Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အာဖရိက က ပြန်လာသူ အီဘိုလာ ဟုတ်မဟုတ် စစ်ဆေးနေဆဲဟုဆို။။။။။

$
0
0


အာဖရိကအနောက်ပိုင်းဒေသ Guinea နိုင်ငံနှင့် Liberia နိုင်ငံများတွင် အလုပ်သွားရောက်လုပ်ကိုင်ပြီး မြန်မာနိုင်ငံသို့ ၁၉.၈.၂၀၁၄ ရက်နေ့က ပြန်လာသူ အသက်(၂၂)နှစ်အရွယ် အမျိုးသားတစ်ဦး ကိုယ်လက်မအီမသာဖြစ်သည့် ရောဂါလက္ခဏာများ ခံစားနေရကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ကျန်းမာရေးဝန်ကြီးဌာန ၊ရောဂါစောင့်ကြပ်ကြည့်ရှုရေးအဖွဲ့က စစ်ဆေးတွေ့ရှိသည့်အ တွက် မြောက်ဏက္ကလာပ ဆေးရုံ ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကာ လိုအပ်သော ဆေးကုသခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌါနက သိရသည်။

ကိုယ်လက်မအီမသာ ဖြစ်နေသော လူနာနှင့်အတူ လူနာအား ပြုစုကုသလိုက်ပါပို့ဆောင်သူ (၄)ဦးတို့ကိုလည်း အဆိုပါအထူးကုဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသော ညွှန်းပို့ဓာတ်ခွဲခန်း (Reference Laboratory) သို့ ပေးပို့ စစ်ဆေးလျက်ရှိကြောင်း အဆိုပါဌါန တာဝန်ရှိသူကပြောသည်။

ယခုအခါ အဆိုပါ လူနာကို အထူးကြပ်မတ်မှုများနှင့် စောင့်ရှောက်ကု သနေပြီးကူးစက်မြန်အီဘိုလာဗိုင်းရပ်စ်ရောဂါ ဟုတ်မဟုတ် မသိရသေးဟု ယင်းက ဆိုသည်။

မေငယ်
News watch

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>