Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လိုက်ဘေးရီးယား မှာ အီဘိုလာ လူနာတွေ ထွက်ပြေး၊ ပျောက်ဆုံးနေ

$
0
0
လိုက်ဘေးရီးယားနိုင်ငံ ရှိ အီဘိုလာ ကုသရေး စခန်းတစ်ခု ကို တနင်္ဂနွေနေ့က လူငယ်အချို့က ၀င်ရောက်တိုက်ခိုက်ခဲ့ကြလို့ အီဘိုလာကူးစက်ခံထားရသူ လူနာ ၁၇ ဦး ထွက်ပြေးလွတ်မြောက်သွားကာ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

တုတ်တွေကိုင်ဆောင်ထားတဲ့ လူငယ်တွေက သမ္မတ အယ်လင်ဂျွန်ဆင်ဆာလိဖ် ကိုလည်း စော်ကားတဲ့စကားတွေသုံးအော်ဟစ်ခဲ့ကြပြီး သည်နေရာမှာ အီဘိုလာ ဆိုတာ မရှိဘူးလို့ ကြွေးကြော်ခဲ့ကြတယ်လို့ မျက်မြင်သက်သေတစ်ဦးကပြောပါတယ်။

` သူတို့က တံခါးတွေကို ရိုက်ချိုးပြီး စခန်းကို ၀င်လုကြတယ်။ လူနာတွေ အကုန်လုံး ထွက်ပြေးကုန်ကြပြီ ´
ယင်းစခန်းရှိ ဆေးဝါးတွေ၊ အိပ်ရာခင်းတွေ လုယက်ခံခဲ့ရတယ်လို့ ကျန်းမာရေး ဌာနအရာရှိတစ်ဦးကလည်းပြောပါတယ်။ ယင်းစင်တာမှာ လူနာ ၂၉ ဦးလက်ခံထား ခဲ့ပြီး လွန်ခဲ့တဲ့ ၄ရက်က ၉ ဦးသေဆုံးခဲ့ကာ ၃ဦးကို ဆွေမျိုးတွေက အတင်းပြန်ခေါ် သွားတာကြောင်း လူနာ ၁၇ ဦးကျန်ရှိနေတာဖြစ်ပါတယ်။

အီဘိုလာဗိုင်းရပ်စ်ကို အနောက်နိုင်ငံတွေက တီထွင်ထားတာ၊ လုပ်ဇာတ်ဖန်တီး ထားတာဆိုတဲ့ ကောလာဟလတွေကြောင့် ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ရောဂါအပြင် လူထုရဲ့ မယုံကြည်မှုပြသနာတွေကိုပါ ရင်ဆိုင်နေကြရပါတယ်။

ဘာသာပြန်သူ - ယွန်းစန္ဒီနန်းမွန်
Ref: AFP
Kumudra

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>