Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တပ်သိမ်းမြေ ပြန်ရရေး ကန့်ဘလူတောင်သူ ၁၀၀၀ ကျော် ဆန္ဒပြ

$
0
0
တပ်သိမ်းလယ်ယာမြေတွေပြန်ရဖို့နဲ့ ပြန်ရဖို့ကြိုးစားရင်း ဖမ်းဆီးခံရတဲ့ တောင်သူတွေ ပြန်လွှတ်ပေးဖို့အတွက် စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ခင်ဦး၊ ရေဦး ဒေသတွေက တောင်သူ ၁၀၀၀ ကျော် ဒီနေ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ထွန်တုံးတိုက်ပွဲပြုလုပ်လို့ လူဦးရေ ရာနဲ့ချီ တရားစွဲဆိုခံနေရတဲ့ ကန့်ဘလူမြို့မှာ ရေဦး၊ ခင်ဦး မြို့တွေက တောင်သူတွေ ပူးပေါင်းပြီး ဒီနေ့မနက်က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

k1ကန့််ဘလူမြို့နယ်၊ ငှက်ပျောတိုင်းကျေးရွာနေ မမာဆွေက “တပ်သိမ်းလယ်ယာမြေများ အားလုံးကို မူလပိုင်ရှင်များ ပြန်လည်ရရှိရေး၊ တောင်သူလယ်သမားများ ပြန်လည်လွတ်မြောက်ရေး၊ တရားစွဲဆိုခံထားတဲ့ တောင်သူများကို ပြန်လည် ရုပ်သိမ်းပေးရန်၊ စစ်တပ်မှ ဥပဒေမဲ့ သီးနှံများကို ဖျက်ဆီးနေမှုများကို ရပ်တန့်ပေးရေး စတဲ့ အချက် ၅ ချက်နဲ့ ဆန္ဒထုတ်ဖော်တာပါ။ ကျမတို့ မျှော်လင့်တာက ဒီလို ဆန္ဒထုတ်ဖော်တဲ့အတွက် အကုန်လုံးကို အဆင်ပြေစေချင်တာပေါ့ရှင်။ ကျမတို့ သမ္မတကြီးဆီနဲ့ ဌာနဆိုင်ရာတွေကို အသနားခံစာ တင်ထားတာ ဘာတခုမှ လာပြီးဖြေရှင်းမှုက မရှိဘူး” လို့ ပြောပါတယ်။

တပ်သိမ်းမြေတွေ ပြန်ရရေးအတွက် ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့ကြတဲ့ ကန့်ဘလူတောင်သူ ၄၀၀ လောက်ကို တရားစွဲဆိုထားပြီး ၅၀ ကျော်ကို ထောင်ဒဏ်အသီးသီး ချမှတ်ထားတာပါ။

ဒီကနေ့ ဆန္ဒပြပွဲကို လူ ၁ သောင်း ပါဝင်ဆန္ဒပြဖို့ ခွင့်ပြုချက်ရထားပေမယ့် ရာသီဥတုမကောင်းလို့ သွားလာရေး ခက်ခဲပြီး လူဦးရေ ၁၅၀၀ လောက်ပဲ ပါဝင်ခဲ့ပါတယ်။

ဒီနေ့ ဆန္ဒဖော်ထုတ်တာနဲ့ ပတ်သက်ပြီး အထက်မြန်မာပြည် လယ်သမား၊ အလုပ်သမား အရေး ကူညီဆောင်ရွက်ပေးတဲ့ အဖွဲ့ တာဝန်ခံ ဦးကိုကြီးက “လက်ရှိအနေအထားအရတော့ မျှော်လင့်တဲ့အတိုင်းက ဖြစ်မှာလည်းမဟုတ်ဘူး။ ကျနော်တို့ ဒီနေ့တောင်းဆိုထားတာက မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့သူတွေ၊ အဝေးကိုပို့ထားတဲ့ လယ်သမားတွေ အဲဒါတွေ ပြန်လွှတ်ပေးဖို့ ပြီးတော့ လယ်ယာမြေတွေပေါ်မှာ တပ်မတော်က သစ်ပင်တွေကို စက်ကြီးတွေနဲ့ ၀င်ရောက်လုပ်ကိုင်နေတဲ့ဟာတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုတာ။ ရတာက ရမယ်လို့ မထင်ပါဘူးဗျာ။ ဒါတွေဆောင်ရွက်မပေးဘူးဆိုရင် လုပ်လို့ရသလောက်တော့ ဆက်လုပ်သွားမှာပဲပေါ့။ လယ်သမားတွေက ဆက်လုပ်သွားမှာ။” လို့ ပြောပါတယ်။

ဒီပဲယင်းဘက်က တောင်သူတွေလည်း လာရောက်ပူးပေါင်းဖို့ အစီအစဉ်ရှိခဲ့ပေမယ့် အာဏာပိုင်တွေဘက်က တာဆီးတာတွေ ရှိလို့ မလာဖြစ်ဘူးလို့ ကန့်ဘလူ တောင်သူတချို့က ပြောပြပေမယ့် ဒီဗွီဘီက သီးခြား အတည်ပြုချက်တော့ မရပါဘူး။

ကန့်ဘလူမြို့နယ်မှာ လယ်ယာမြေဧက ၁၃ဝဝဝ လောက်ကို ၁၉၉၁ ခုနှစ်တုန်းက စစ်တပ်က သိမ်းယူခဲ့ပြီး လက်ရှိမှာ တပ်မ ၃၃၊ ခမရတပ် ၁၆ နဲ့ ၁၃ က သီးစားတွေကို ထပ်ငှားထားတာ ဖြစ်ပါတယ်။
DVB

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>