Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မပြေလည်နိုင်သေးသော မိကျောင်းကန်မြေယာကိစ္စကို ဖြေရှင်းပေးတော့မည်မဟုတ်ဟု နယ်/လုံဝန်ကြီးပြော

$
0
0
ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀)၊ အမှတ် (၃၁)။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့ နယ်အတွင်းရှိ မိကျောင်းကန်မြေယာ ကိစ္စဖြေရှင်းပေးရန် အစီအစဉ်မရှိ တော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ နယ်စပ်ရေးရာနှင့်လုံခြုံ ရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ရန်ကုန်တိုင်းမ်သို့ ပြောသည်။

မိကျောင်းကန်မြေယာရရှိရန် သပိတ်စခန်းဖွင့်၍ တောင်းဆိုနေမှု များနှင့်ပတ်သက်ပြီး ၄င်းက ''ဘာမှ ကို လုပ်ပေးစရာအကြောင်းမရှိဘူး။သူတို့ကို ခဏခဏရှင်းပေးတာပဲ''ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။
သင်္ဃန်းကျွန်းမိကျောင်းကန်အပိုင်း(၁၊၂၊၃) ပြည်သူ များက သိမ်းဆည်းခံမြေယာပြန်လည်ရရှိရန် တတိယအ ကြိမ်မြောက်သပိတ်စခန်းကို ၂ဝ၁၄ခုနှစ်မတ် ၂၄ရက်မှစ တင်၍ ရန်ကုန်မြို့တော်ခန်းမအရှေ့ မဟာဗန္ဓုလပန်းခြံ ဘေးတွင် သပိတ်စခန်းဖွင့်ခဲ့သည်။ မတ် ၃ဝရက်နှင့် ၃၁ ရက်နံနက်ပိုင်းတွင် မြို့တော်စည်ပင်မှ အင်အားသုံးဖြေရှင်း ခဲ့သည်။ မိကျောင်းကန်သပိတ် ခေါင်းဆောင်များသည် သင်္ကြန်ကာလများတွင် ၄င်းတို့၏မြေယာသိမ်းဆည်းသူ များကို ကျိန်စာတိုက်ပွဲများ ပြုလုပ်ခဲ့ကြသည်၊၊
မိကျောင်းကန်မြေယာ ပြန်လည်ရရှိရေးဆောင်ရွက် သူ မနေနွယ်သန်းက ''ဝန်ကြီးအဖွဲ့ တာဝန်ရှိတဲ့သူတွေက တာဝန်မဲ့တဲ့စကားတော့ မပြောသင့်ဘူး။ ပြည်သူတွေရဲ့ အခက်အခဲတွေကို ပြေလည်အောင်ဖြေရှင်းပေး ရမှာလေ။ သူတို့ကပြည်သူ့ဝန်ထမ်းတွေလေ ကျွန်မတို့ကတော့ အောင် မြင်အောင် ကြိုးစားရမှာပဲဟု''ပြောသည်၊၊

မိကျောင်းကန်မြေယာပြဿနာဖြေရှင်းရန် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီးဗိုလ်မှူးကြီးတင်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းညွန့်နှင့် သပိတ်ဦးဆောင်သူဦးစိန်သန်းအပါ အဝင် ရန်ကုန်မြို့တော် တပ်စည်ပင်မှတာဝန်ရှိသူများနှင့် ရန်ကုန်မြို့တော်ခန်းမ၌ တွေဆုံဆွေးနွေးမှု များ ပြုလုပ်ခဲ့ ကြသည်။ ထိုသို့တွေ့ဆုံမှုများကို သပိတ်စခန်းဖွင့်သူများ က ၄င်းတို့၏မြေယာရရှိရေးကို ဦးစားပေးတောင်းဆိုမှု များကြောင့် ၄င်းတို့ ဆွေးနွေးမှုပျက်ပြယ်သွားခဲ့ရသည်။
သပိတ်စခန်းဦးဆောင်သူ ဦးစိန်သန်းကို ပန်းဘဲတန်း၊ ဗဟန်း၊ ကျောက်တံတား၊ လသာမြို့နယ်များတွင် ပုဒ်မ၁၈ ဖြင့်လည်းကောင်း စည်ပင်ဥပဒေ ၆၈ ဖြင့်လည်းကောင်း တရားစွဲဆိုထားခြင်းကို ခံထားရလျက်ရှိသည်၊၊

Yangon Media Group

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>