၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရအမတ်များအဖွဲ့ အတွင်းရေးမှူး ဦးဒေဗစ်လှမြင့်နဲ့ မေးမြန်းချက်
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များဦးဆောင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အသစ်ရေးဆွဲ ရေးကို အခုလအတွင်းစတင်ဆောင်ရွက်မှာဖြစ်ပြီး၊ ၆ လအ တွင်း ပြီးစီးအောင်ရေးဆွဲမယ်လို့ ၁၉၉ဝ ရွေးကောက် ပွဲအနိုင်ရ အမတ်များအဖွဲ့က RFA ကို ပြောပါတယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအသစ်ရေးဆွဲရေးကော်မတီကို အဖွဲ့ဝင် ၇၅ ဦးနဲ့ ဖွဲ့စည်းမှာဖြစ်ပါတယ်။ အဲဒီ အဖွဲ့မှာ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲအနိုင်ရ အမတ် ၂၅ ဦး ပါဝင် မှာဖြစ်ပြီး၊ ကျန်အဖွဲ့ဝင် ၅ဝ မှာ တိုင်းရင်းသားအ ဖွဲ့တွေ၊ လူမူရေးအဖွဲ့တွေက ပုဂ္ဂိုလ်တွေ၊ အများပြည် သူလေးစားတဲ့ပုဂ္ဂိုလ်တွေနဲ့ ဥပဒေပညာရှင်တွေ ပါဝင် မယ်လို့ သိရပါတယ်။
အခုအချိန်မှာ ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပုဒ်မ ၄၃၆ ပြင်ဆင်ရေး အရှိန်အဟုန် ကောင်းနေပေမဲ့ ၊ အစိုးရအနေနဲ့ လူုထုလိုလားတဲ့ ပြင်ဆင်မူတွေကို လုပ်ပေးနိုင်မယ် မထင်ဘူး လို့ ၉ဝ ရွေးကောက်ပွဲအနိုင်ရ အမတ်များအဖွဲ့ အတွင်းရေးမှူး ဦးဒေဗစ်လှမြင့် က ပြောပါတယ်။
"၄၃၆ ပြင်ဆင်ရေးရဲ့ လုပ်ပိုင်ခွင့်အားလုံးဟာ လက်ရှိအစိုးရလက်ထဲမှာပဲရှိတယ်ဗျ အဲ့ဒီတော့ဒီ ၄၃၆ ကိုပြင်ဖို့ဆိုတာကို ကျနော်တို့က လက်ရှိဒီမိုကရေစီအင်အားစုတွေလိုချင်တဲ့ အခြေအနေမျိုးပေါ့နော် အထိကိုပြင်ပေးမယ်လို့တော့ ကျနော်တို့က မယုံကြည်ပါဘူးဗျ နောက်တစ်ခုကလည်း ဒီ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေဟာ အခြေခံ မူ ၆ ချက်နဲ့ စလာကတည်းက ကျနော်တို့ စစ်တပ်က ချုပ်ကိုင်ထားတဲ့ ဥပဒေ ဖြစ်တဲ့အတွက် ဒီဥပဒေမျိုးကိုပြန်ပြီးတော့ ရေးဆွဲချင်တာဟာ ပြည်သူ့ကို အကာအကွယ်ပေးနိုင် မယ် ဥပဒေ ဖြစ်လာမယ်လို့ မထင်လို့ပါ"
အခုရေးဆွဲမယ့် ဖွဲ့စည်းပုံဟာ ဖယ်ဒရယ်ဒီမိုကရက်တစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပြီး ပင်လုံစာချုပ်ပါ အချက်တွေ၊ အရင်က တိုင်းရင်းသားအဖွဲ့တွေရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံနဲ့ တခြားအဖွဲ့တွေ ရေးဆွဲထားတဲ့ အချက်တွေကို အခြေခံပြီး ပြန်လည်ရေးဆွဲမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရေးဆွဲရေးအဖွဲ့ကို အခုလအတွင်း ဖွဲ့စည်းမှာဖြစ်ပြီး၊ ၆ လအတွင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ အသစ်ကို ရေးဆွဲမှာဖြစ်ပြီး ရေးဆွဲပြီးတဲ့ ဥပဒေမူကြမ်းကို ပြည်သူကို ချပြမှာဖြစ်တယ်လို့ သိရပါတယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ် ရေးဆွဲရေး လှုပ်ရှားမူနဲ့ပတ်သက်ပြီး ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရအမတ်များအဖွဲ့ အတွင်းရေးမှူး ဦးဒေဗစ်လှမြင့်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ ပါတယ်။
RFA