်ရင်လည်း..
ပြည်သူနဲ့အစေးကပ်စေဖို့..
နိုင်ငံရေးအကျဉ်းသားတွေလွှတ်တန်လွှတ်၊
အခွင့်အလန်းလေးတွေဖန်တီးပေး..
ဒီအလုပ်လေးတွေကို..မလုပ်မနေ လုပ်ပေးရမှာပဲ..
အာဏာရှုင်ပုံစံမျိုးမှ မင်း နေလို့မရတာပဲကွာ..
ဒါမဆန်းဘူးလေ...၊

--------------------

(၂)

အပေါ်ကအလုပ်တွေဟာ..

ငါသမ္မတ ဖြစ်ရင်လည်း...
လုပ်နိုင်တဲ့အလုပ်..

မင်းသမ္မတဖြစ်ရင်လည်း ...
လုပ်နိုင်တဲ့အလုပ်...

ဟိုကောင် သမ္မတဖြစ်လည်း ..
လုပ်နိုင်တဲ့အလုပ်..

ဒီကောင်သမ္မတဖြစ်လည်း ..
လုပ်နိုင်တဲ့အလုပ်..တွေပဲ

ဒါ့ကြောင့်..
အဲဒီအလုပ်လုပ်နိုင်တဲ့သူမျိုးကို...

အလွန်အကျုးလော်ဘီလုပ်နေစရာမလိုဘူး..

အသေအလဲ ချီးကျုး နေစရာမလိုဘူး..

အသေအလဲ နှစ်သက်နေစရာမလိုဘူး..၊

---------------------

(၃)

ဒီအလုပ်မျိုးကိုလုပ်ပြဖို့..အတွက်..

ကမ္ဘာကလေးစားရတဲ့..
ဒေါ်စုအပါအ၀င်...နိုင်ငံရေးအကျဉ်းသားတွေကို
လွှတ်ပြ ၊ လွှတ်တော်ထဲဝင်ပြထားတာတွေအပြင်..

"သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ "ထဲမှာ..

- ပြည်သူ့ဘဏ္ဍာတွေရှိတယ်..

- တိုင်းပြည်သယံဇာတတွေရှိတယ်..

- လက်နက်ကိုင် တပ်မတော်ရှိတယ်၊

- လုပ်ပိုင်ခွင့်ချပေးနိုင်တဲ့ အာဏာရှိတယ်၊

- ခရိုနီတွေ ရိုက်သတ်မကုန်အောင်ခစားနေတယ်၊

- ပြည်ထောင်စုဝန်ကြီးများစွာအုပ်ချုပ်နေတဲ့..
ပြည်သူ့ဘဏ္ဍာကိုစားနေတဲ့
အစိုးရဌာနတွေ..၀န်ထမ်းတွေရှိတယ်၊

- အဂတိလိုက်စားမှု ( စားခွင် )တွေ ရှိတဲ့..
ရပေါက်ရလမ်း အနေအထားတွေရှိတယ်၊

- လိုအပ်သလို လော်ဘီလုပ်ဖို့အတွက်..
အိပ်ထဲထည့်ထားတဲ့ အစိုးရ နဲ့ ပုဂ္ဂလိက မီဒီယာတွေရှိတယ်..

အဲဒါတွေမင်းမှာရှိနေရက်သားနဲ့...
မင်းပါးစပ်က မလုပ်နိုင်ဘူး...လို့ပြောရင်တောင်..
ငါမယုံဘူး..

အခုသမ္မတလုပ်နေသလို..အနေအထားမျိုးကို..
မင်းလဲ လုပ်ချင်စိတ်ရှိရင်..

ကွေးနေအောင်...က..ပြီးလုပ်လို့ရတယ်..

-----------------------------

(၄)

အေး.....ဒါပေမဲ့..ဆန်းနေတာရှိတယ်

အဲဒီအနေအထားတွေ..အခြေအနေတွေ..
မရှိသေးပဲနဲ့တောင်...

သာမန်လွှတ်တော် အမတ်ဖြစ်ရက်နဲ့တောင်.
အမျိုးသမီးတစ်ယောက်ဖြစ်ရက်နဲ့တောင်..

အရည်အချင်း ၊စိတ်ရှည်သည်းခံမှု 
၊ ရင့်ကျက်မှု ၊ပညာရင့်ကျက်မှု ၊
အမျှော်အမြင်ရှိမှု နဲ့....

စိတ်ဓာတ် ကောင်းတာတွေကို ပေါင်းစပ်ပြီး
ကမ္ဘာ့အသိအမှတ်ပြု ချစ်ခင်လေးစားတဲ့
image ပိုင်ရှင်အဖြစ်...လုပ်ပြသွားသလိုမျိုး..

မင်းလဲ မလုပ်နိုင်ဘူး..
ငါလည်းမလုပ်နိုင်ဘူး..
ဟိုကောင်လည်း မလုပ်နိုငဘူး..
ဒီကောင်လည်း မလုပ်နိုင်ဘူး..၊
ပြည်သူအများစုလည်း မလုပ်နိုင်ဘူး..

-------------------------

(၅)

အဲဒီတော့...

မင်းသဘောပေါက်ရမှာက..

အဲဒီအမယ်အိုလေးရဲ့ 
သမ္မတအရည်အချင်းအမှန်ကို
သိချင်ရင်..

သူမရဲ့ ...
လက်ရှိ အနေအထား ၊ အရည်အချင်း ၊
အမျှော်အမြင်ရှိမှု ၊ အတွေးအခေါ်မြင့်မားမှု..
ကမ္ဘာက လေးစားမှု စတာတွေကို..

ခုနက.....ငါပြောတဲ့..

" သမ္မတရဲ့ လုပ်ပိုင်ခွင့် "...ဆိုတာနဲ့
" မြှောက်" ကည့်လိုက်ကွာ..

အဲဒါအဖြေ အမှန်ပဲ..

ဒါကတော့....တကယ်ကို..ဆန်းသွားပြီလေ..။

သဘောပေါက်လား ?                                               (Payit)


Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>