ရှမ်းပြည်နယ်တောင်ပိုင်း ပေါင်း လောင်းဒေသတွင် သြဂုတ် ၁၀ ရက် အထိ တိုင်းတာချက်အရ ရေမီတာ ၃၄၁ ထိတက်နေပြီး ရွာဟောင်း ၁၂ ရွာခန့် နစ်မြုတ်ကာ လက်ရှိလုပ်ကိုင် နေသော နနွင်းခင်းနှင့် စပါးပင်များ ပျက်စီးသွား သည့်အတွက် အခက်ကြုံ နေရကြောင်း ဒေသခံများထံက သိရ သည်။
ဗမာ၊ ကယန်း၊ ပအိုင့်အစရှိသော တိုင်းရင်းသားများနေထိုင် သည့် ပေါင်း လောင်းဒေသ၌ အစိုးရ၏ဆည်မြောင်း စီမံကိန်းကြောင့် အိမ်ခြေ ၂,၅၂၄ နှင့် လူဦးရေ ၁၀,၀၀၀ ကျော်၊ ယာမြေ ၃၆၀ ဧက၊ စေတီ ၃၀၊ ဇရပ် ၁၂ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၇ ခု ဆုံးရှုံးခဲ့ကြောင်းသိရပြီး လက်ရှိတွင် လုပ်ကိုင် စားသောက်နေသည့် စိုက် ခင်းများ ရေမြုတ်နေပြီး ဆည်မြောင်း တည်ဆောက်ခြင်းကြောင့် ဆက်၍ ရေမြုတ်သွားမည်ဖြစ်သောကြောင့် လုပ်ကိုင်စားနိုင်ရန် အလုပ်နှင့် စိုက် ပျိုးမြေများ အစားပြန် ရလိုကြောင်း ပေါင်းလောင်းဒေသခံတို့ကဆိုသည်။
၎င်းင်းဒေသသည် အစိုးရ၏ နေ ပြည်တော် မီးလင်းရေး အတွက် ပေါင်း လောင်း ဆည်တည်ဆောက်မှုကြောင့် ရွာပေါင်း ၂၃ ရွာမှာ ရေမြုတ်ဧရိယာ တွင်ပါနေပြီး ထိုရွာများသည် ယခင် နှစ်များတွင် တစ်ကြိမ်မျှ ရေကြီးမှု ဖြစ်ပေါ်ခြင်း မရှိကြောင်း၊ ဆည်တည် ဆောက်မှသာ ဖြစ်နေရကြောင်း၊ ယ ခုအချိန် ကျေးရွာ ၁၂ ရွာ ရက်ပေါင်း ၂၀ ၀န်းကျင်ခန့်ကြာထိ ရေနစ်မြုတ် နေကြောင်း ဒေသခံ တို့ကဆိုသည်။
“အခု ကျွန်တော်တို့ရွာဟောင်း က တော်တော်လေးမြုတ်နေပါပြီ။ ရွာသစ် မှာလည်း လုပ်စားစရာမရှိလို့ ရွာဟောင်းပြန်ပြီး နနွင်းခင်းတွေ၊ စပါး တွေပြန် စိုက်တာ ရေတွေတက်တော့ အကုန်မြုတ်ကုန်ပြီ။ ရွာသစ်မှာလည်း အလုပ်လုပ် စရာမရှိလို့ ရေနစ်နေတဲ့ ရွာကိုပဲ ပြန်ကြည့်နေရတယ်။ အရမ်း လည်း စိတ်မကောင်းဖြစ်မိတယ်” ဟု သပြေကုန်းရွာနေ ကိုတင့်ဆွေကဆို သည်။
အစိုးရမှ ဆည်မြောင်းစီမံကိန်း အတွက် အဆိုပါရွာသားများနေထိုင်လျက် ရှိသော ရွာဟောင်းများကိုပြောင်း ရွှေ့စေခဲ့ရာ နေစရာနေရာသာပေး၍ လုပ်ကိုင်စရာ ယာမြေများမရှိခြင်း ကြောင့် ရွာဟောင်းမှမြေများတွင် န နွင်း ခင်းများ၊ စပါးခင်းများ ပြန်စိုက် စားသော်လည်း ရေနစ်မြုတ်နေသည့် အတွက် စိုက်လက်စအခင်များအား ချန်ရစ်ခဲ့ရသည့် အနေအထား ရောက် နေကြ ရကြောင်း၊ ယခုလက်ရှိ ထိန် ပင်ကျေးရွာအုပ်စုနှင့် သပြေကုန်းအုပ် စု ၂ စုတွင် ရွာ ၂၃ ရွာရှိရာ လက် ရှိသပြေကုန်းအုပ်စုတွင် ၁၁ ရွာထိ မြုတ်နေပြီး ထိန်ပင်အုပ်စုအပေါ်ပိုင်း တွင် လိန်းလီတစ်ရွာထိ မြုတ်နေရာ ကျောင်းရွာ သို့ ရေစရောက်နေပြီဖြစ် ကြောင်း ဒေသခံများထံကသိရသည်။
“ရေကို တစ်နေ့ဘယ်အတိုင်းအ ဆထိ တက်လည်းဆိုတာ သိချင်လို့ ၀ါးပင် တစ်တောင်နဲ့တစ်ထွာကို နည်း နည်းစီအမှတ်သားပေးပြီး ခုတ်ထား တာ တစ်နေ့ ကို တစ်တောင်နဲ့တစ် ထွာပေအားဖြင့် နှစ်ပေအထိတက်နေ တယ်” ဟု ဒေသခံတစ်ဦးကပြော သည်။
သတင်း နှင့် ဓါတ်ပုံ - MMK
The Ladies News Journal