Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာနိုင်ငံ၏ လက်ရှိတရားစီရင်ရေး၊ဥပဒေစိုးမိုးရေးယိမ်းယိုင်နေမှုများ ကို ထောက်ပြမည့် ဒေါ်အောင်ဆန်းစုကြည်၏ ကော်မတီအစီရင်ခံစာ အားလာမည့်လွှတ်တော်တွင် တင်သွင်းမည်

$
0
0
မြန်မာနိုင်ငံ၏ လက်ရှိတရားစီရင်ရေး၊ ဥပဒေစိုးမိုးရေး ယိမ်းယိုင်နေမှုများကို ထောက်ပြမည့် ဒေါ်အောင်ဆန်းစုကြည်၏ ကော်မတီအစီရင်ခံစာအား လာမည့်လွှတ်တော်တွင် တင်သွင်းမည်ဟု သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက လက်ရှိမြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု အားနည်းနေသော ကဏ္ဍအသီးသီးအတွက် ပြုပြင်ပြောင်းလဲသင့်သည့် အချက်များ ပါဝင်မည့် အစီရင်ခံစာကို တင်သွင်းမည်ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ဩဂုတ် ၁၃ ရက်တွင် ပြောကြားသည်။

“ကျွန်တော်တို့ကော်မတီရဲ့ အစီရင်ခံစာကို လာမယ့်လွှတ်တော်မှာ တင်သွင်းနိုင်ဖို့ ပြင်ဆင်နေပါတယ်။ အစီရင်ခံစာမှာ လက်ရှိမြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍ စတဲ့ကဏ္ဍအသီးသီးမှာ တရားဥပဒေစိုးမိုးရေး လျော့နည်းပုံတွေ၊ လျော့နည်းရတဲ့ အကြောင်းရင်းတွေ၊ ပြုပြင်သင့်တဲ့ အကြောင်းအရာတွေကို ထည့်သွင်းတင်ပြသွားဖို့ ရှိပါတယ်။ လက်ရှိအချိန်အထိတော့ ကော်မတီဝင်တွေကို ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ချပြထားခြင်းမရှိသေးပါဘူး။ အခုလာမယ့် လွှတ်တော်အစည်းအဝေး ကာလမှာ ကော်မတီအစည်းအဝေးခေါ်ယူပြီး ကော်မတီဝင်တွေကို ချပြမယ်။ သူတို့တွေအားလုံး လက်ခံအတည်ပြုရင် လွှတ်တော်တင်မယ်” ဟု ဦးဝင်းမြင့်က ပြောကြားသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဝင် ဒေါ်ခင်စောဝေက “ကျွန်မတို့ ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်ကတော့ အစီရင်ခံစာအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။ ပြီးတော့ ဒီအစီရင်ခံစာအတွက် EU ကအဖွဲ့တွေနဲ့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ လောလောဆယ်တော့ ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ဘာမှမသိရသေးပါဘူး” ဟု ပြောကြားသည်။

လာမည့် (၁၁) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများ စက်တင်ဘာ ၁၅ ရက် တွင် ပြန်လည်စတင်ဖွယ်ရှိသည်။

၂ဝ၁၃ ခုနှစ် ဩဂုတ် ၁၂ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ အစီရင်ခံစာတွင် “ဥပဒေ အချို့၏ အားနည်းချက်များကြောင့် အများပြည်သူ နစ်နာမှုရှိခြင်း၊ ပြည်သူ့ရဲအရာရှိများ အနေဖြင့် လူသတ်မှု၊ ထောင်ဖောက်ထွင်းမှုများအား မှန်ကန်မြန်ဆန်စွာ မဖော်ထုတ်နိုင်ခြင်း၊ တရားခံကို တိတိကျကျမဖော်ထုတ်နိုင်ခြင်း၊ တရားရုံးတွင် အမှုလိုက်ပါဆောင်ရွက်ကြသော ဥပဒေအရာရှိများ၊ ရှေ့နေများကလည်း မိမိတို့၏ ကျင့်ဝတ်သိက္ခာစောင့်ထိန်းရန်လိုခြင်း၊ တရားသူကြီးများအနေဖြင့် ယိမ်းယိုင်နေသော တရားရေးမဏ္ဍိုင်ကို ပြန်လည်တည့်မတ်ရန် အဂတိတရားလေးပါး ကင်းစွာဖြင့် လုပ်ရန်လိုခြင်း၊ ဥပဒေကျင့်ထုံး များ၊ လုပ်ထုံးလုပ်နည်းများ၏ ပျော့ကွက်၊ ဟာကွက်ကို အခွင့်ကောင်းယူပြီး လိုရာဆွဲ ဆုံးဖြတ်ခြင်းများမပြုရန် လိုအပ်နေခြင်း၊ အချို့တရားရုံးများသည် အမှုစစ်ဆေးခြင်း၊ စွဲချက်တင်ခြင်း၊ စီရင်ချက်ချခြင်းတို့တွင် ဥပဒေနှင့် မညီခြင်းကဲ့သို့သော အချက်များအပါအဝင် လက်ရှိတရားရေးမဏ္ဍိုင် ယိမ်းယိုင်နေသည့်အချက်များ ပေါ်လွင်နေကြောင်း” ပါရှိသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ အောင်မြင်စေရန်ဆိုပါက အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်မှ ပူးပေါင်းဆောင်ရွက်ရန်လိုပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် ဗဟိုမှပြုပြင်မှုများ၊ ဖြေလျော့မှုများ လမ်းညွှန်ပြောကြား နေသော်လည်း အဆင့်ဆင့်သော အုပ်ချုပ်ရေးပိုင်း အဖွဲ့အစည်းများတွင် ရာစုထက်ဝက်ကျော် စွဲကပ်နေသော အလေ့အကျင့် စရိုက်လက္ခဏာများ၊ အကျင့်ပျက်ခြစားမှုများ၊ မပျောက်မပျက် ရှိနေသေးကြောင်း အစီရင်ခံစာတွင် ပါဝင်သည်။

မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကိစ္စများ ဆောင်ရွက်ရာတွင် ကန့်သတ်ချက်များရှိနေကြောင်း၊ ထို့ကြောင့် ထိထိရောက်ရောက် ပိုမိုဆောင်ရွက်နိုင်ရန် လွှတ်တော်အပြင် အုပ်ချုပ်ရေးပိုင်းမှ ကူညီပံ့ပိုးပေးရန်လိုကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
Eleven media group-

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...