Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဘရာဇီးသမ္မတလောင်း လေယာဉ်ပျက်ကျ သေဆုံး

$
0
0
ဘရာဇီးသမ္မတလောင်း Eduardo Campos ဟာ သြဂုတ် ၁၃ ရက်နေ့ မနက်ပိုင်းက ရွေးကောက်ပွဲမဲဆွယ်ရေးခရီးစဉ်နဲ့ Santos မြို့ကိုအသွား လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့ပါတယ်။

လေယာဉ်ပေါ်ပါသူ တခြားခရီးသည် ၄ ဦးနဲ့ လေယာဉ်မှူး နှစ်ဦးတို့လည်း သေဆုံးခဲ့ပါတယ်။

Rio de Janeiro မြို့ကနေ Santos မြို့ကိုအသွား ရာသီဥတု ဆိုးဝါးမှုကြောင့် Santos မြို့ လူနေအိမ်တွေပေါ် ပျက်ကျခဲ့လို့ နေအိမ် ၁၀ လုံးလည်း ပျက်စီးခဲ့ပြီး လူ ၆ ဦးဒဏ်ရာရခဲ့ကြတယ်လို့ ဘရာဇီးလေတပ်က ဆိုပါတယ်။

လက်ရှိ ဘရာဇီးသမ္မတ Dilma Rousseff က သမ္မတလောင်း Eduardo Campos သေဆုံးခဲ့မှုအတွက် ၀မ်းနည်းဖွယ်အထိမ်းအမှတ်နဲ့ အစိုးရရုံးပိတ်ရက် ၃ ရက် ကြေညာခဲ့ပြီး သူ့ရဲ့မဲဆွယ်ပွဲအစီအစဉ်တွေကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။

အသက် ၄၉ နှစ်ရှိ သမ္မတလောင်း Eduardo Campos ဟာ နိုင်ငံရေးနောက်ခံရှိတဲ့ မိသားစုက ဆင်းသက်လာပြီး နိုင်ငံအနောက်မြောက်ပိုင်းက Pernambuco ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်ခဲ့ပါတယ်။ Campos ရဲ့ မိသားစုဟာ ၁၉၆၄ ကနေ ၁၉၈၅ ထိ အုပ်ချုပ်ခဲ့တဲ့ ဘရာဇီးစစ်အစိုးရကို တောက်လျှောက် ဆန့်ကျင်ခဲ့သူတွေလည်း ဖြစ်ခဲ့ပါတယ်။

လက်ရှိ သူ့ရဲ့ဆိုရှယ်လစ်ပါတီဟာ လာမယ့်အောက်တိုဘာလ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Rousseff ရဲ့ အလုပ်သမားပါတီကို စိန်ခေါ်နိုင်မယ့် ရေပန်းအစားဆုံးပါတီလည်း ဖြစ်နေပါတယ်။

သူသေဆုံးခဲ့တာကြောင့် အောက်တိုဘာလ ဘရာဇီးသမ္မတ ရွေးကောက်ပွဲ အနေအထား လုံးဝပြောင်းလဲသွားတယ်လို့ ဘရာဇီးနိုင်ငံရေးလေ့လာသူတွေက ပြောဆိုကြပါတယ်။

DVB

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>