Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်အား လွှတ်တော်သို့တင်သွင်းမည်

$
0
0
သင်္ကန်းကျွန်းမြို့နယ်၊ ဓမ္မပီယကျောင်းတွင် ပြုလုပ်ခဲ့သော နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ခြင်းအလုပ်ရုံဆွေးနွေးပွဲမှ နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက်အား လွှတ်တော်သို့တင်သွင်းမည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှသိရသည်။

လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအားလုံးပါဝင်သည့် နိုင်ငံသားအခွင့်အရေးတို့အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ပါဝင်ခြင်း၊ ဆက်စပ်ပတ်သတ်ခြင်းတို့ကြောင့် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ်ခံရသူများအားလုံးအား နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်းသိရသည်။

အမျိုးသားထောက်လှမ်းရေးများနှင့် စစ်အာဏာရှင်ဟောင်းဦးနေဝင်း မိသားစုများမှာ နိုင်ငံရေးအကျဉ်းသားတွင်မပါဝင်ကြောင်း ထိုသတင်းစာရှင်းလင်းပွဲက ဆိုသည်။

ယခင်က အမျိုးသားထောက်လှမ်းရေးနှင့်ဆိုင်သော ကိစ္စများနှင့် ဦးနေဝင်းမိသားစု ကိစ္စများမှာ နိုင်ငံရေးအကျဉ်းဖြစ်သလားဟု ဝိရောဓိဖြစ်စရာများဖြစ်ခဲ့ပြီး ယနေ့ချမှတ်လိုက်သောစံဖြင့် ဘယ်လိုမှ အကျုံးမဝင်ကြောင်းနှင့် “မိမိကိစ္စ၊ မိသားစုတစ်စုကိစ္စ၊ မိမိအာဏာရရေးကိစ္စနဲ့တော့ နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုရမယ်ဆိုရင် ဒါဟာ ကျွန်တော်တို့ မဖြစ်သင့်ဘူးလို့ ထင်မြင်ကြတဲ့အခါမှာ ဒီနေ့ကျတော့ အခိုင်အမာပြောလိုက်ကြပါတယ်” ဗမာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကိုနန္ဒစစ်အောင်က ပြောသည်။

ပေါက်မြို့နယ်အတွင်းက ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းဖော်ပြခဲ့သောကြောင့် ထောင်ဒဏ် (၁၀)နှစ်ကျခံခဲ့ရသော ယူနတီဂျာနယ်အလုပ်အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးမှာ ယနေ့ထုတ်ပြန်လိုက်သော နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက်တွင် အကျုံးဝင်ကြောင်းသိရသည်။

ထို အဓိပ္ပာယ်ဖွင့်ဆိုချက်အား လွှတ်တော်သို့တင်ပြရာတွင် ထောက်ခံမည့်သူတစ်ယောက်လိုအပ်ကြောင်း၊ အုပ်ချုပ်ရေးအပိုင်းမှလည်း တင်ပြသည့်ကိစ္စနဲ့ပတ်သက်ပြီး ပြုလုပ်နေပါတယ်ဟု ဖြေရှင်းသည့်အခါတွင် အချေအတင်ပြောရကြောင်းနှင့် “တရားဝင်တင်တဲ့အခါမှာ ကိုယ့်အဆိုအောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာ အန်တီတို့ ကြိုးစားမှုအပေါ်မူတည်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ ဒီအချိန်မှာ တကယ်လည်း လိုအပ်နေပြီဖြစ်တဲ့အတွက် ယုံကြည်စွာနဲ့ပဲ လုပ်ထုံးလုပ်နည်းအရတင်သွားမယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ ဒေါ်မေဝင်းမြင့်က ပြောသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတွင် အေအေပီပီ၏ စာရင်းအရလွတ်မြောက်ခြင်းမရှိသေးသော နိုင်ငံရေးအကျဉ်းသား ၇၇ဦး ကျန်ရှိနေသေးကြောင်းသိရသည်။

သော်ဇင်စိုး
မြန်မာ့ခောတ် News agency

Viewing all articles
Browse latest Browse all 32865

Trending Articles


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


စနေမင်း နှင့် တနင်္ဂနွေမင်း


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်


အိမ်တွင်း နတ်အတွက် အိမ်တွင်း အုန်း ထားသင့် မထားသင့်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


♪ ဂစ်တာတီးခတ်နည်းစာအုပ်များစုစည်းမှု (မြန်မာလိုစာအုပ်များ) ♫


မြန်မာညစ်ညမ်းဗီဒီယို ထုတ်လုပ်မှု ရဲတပ်ဖွဲ့ စတင်စုံစမ်းစစ်ဆေး


“ရွှေဒင်္ဂါးပြား ရှုံးသွားသလား မြတ်သလား”


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အမျိုးကောင်း သမီးတွေ ဖြစ်ကြစေဖို့


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


အကြောတစ်ထောင်ရွက်


နာမည်ကြီးနေတဲ့ ဆယ်လီတက္ကသိုလ်ကျောင်းသူ အချောလေးများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>