တိုင်းပြည်က မွဲတယ်။ အစိုးရနဲ့ ဥပဒေ အထက်က သူခိုးများက ချမ်းသာတယ်။ နိုင်ငံသားတွေ ငတ်တယ်။ ပြည်ပထွက် ကျွန်ခံကြရတယ်။ ဒါကို သံရုံးဆိုတဲ့ အခွင့်ထူးခံတွေက ကိုယ့်နိုင်ငံသားတွေ အခက်ကြုံနေချိန်မှာ လစ်လျူရှုထားတတ်ကြတယ်။ ဒါကြောင့် နိုင်ငံခြား သံရုံးတွေကို ၀န်ထမ်း အဖြစ် ပို့မယ်ဆိုရင် မျိုးချစ်စိတ်ကင်းမဲ့သောသူ၊ တကိုယ်ကောင်းသမား၊ ဖက်ဆစ် အလိုတော်ရိ စိတ်ဓါတ်၊ တာဝန်မဲ့စိတ်ဓါတ် ရှိသူတွေကို မပို့သင့် သလို ယနေ့ အစိုးရ ကိုယ်တိုင်လည်း ပြည်ပပို့ကုန် အဖြစ် အိမ်ဖေါ်နဲ့ အထွေထွေ လုပ်သား နိုင်ငံခြားသား ကျွန် မြန်မာတွေ အဖြစ် သိန်းသန်းချီပြီး ဖြစ်ပေါ်နေတာကို အပြင်းအထန် ရှက်တတ်ပြီး ရုန်းထွက် လွန်မြောက်အောင် ကြိုးစားသင့်ပြီလို့ သုံးသပ်ပါတယ်။
ပြည်သူ့ ဘက်တော်သား
နေမျိုးဇင်
ပြည်သူ့ ဘက်တော်သား
နေမျိုးဇင်